Saturday, 19 November 2011

မေလေး သိစေ

Posted by MG at 13:23 0 comments
ရင်ဆိုင်ဖို့ အားအင်တွေက
ချစ်ဆီက ပေးတဲ့ 
အနမ်းတွေထဲမှာ
ပြည့်နက်နေတယ်ဆိုတာ
ချစ်သိစေနော်..

အလှမ်းဝေးနေပေမဲ့
မောင့်စိတ်က မေလေးအနားမှာ
အမြဲတမ်း ရှိနေတယ်ဆိုတာ
မေလေး ယုံထားပါ
မေလေးအတွက်
အားသစ်တွေကို
ဖြစ်စေနိုင်မဲ့
အနားမှ မခွာ
ထာဝရ အနမ်းတွေနဲ့ 
ရှင်သန်နေရစေမယ်..

မောင်

Friday, 18 November 2011

မောင့်ရင်ထဲက ချစ်

Posted by MG at 11:19 0 comments
နူးညံ့သိမ်မွေ့ တဲ့
အချစ်ရဲ့ 
နက်ရှိုင်းတဲ့
လွယ်ပြင်ကျယ်မှာ.
ချစ်ဆိုတဲ့
သစ်တပင်ကို
မောင်ဆိုတဲ့ 
ရင်တွင်းနှလုံးသားထဲမှာ
စိုက်ပျိုးထားတော့
ခိုင်မြဲစွာ ရှိနေလျှက်
နှုတ်မရတဲ့
အချစ်များစွာနဲ့ ...


မောင်

Thursday, 17 November 2011

ကျေးဇူးတင်စကား

Posted by MG at 07:08 0 comments
ချစ်..
ပျော်ရွှင်မှု့တခုကို
ထာဝရပေးသွားတဲ့
ချစ်ရဲ့ လက်ဆောင်လေးကို
မောင့်ရင်ထဲ
ထာဝရ  တန်ဖိုးထားလျှက်
သိမ်းထားမှာပါ.

မောင့်အပြုံးတွေက
ချစ်ကို ပျော်ရွှင်စေတဲ့
အရာလေးတခု
ဖြစ်စေချင်တယ်.
အမြဲတမ်း ပျော်ရွှင်မှု့ ကို
ပေးစေလိုတဲ့
ချစ်ရင်ထဲက စကားလေးကလည်း
မောင့်ရင်ထဲက စကားသံးလေနဲ့ အတူ
တွဲကာယှက်လို့ ပျံသန်းတဲ့
ငှက်စုံတွဲအလား.
ထပ်တူမျှပါ..ချစ်..

မောင်

ရင်ထဲက စကား

Posted by MG at 06:53 0 comments
ချစ် ရင်ထဲကစကားတခွန်း
ပေါက်ပွားလာချိန်
မောင့်ရင်ထဲ
ပျော်ရွှင်မိတဲ့ ဒီအရာက
နှလုံးသားထဲကို
စိမ့်ဝင်သွားတယ်...

ချစ်ပေးတဲ့ ဒီလက်ဆောင်က
ထာဝရ မောင့်ရင်ထဲ
တည်မြဲစွာရှိနေမှာပါ..

အပြုံးကို လွှမ်းခြုံတဲ့
ပီတိရဲ့ ခံစားမှု့ တခုက
လောကအလယ်မှာ
ဝင့်ဝါစွာ ထိန်းလင်းလျှက်
ရင်ထဲထိကို ရောက်စေတဲ့
အားသစ်အလား....

မောင်

Wednesday, 16 November 2011

မောင့် အတွက်လက်ဆောင်

Posted by MG at 23:21 1 comments
မောင်ပျော်နေတာကို
မ... ၀မ်းသာနေတယ်

မောင်လိုချင်တာကို
ပေးခွင့် ရလို့ လဲ
မ.. ၀မ်းသာရပြန်ရော

မေးကို တွေ့ လိုက်တော့ 
မောင်ပြူံးတဲ့ အပြူံးက
ပျော်နေတာ တွေ့ ရတော့ 
မ... ၀မ်းသာ ပြန်တယ်လေ

တသက်လုံး
မောင့်ကို ပျော်နေစေချင်တာ
မ..ရဲ့  ရင်ထဲက
ဆန္ဒဖြစ်နေတယ်..............မောင်

ချစ်




Monday, 14 November 2011

ချစ်နားကို

Posted by MG at 12:44 0 comments
ချစ်

အလှမ်းဝေးတဲ့ 
ဟိုး တောင်တန်းပေါ်မှာ
ပျံသန်းနေတဲ့
ငှက်ကလေး
တကောင်သာ
မောင်သာဖြစ်ရင်
ချစ်ရှိရာကို
မောင်ပျံသန်းပြီး
ချစ်နားကို

မောင်ရာက်နေလောက်ပြီနော်....

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting