Sunday 15 May 2011

ကမ္ဘာတခု

Posted by MG at 16:44 0 comments
ထာဝရချစ်ပြီး
တသက်မခွဲ
တူနေကြမယ်.

နားလည်မှု့ တွေနဲ့ 
ပေးကာဆပ်လို့ 
ပျော်ရွင်မှု့ ပေါင်း
သရဖူဆောင်း
နှစ်ယောက်ကမ္ဘာ
တည်ဆောက်ကြမယ်.

မောင်

ချစ်သူ

Posted by MG at 16:41 0 comments
အရမ်းချစ်ပြီး
အရမ်းနားလည်
အရမ်းသိတတ်
ချစ်သူလေးကို
နေ့ တိုင်း မေ့မရ
သတိတရနဲ့ 
ချစ်နေမြဲ

ချစ်စရာ့ အသံ
ပျားရည်ချိုသွေး
မောင့်ရင်ထဲမှာ
အားတွေဖြစ်လို့ 
နက်ဖြန်ဆိုတာကို
လန်းဆန်းမှု့ တွေနဲ့ 
ပေးစေတယ်.

မောင်

ကျယ်ဝန်း လွင်ပြင်

Posted by MG at 16:39 0 comments
ကျယ်ဝန်းလှတဲ့
မိုးကောင်းကင်အောက်
တမိုးအောက်လို့
ကြွေးကြော်မိတယ်.

နက်ရှိုင်းကျယ်ပြန့် 
သမုဒ္ဒရာ လွင်ပြင်အောက်
ငါးကလေးတွေ
လိုရာကိုသွားလာ
လှုပ်ရှားလှပနေ
စာရေးသူကို
ဆုတောင်းပေးစေလို့ 
ငါးကလေးတွေ
ပျော်မြူးသလို
ချစ်နဲ့ အမြန်တွေ့ စေရယ်လို့ 

မောင်

မိုး

Posted by MG at 16:37 0 comments
မိုးစက်ကလေးရယ်.
လွမ်းနေမှု့ ကို
သက်ဝင်လှုပ်ရှား
နိုးကြားစေဖို့ 
တမင်တကာများ
အချက်ပြလေးသလား
လေယူရာယိမ်းတဲ့
ပင်စိမ်းပျို သစ်ရွက်ကလေး
မိုးစက်ကလေးတွေအောက်
ပျော်နေလိုက်တာ
လွမ်းနေသူကို
ပိုလွမ်းစေလို
ပရိယာယ်များ
ဖန်တီးလေသလား.

မောင်

ချစ်ကြားစေ.

Posted by MG at 16:34 0 comments
တေးသွားလေးနဲ့ 
ဆိုတဲ့ သီချင်းသံ
ချစ်ကြားစေ.
တီးခတ်သံစဉ်
ဂစ်တာလေးနဲ့ 
ဖော်မဲ့ အလွမ်း
သံစဉ်းလှိုင်းကို
လေညှင်းကလေး
ချစ်နားအရောက်
အောင်သွယ်ပေးပါ.
ချစ်ကြားစေ.

မောင်

KISS

Posted by MG at 16:29 0 comments
ပွင့်ဖြတ်လွှာ အလား
လွင့်လူးလှုပ်ရှား
မနှုတ်ခမ်းလေး
ကြည့်ချိန်တိုင်းဝယ်
ရင်မှာခုန်လို့ 
အနမ်းတပွင့်
kiss နာမတွင်လို့ 
ပေးနေချင်တယ်.

မောင်

အနမ်းတပွင့် ပန်းဖြစ်စေ

Posted by MG at 16:27 0 comments
သတိရတိုင်း
ချစ်သူ နှုတ်ခမ်းလေးကို
တခါနမ်းမယ်ဆိုတောင်
အနမ်းတွေဆင့်
ပန်းတွေပွင့်လို့ 
ငှက်ကလေးတွေတောင်
တေးဆိုသွားမယ်.

မောင်

ချစ်ပုံရိပ်.

Posted by MG at 16:26 0 comments
မျက်လုံးမှိတ်တိုင်း.
ရေပြင်မှာ ရုပ်ထင်သလို
ပေါ်လာတဲ့
ချစ်မျက်နှာလေး
ပျောက်ကွယ်မှာ.
စိုးရိမ်မိ
စိတ်တွေလှုပ်ရှား
ညတွေများ
ဖြစ်သန်းရတာ
များလှပြီ

ပျောက်ကွယ် မသွားစေ
ဆန္ဒလေးနဲ့ 
မျက်လုံးကိုမှိတ်
အိပ်သွားတဲ့ထိ
အိပ်မက်ထဲမှာ
ထပ်ခါပေါ်လာ
ချစ်မျက်နှာ.

မောင်

ချစ်မယ်.

Posted by MG at 15:39 0 comments
နားလည်မှု့ တွေနဲ့ 
ရှေ့ ဆက်ကာ
ဆက်ချစ်မယ်..

ဝေးကွာခြင်းကို
အဖော်ပြုကာ
လွမ်းနေမယ်.

ပြန်ဆုံတဲ့ခါ
တူတူနေမယ်.
ထာဝရ..

မောင်

အရမ်းချစ်တယ်.

Posted by MG at 15:32 0 comments
ချစ်တယ်.
ဘယ်သူ့ ကိုမှ ဘယ်နေရာမှာ
မချစ်ဖူးတဲ့ အချစ်နဲ့ .
ချစ်ဝင်ကြည့်မယ်ဆို
ရင်ကိုခွဲပေးမယ်.
ရင်ခွင်မှာမှေးစက်မယ်ဆို
တသက်လုံးပွေ့ ဖက်ထားမယ်.
အနမ်းပေါင်း 1500 နဲ့ 
တသက်လုံးပေါ့.

မမေးနဲ့ 
ဘယ်လောက်ချစ်လဲ.
နှိုင်းယှဉ်မဲ့တဲ့
အနှိုင်းမဲ့ အချစ်နဲ့ .
ချစ်ကိုမောင်
အရမ်းချစ်တယ်..


မောင်

အရမ်းချစ်တယ်..

Posted by MG at 14:55 0 comments
ချစ်တယ်.
ဘယ်သူ့ကိုမှ ဘယ်နေရာမှာ
မချစ်ဖူးတဲ့ အချစ်နဲ့ .
ချစ်ဝင်ကြည့်မယ်ဆို
ရင်ကိုခွဲပေးမယ်.
ရင်ခွင်မှာ မှေးစက်မယ်ဆို

ချစ်နဲ့ တွေ့ ရင်

Posted by MG at 14:53 0 comments
ချစ်မျက်နှာကို မြင်ရင်
မောင်နှလုံးသားလေးမှာ
ပန်းတွေဝေဆာ ပွင့်လန်း
ချစ်အပြုံးလေးကိုတွေ့ ရင်
ဖြတ်သန်းရတဲ့ နေ့ တနေ့ ဟာ
စိမ်းလန်းမှု့ တွေနဲ့ 
ချစ်အသံလေးကိုကြားရင်
မနက်ဖြန်ဆိုတဲ့ 
နေ့ တနေ့ ကို
မျှော်လင့်မိတယ်.


မောင်

ချစ်..

Posted by MG at 14:52 0 comments
ချစ်တယ် .ချစ်တယ်..
အရမ်း..အရမ်း.
ထာဝရ ..ထာဝရ
မြင်ရကြားရ
ကြားလေးသမျှ
ရိုးအိမရှိ
စိမ်းလန်းမှု့ နဲ့ 
ရှင်သန်နေမြဲ

တူညီအချစ်
တသက်မခွဲ
ချစ်စတမ်းရယ်လို့ 
သစ္စာစကား
ဒီနေရာမှာ
ပြောလိုက်ပါရ...

မောင်

ဆုတောင်း

Posted by MG at 14:50 0 comments
ချစ်
ကြားစကား
မယုံနိုင်အောင်
လွှမ်းခဲ့ရတဲ့
ညနေခင်းလေး
အမှတ်ရနေ
ဆုတောင်းစကား
" တူတူနေရပါစေ "
18.4.2011 မှာ ဆုတောင်း
တူတူလက်မိုး
ရှိခိုးလျှက်.......

မျှော်လင့်မထား
ဒီစကား
ကြားရခါဝယ်
နားတွင်မယုံ
ဖြစ်ခဲ့ရလည်း
တကယ်မှန်ကန်
စကားရယ်မို့ 
ပီတိဝေဖြာ
စိတ်တွင်းနှလုံး
ရွှင်လန်းလျှက်..

မောင်..

ဖော်မဲ့

Posted by MG at 14:47 0 comments
တိတ်ဆိတ်တဲ့
ညလေးတည
လူသူကင်းမဲ့
လင်းထိန်တဲ့
မီးတိုင်တွေကြား
ရွေ့ လျားသွားလာ
ပိုးစုန်းကြူးငယ်
ဖော်မဲ့နေရှာ
ငါ့ဘဝလည်း
ပိုးစုန်းကြူးငယ်
နှိုင်းယှဉ်ရင်ကား
မခြားနားလှ
ချစ်တဲ့သူကို
အဝေးကလွမ်း
ဖော်မဲ့နေရှာ..


မောင်

သတိရခြင်း

Posted by MG at 14:46 0 comments
ညတညရယ်
ကျော်ဖြတ်ဖို့ 
လွမ်းတာလေးကို
ဖြတ်သန်းရတယ်...

အချိန်တွေရယ်.
ကုန်လွန်ဖို့ 
သတိရခြင်းဆိုတာကို
ဖြတ်သန်းရတယ်....

ချစ်ရယ်.
မောင့်အတွက်တော့
နှလုံးသားတခုလုံးမှာ
အလွမ်းတွေနဲ့ 
ပြည့်သိပ်နေပေမဲ့
ချစ်မဝဘူးကွယ်...

မောင်..
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting