Friday 2 March 2012

မောင့်အနားက ချစ်စကားသံ

Posted by MG at 15:22 0 comments
ဝေခွဲမရတဲ့
 နေ့ ရက်တွေကြားမှာ
ကြိုတင်မှန်းဆမှု့ ဆိုတာ
ရှိနေပါလျှက်နဲ့ .
ကြိုတင်မှန်းမဆနိုင်တာ
မောင်ညံ့လို့ လား...

ချစ် အသံကို
နားထဲစွဲလို့ 
ပဲ့တင်ထပ်သံတွေနဲ့ 
နိုးထခဲ့ရတဲ့
ညတွေကြားထဲ
ကယောင်ကတန်း
လွမ်းနေခဲ့ရတဲ့ 
အချိန်တွေကလည်း
 ကြာညောင်းခဲ့ပေါ့.

အရမ်းချစ်တယ်လို့ ..
ဖွင့်ဟကာ ပြောလိုက်တဲ့
ချစ်စကားလုံးလေးတွေက
ရင်ထဲ အသည်းနင့်အောင်
တုန်ခါစေတဲ့
စွမ်းအားတွေ
ပြင်းထန်တဲ့အလား
အင်အားကြီးလေရဲ့ ..

မောင်

အကောင်းတရား ဘက်သို့ 

Posted by MG at 11:12 0 comments
အကြောင်းတရားကို
အကောင်းဘက်သို့ လှည့်ပြီး
ရှေ့ ဆက်ဖို့ အားအင်တွေနဲ့ 
အချစ်သစ်တွေ မွေးဖွားကာ
ထပ်ဆင့်လို့ 
မြဲမြံတဲ့ ခရီးလမ်းကို
အတူတူလျှောက်လှမ်းဖို့ 
နှလုံးအိမ်မှာ
ကျောက်စာထွင်းကာ
နူးညံ့တဲ့ နွေးထွေးမှု့ တွေကို
ဝေမျှခံစားကာ
ထာဝရ အဖော်ပြုကြမယ်...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting