Saturday 16 June 2012

Notes

Posted by MG at 23:02 0 comments
ကျန်းမာရေးကို အထူး ဂရုစိုက်ပါ ချစ်..

                                ချစ် ကျန်းမာနေရင် ဘယ်အရာကို မဆို ချစ်လုပ်နိုင်ပါတယ်.

ရယ်ရွယ်တဲ့ ပန်းတိုင်ကိုလည်း တနေ့ ရောက်မှာ မုချမလွဲပါဘူး.......

                                         ကျန်းမာပါစေ...ချစ်..

                                                                                                   မောင်.....

၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 23:00 0 comments
တဆတ်ဆတ်နာ နှလုံးသားကြားက ပေါက်ကွဲသံစဉ်တွေက ငါ့ကို ထိန်းချုပ်ဖို့ ခက်စေတဲ့ နေ့ တွေကြားမှာ
ရှင်သန်လျှက် ရက်ကလေးတွေကို ကုန်စေတယ်..

ရှင်သန်းမှု့ တိုင်းမှာ ခံစားချက်ရှိတယ်..လူတွေဟာ တနေ့ နဲ့ တနေ့ ဖြတ်သန်းရတဲ့ နေ့ တွေကြားမှာ ငိုမယ် ရယ်မယ်. ဝမ်းနည်းမယ်..မျက်ရည်ကျမယ် အစရှိတဲ့ ရသ ပေါင်း မြောက်များစွာနဲ့ ဖြတ်သန်းကြရတယ်..
မောင်ကိုယ်တိုင်းလည်း တနေ့ တာကို ဖြတ်သန်းတဲ့အခါ ချစ်မရှိတဲ့ ရက်တွေကတော့ ရင်ထဲမှာ ဟာတာတာနဲ့ 
တခုခုကို လိုအပ်နေတယ်..လွမ်းရက်တွေ လွန်ပြီး ချစ်ရက်တွေနဲ့ အနားမှာ အမြဲရှင်သန်းနိုင်ပါစေကွယ်...
မောင်ဆုတောင်းပါတယ်...

                                                                                                                မောင်

၆ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:54 0 comments
တွေ့ နေရတဲ့ ရက်ကလေးတွေ ဆုံးရုံးသွားမှာကို မောင်ကြောက်နေမိတယ်...
အလွမ်းရယ်..လွမ်းချင်သလောက် လွမ်းခွင့်ငါ့ကို ပေးပါ.
ငါတောင်းဆိုချင်တာက ဝေးသွားအောင် မလုပ်ပစ်လိုက်စမ်းပါနဲ့ ...

ငါ့မှာ အပြစ်ရှိရင်တောင်မှ လွမ်းရ ဆွေးရ တမ်းတခြင်းဆိုတဲ့ အရာတွေကို ထပ်တိုးပြီး ငါ့ကို ခံစားခွင့်ပေးပါ.
ငါကျေနပ်စွာ ခံယူပါ့မယ်..အဝေးသို့ ထာဝရ လွမ်းရတဲ့ အဖြစ်ကလေးကိုတော့ မင်းလေး မဖန်တီးပါနဲ့ လို့ 
ငါ တောင်းပန်ပါရစေ..

                                                                                                မောင်

၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:47 0 comments
ခံစားမှု့ သက်သက်သာဆို ချစ်ကိုမောင် မချစ်ပါဘူး..တသက်လုံးအတွက် ရည်ရွယ်ထားခဲ့တာမို့ 
ချစ်ကိုမောင် နင့်နေအောင် ချစ်ပြီး ပုံအောပြီးလည်း ယုံခဲ့တာပါ
နင့်နေအောင် ချစ်ပြီးပုံအောင်ပြီး ယုံတယ်ဆိုတာက. ချစ်ကိုမောင် သံသယဆိုတဲ့ အရာနဲ့ ဝေးအောင် အမြဲတမ်း ဖြည့်ပြီး ကြည့်ဖြစ်တယ်..သံသယကတော့ မထားဖြစ်တာ ကောင်းပါတယ်.မကောင်းတဲ့လူက မကောင်းတဲ့လူနဲ့ ပဲ အကျိုးပေးတတ်စမြဲပါ..အသွင်တူမှ အိမ်တူဖြစ်တယ်ဆိုတဲ့စကားကလည်း မှန်ကန်တဲ့ စကားတခွန်းရယ်မို့ သံသယ ဘေးကင်းလို့ ထာဝရ ချစ်နိုင်ပါစေလို့ လည်း အမြဲဆုတောင်းမိတယ်..

                                                                                                                   မောင်...

၎ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:44 0 comments
DON'T LEAVE ME ALONE.

UR'S MG.

၃ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:40 0 comments
ချစ်..
လမ်းခရီးတခုမှာ တွေ့ ခဲ့တဲ့ မောင့်ကို မေ့သွားခဲ့ရင်တောင် မောင်နဲ့ တွေ့ ခဲ့တဲ့ အွန်လိုင်းလေးကတော့ အမြဲတမ်း
အသက်ရှင်လျှက် ရှိနေမှာပါ
ယုံကြည်လို့ မရဘူးဆိုတဲ့ ဒီနေရာ အွန်လိုင်းလေးကနေ ချစ်ကြတယ်ဆိုပေမဲ့ 
ချစ်ကိုမောင် အရမ်းချစ်မိသွားတယ်..မတွေ့ ရရင် မနေနိုင်အောင်ကို ဖြစ်တယ်..
သေမယ်ဆိုရင်တောင် သေလို့ ရမှန်း မောင့်ကို မောင်သိတယ်.
ခံစားတတ်သူချင်းပဲ ..နားလည်မှာပါ....

ချစ်နဲ့ မောင် ထပ်မလွဲချင်ပါဘူးကွယ်...
လွဲခြင်းတွေနဲ့ စခဲ့တဲ့ ချစ်ခြင်းဟာ ဆုံခြင်း နဲ့ ဆုံးတဲ့ အရာလေးနဲ့ ပဲ အဆုံးသတ်ချင်တယ်..
အရာရာဟာ မမျှတဘူးဆိုပေမဲ့  ကံကောင်းခြင်းဆိုတာလေးကိုတော့ တကြိမ် တခါ ကြုံဖူးချင်တယ်...
ကံကောင်းခြင်းဆိုတာကိုတော့ လူတိုင်း ဘဝမှာ ကြုံဖူးတတ်ကြစမြဲပါ..
ဒါပေမဲ့ ကျနော့်အတွက်ကတော့ ကံကောင်းခြင်းဆိုတာ ရှိခဲ့တာမှန်ပါတယ်..ကြီးမားတဲ့ ကံကောင်းခြင်းဆိုတာကို ကျနော် သိတဲ့အချိန်မှာ ကျနော် ဒီကံကောင်းခြင်းနဲ့ မလွဲချင်ပါဘူး..ချစ်သူနဲ့ ဒီနေရာလေးမှာ ချစ်နေရတာ တကယ်ရင်မောတယ်ဆိုပေမဲ့
သစ္စာတရားရှိတော့ မောင်ခံသာပါသေးတယ်..ချစ်သူနဲ့ တွေ့ ချင်တဲ့ စိတ် လွမ်းရ ဆွေးရတဲ့ (မီးလို့ ပြော) အခြေနေလေးတွေကနေ ကင်းကွာဖို့  မောင်နဲ့ ချစ်တွေ့ ကြရင် ဘယ်လောက်များ ကောင်းလဲ မလဲကွယ်..
နေ့ စဉ် ရက်ဆက် ဘုရားကတော့ အသိဆုံးပါ...

မောင်

Friday 15 June 2012

၂ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:42 0 comments
အရမ်းချစ်ပေမဲ့ နားလည်မှု့ ရှိမှတဲ့ .
မောင်နဲ့ ချစ်တို့ ရဲ့ ချစ်ခြင်းက နားလည်မှု့ နဲ့ ပြည့်နေတဲ့ ချစ်ခြင်းပါ.ဖြူစင်တဲ့ ရင်ထဲကချစ်ခြင်းတခုပါ.
နှစ်တွေသာ ကုန်သွားတယ်လေ..ခိုင်မြဲတဲ့ ချစ်ခြင်းတခုကို ပိုင်ဆိုင်ထားရတာ တကယ်လည်း တန်ဖိုးကြီးမားပါတယ်.
ချစ်ကို မောင် အရမ်းချစ်တယ်...တန်ဖိုးကြီးတဲ့ အရာတခုကို လူတိုင်း ဆုံးရှုံးရမှာ ကြောက်တတ်ကြပါတယ်.
မောင်လည်း ချစ်ကို ဆုံးရှုံးရမှာကြောက်တယ်..ဘယ်လိုချစ်ခြင်းမျိုးက တန်ဖိုးရှိတယ်လို့ ဘယ်လိုစာရေးဆရာ
တွေပဲပြောပြော ချစ်ကို မောင် ပိုင်ဆိုင်ချင်တယ်...ပိုင်ဆိုင်မှု့ ကင်းတဲ့ ချစ်ခြင်းနဲ့ လွဲရပါစေလို့ ဒီစာနဲ့ အတူ ဆုတောင်းသလို ဘုရားမှာလည်း ထာဝရ တူတူနေရပါစေလို့ နေ့ စဉ်နဲ့ အမျှ ဆုတောင်းလျှက်ပါ..

မောင်.

Thursday 14 June 2012

၁ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:35 0 comments
လူတွေဟာ ကိုယ့်ကို ကိုယ်တော့ အရမ်းချစ်တတ်ကြတယ်..မောင်တခုတွေးမိတယ်.ချစ်နဲ့ မောင်သာ ဝေးခဲ့ကြရင် ဝေးတဲ့ နေ့ မှာ
 မောင်သေမယ်ဆိုတောင် မောင်ကျေနပ်တယ်..အားလုံးထက်ပိုပြီး ချစ်ကို မောင်ချစ်တော့ ချစ်ရဲ့ စကားတစ်ခွန်းက မောင့်ကို ပြောင်းလဲစေနိုင်တယ်..အတွေးတခုထက်မှာ သံယောဇဉ်ထပ်ကျန်စေမဲ့
ချစ်စကားလေးတွေက မောင့်ရင်ထဲမှာ အမြဲတမ်း နိုးထနေလျှက်ပါ ..

မောင်

၁၄ ရက်နေ့ ၆ လပိုင်း ၂၀၁၂ ခုနှစ် နေ့ 

Posted by MG at 00:54 0 comments
ကျနော် လူဖြစ်လာတာ ဘာကြောင့်လဲ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိသလဲလို့ တွေးမိတယ်.
လူတစ်တယောက်ကို ချစ်မိတာ သဘာဝကျပါတယ်.
ကိုးကွယ်မိသွားတာကတော့ တကယ်ကို ကိုယ့်ကို ကိုယ်မယုံနိုင်အောင်ပါပဲ.
သူငယ်ချင်းတယောက် ပြောဖူးတယ်...
အချစ်ဆိုတာ မီးလိုပူတယ်..သူ့ ဘဝအတွက် အချစ်က ဝေးလေ ကောင်းလေတဲ့
ကျနော် တွေးမိတယ်..ကျနော်ကတော့ဗျာ ဗြောင်းဆန်အောင် သောင်းပြန်တဲ့ အဖြစ်နဲ့ ကြုံရင်တောင်
ချစ်မိတဲ့ သူ ကို ချစ်နေမဲ့လူစားလို့ ကျနော်ကို ကျနော် ထင်တယ်.
ဘယ်လိုဖြစ်ဖြစ် ဖြစ်လာတဲ့အရာကို မဖြစ်ဖြစ် ဖြစ်သလိုလို နားလည်ခွင့်လွတ်ပေးမယ်လို့ လည်း တွေးထားပါတယ်.
ချစ်တဲ့ သူတိုင်း ချစ်ခင်စွာနဲ့ ထာဝရ ပေါင်းစည်းရပါစေသားလို့ ဒီစာသားလေးနဲ့ ကျနော် ဆုတောင်းပါတယ်.
ကျနော်နဲ့ အတူ ဒီဆုလေးကို ပြည့်စေချင်နေတဲ့ လူတွေလည်း အများကြီး ရှိနေမယ်ဆိုတာ ကျနော်သိနေပါတယ်.
ဒါပေမဲ့ ကံကိုပဲ ယိုးမယ်ဖွဲ့ ရမလား..ဘာကို ညွန်းရမလဲဗျာ..ဒီဆုလေးက မပြည့်တာပဲ များနေတယ်ဗျာ..
ကိုယ်အရမ်းချစ်မိတဲ့အခါ သူထွက်သွားတဲ့ နေက ရင်ထဲက နှလုံးသားတွေကို ဆွဲထုတ်သွားတဲ့အလား
နာကျင်ခံစားရတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမယ်ထင်ပါတယ်.
တခါတလေကတော့ ဖြစ်လာမဲ့အရာကို ကြိုတင်သိနေပြီး တဆိတ်ဆိတ်နဲ့ နာကျင်နေတာလေးကလည်း
တကယ်ကို အပ်နဲ့ ထွင်းသလို ဆိုပေမဲ့.ကျေနပ်သူ အဖို့ တော့ ကျေနပ်နေကြတယ်နော်...


အရမ်းချစ်မိသွားတယ်..


မောင်

ကျနော်ဆိုဒ်ကို လာလည်သော သူငယ်ချင်းအားလုံးကို သိစေရန်

Posted by MG at 00:41 0 comments
ကျနော် ချစ်သူပေးသော စာအုပ်လေးပေါ်မှ စာသားလေးတွေကို ကျနော် ဒီနေ့ က စပြီး
ကျနော် ရေးပါပြီခင်ဗျာ..ကျနော်ဟာ စာရေးဆရာ တယောက် မဟုတ်သလို ကဗျာဆရာ တယောက်လည်း
မဟုတ်ပါဘူးဗျာ.စာဖတ်သူများအနေနဲ့ အမှားပါတာများရှိခဲ့ရင် သည်းခံပြီး ဖတ်ပေးပါရန်နှင့် ကျနော်နှလုံးသားနဲ့ ခံစားပြီးရေးတဲ့ ခံစားချက်များအား ဝေဖန်လိုပါကလည်း Chat Box ထဲမှာ အကြံပေးနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ....

အားလုံးကို ကျေးဇူးတင်ပါတယ်...

မောင်

Sunday 10 June 2012

စစ်ကိုင်းလမ်း

Posted by MG at 07:27 0 comments
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting