Saturday 5 November 2011

ပျော်ရွှင်မှု့ ရင်မှာ

Posted by MG at 10:10 0 comments
မမြင်နိုင်တဲ့
အရာတွေက
ပျော်ရွှင်မှု့ တွေကို
တားဆီးနိုင်တဲ့
အင်းအားတွေရှိလေတော့
စိတ်ထဲမှာ
မဖြစ်ရကောင်း
ဆုတောင်းရတဲ့
နေ့ ကလေးတွေကတာရှည်
ရက်လတွေကြာညောင်းနေခဲ့ပြီ...

မေလေး
အရမ်းချစ်တယ်ဆိုတဲ့
စကားနဲ့ မလုံလောက်အောင်
ရင်ထဲမှာ ကိန်းအောင်းတဲ့
ချစ်စိတ်က ပြင်းထန်လေတော့
တခါတခါ မမြင်ရတဲ့
အရာတွေကို စိုးရွံ့ မိတယ်..
ဖြစ်နိုင်ခြေက
နှစ်ဦးသား
အရမ်းချစ်လေတော့.
အားသာချက်က ရင်ထဲမှာ
ပီတိအဖုံးနဲ့ လွှမ်းခြုံတဲ့
မြပုဝါလို ပျော်ရွှင်နေမိတယ်...

မောင်

အမှန်တရား

Posted by MG at 05:16 1 comments
သွားရင်ရောက် တယ်
လုပ်ရင်ပြီးတယ်
ပျင်းရင်ဖျင်းတယ်
စားရင်ဝတယ်
ကြီးရင်အိုတယ်
အိုရင်နာတယ်
နာရင်သေတယ်

အာလုံးသိသင့် တဲ့ အရာတွေ ပါ..............

Friday 4 November 2011

နှလုံးသားထဲဝယ်

Posted by MG at 11:43 0 comments
ချစ်

ကောင်းကင်ပြင်အောက်
ကြယ်ကြွေကောက်သလို
ပင်မြင့်စံမှာပွင့်
ရွှေသက်လျှာထံ
လွှမ်းခြွေစာပို့ 
နွမ်းလျအပူလို့ 
မထင်မှတ်စေလို့ 
သက်ထားသခင်
ချစ်သူစကား
ကြားချင်ပါဘိ
နှလုံးသားဝယ်
ကျောက်စာတမျှ
ရေးထွင်းသလို
အမှတ်တရ
ရှိနေလျှက်....

မောင်

တသက်လုံးအတွက်

Posted by MG at 10:44 0 comments
နီးချင်ပေမဲ့ ဝေး
တွေးလျှက်နဲ့ ဆွေး
ပြေပါစေတော့ ဒီအဆွေး
နွေမကုန်ခင်
အပြုံးပန်းဝေဆာ
တွဲလက်ခိုင်မြဲလို့ 
နောက်ဆုံးထွက်သက်ထိ
ဆက်ကာချစ်လို့ 
လျှောက်ကြစို့ ...............

မောင်

Wednesday 2 November 2011

ငှက်ကလေးတို့ နားခိုရာ

Posted by MG at 10:06 0 comments
တနွေပြောင်းလို့ 
ရွက်ဝါတွေ ကြွေပြန်တော့
ဖူးသစ်စ ပင်နုပျိုမှာ
လှပဆန်းကြယ်စွာနဲ့ 
သဘာဝ အလှတရားကို
ဖန်တီးလို့ 
ကြည်နူးမှု့ ဖြစ်အောင်
ဆောင်ကြည်းပေးကာ
နေပါလျှက်
ငှက်ကလေးများ
နားခိုရာ
ပင်သစ်ပျိုမှာ
အလားသဏ္ဍာန်
ဆင်တူလှတဲ့.
ငှက်ကလေးတို့ ရဲ့ 
ချစ်အိမ်တခု.........

မောင်.

Tuesday 1 November 2011

အတူနေချင်တဲ့စိတ်

Posted by MG at 08:40 0 comments
ချစ်အနားမှာ
အတူနေချင်တဲ့ စိတ်တွေ
ဖြစ်ပေါ်နေပေမဲ့
ဝေးရက်မြေက
လွမ်းစိတ်တွေနဲ့ 
ရင်ထဲ ခံစားမှု့ က
စိတ်အစဉ်ကို
ထိန်းချုပ်မရအောင်
နှိုးဆွပေမဲ့လည်း
ချစ်တဲ့ စိတ်က
တူတူနေချင်တာကို
တားဆီးမရ
လွမ်းခြုံလေရဲ့ ..

မောင်

ဘဝရဲ့ အလှည့်ပြောင်း

Posted by MG at 05:07 0 comments
ဖြတ်သန်းခဲ့တဲ့
လမ်းတွေတလျှောက်မှာ
ကြုံတွေလာတဲ့
ခက်ခဲမှု့ တွေကို
ငါခံနိုင်ရည်ရှိပါလျှက်
ငါမျှော်လင့်ချက်ကို
ထိခိုက်တဲ့
အရာတစ်ခုက
မမျှော်လင့်တဲ့
အချိန်မှာ
မထင်မှတ်ပဲ
သိလိုက်ရတာ
ငါ့ရင်ကို
ဖြေမဆည်တဲ့
ထိုးနှက်မှု့ တွေနဲ့ အတူ
မျှော်လင့်ချက်ကိုပါ
ဆွဲနှုတ်သလို
ငါခံစားလိုက်ရတယ်...


ငါဘာပဲဖြစ်ဖြစ်
ငါ့အနားမှာ ငါ့ချစ်သူ
ရှိနေသရွှေ့ 
ငါမျှော်လင့်ချက်က
အမြဲရှင်သန်နေတယ်ဆိုတာ
ငါ့ဦးနှောက်က သိနေတယ်


ငါတယောက်တည်း
ဖြတ်သန်းရမယ်ဆိုရင်တောင်
ဖြတ်သန်းရဲတဲ့
အားတွေ ငါမွေးရမယ်.
မွေးခြင်းနဲ့ စပြီး
သေခြင်းနဲ့ ဆုံးတဲ့
ဘဝတကွေ့ မှာ
ငါ လုပ်ပေးနိုင်တာကို
ငါလုပ်ပေးနိုင်ခဲ့တာက
ငါ့ရဲ့ စေတနာပဲ....


မောင်

Monday 31 October 2011

တွေ့ ချင်နေပြီ

Posted by MG at 11:34 0 comments
ချစ်.
တယောက်ကို တယောက်
တွေ့ ချင်စိတ်တွေနဲ့ 
အတူ ဖြတ်သန်းလာတဲ့
နေ့ ရက်တွေက
ကျော်လွန်လာပေမဲ့
ရင်ထဲမှာ ကျိတ်ပြီး
ထိန်းချုပ်ခဲ့ရတဲ့
နေ့ ရက် နာရီတွေက
ရင်ကို နာကျင်စေပေမဲ့
တွေ့ တိုင်း ပျော်ရွှင်မှု့ တွေ
ဖြစ်ပေါ်နေတဲ့
ရက်ကလေးတွေက
ဘဝမှာ အစိုးထိုးမရတဲ့
အရာလေးတခုအလား.
ဖြစ်ပေါ်နေတယ်.


မောင်

ငှက်ကလေးနှစ်ကောင်

Posted by MG at 03:55 0 comments
အေးချမ်းတဲ့
ညတညမှာ.
သစ်ပင် တစ်ပင်အောက်
ခိုနားလို့ 
တီးတိုး စကား
ဆိုရှာလေတဲ့
ငှက်မောင်နှံစုံတွဲ
ချစ်စကားတွေသီ
တေးတွေဖွဲ့ ပြီး
မခွဲတမ်းချစ်
ပေါင်းသင်းကြဖို့ 
သစ်ပင်ကိုတိုင်တည်ထားကာ
ကတိစကားပြောကြလေတယ်..

မောင်

Sunday 30 October 2011

ချစ်ရဲ့ မောင်=ထာဝရ..

Posted by MG at 06:13 0 comments
အချစ်နဲ့ အချစ်ပေါင်းရင်.
အချစ်ပဲ ရတယ်လို့ 
ဆိုစကားက
အသစ်မဟုတ်တဲ့
စကားတခွန်း
ရင်ထဲရှိလေတော့
မရိုးအီဘူးပေါ့....

ရင်ခုန်ခြင်း ပြုစားခြင်းက
အချစ်ရဲ့ ပြင်းထန်တဲ့
ခံစားမှု့ တခုနဲ့ 
အရမ်းချစ်လို့ 
ရင်ထဲက စီးကျလာတဲ့
စကားပွင့်လေးဆိုတော့.
လှပတဲ့ အသွင်နဲ့ 
အေးမြမှု့ ကို
အမြဲဖော်ဆောင်လေ့ရှိတဲ့
စမ်းချောင်းလေးဘေးနား
တေးဆိုတဲ့
ငှက်ကလေးလို့ 
သာယာငြိမ့်ညောင်းမှု့ ကို
အမြဲပေးလေတယ်...

မောင်..

ပြူစားခံရခြင်း

Posted by MG at 05:23 1 comments
မောင့် ကိုချစ်အောင်
မောင်လုပ်တယ်
မောင့်  ကိုလွမ်းအောင်
မောင်လုပ်တယ်


မ ကိုရင်ခုန်အောင်
မောင် လုပ်တယ်
မ  အိပ်မပျော်အောင်
မောင် လုပ်တယ်


မောင် ပြုစားထားတယ်
အချစ်များစွာနဲ့  မ ကို   
ဒါတွေ ကိုဘဲ ချစ်လို့ 
ကျေနပ်နေမိတယ်..............


ချစ်....
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting