Thursday 28 June 2012

၁၈ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:23 0 comments
လွမ်းရက်တွေကိုလည်း ပိုတိုစေ.. ဝေးရပ်တွေကိုလည်း ကျောခိုင်းစေ ဆိုတဲ့ စကားလေးနဲ့ အညီ
အနားမှာရောက်သွားပြီဆိုတဲ့ စာတမ်းလေးကို ကျနော် ရေးချင်ပါတယ်..ဒါပေမဲ့ ကျနော် ရေးခွင့်မရသေးပါဘူး..
ပရိတ်သတ်ကြီးလည်း ဒီစာကြောင်းလေးကို ရေးဖို့ အခွင့်လေး ဖြစ်အောင် ဆုတောင်းပေးနေကြမယ်ထင်ပါတယ်..ဘာလို့ လဲဆိုတော့ ကျနော်ခံစားချက်များကို စာဖတ်သူ အနေနဲ့လည်း အချိန်တွေပေးပြီး အရူးကြီး ကျနေတာပဲလို့ စိတ်မှာတွေးတဲ့လူ ရှိနေနိုင်သလို  .ကြိုက်သူလည်း ရှိနေမယ်ဆိုတာ ကျနော် ယုံကြည်မိပါတယ်..ယုံကြည်မှု့ တခုရှိပြီဆိုရင် အလုပ်တခုကို လူတိုင်း လုပ်တတ်ကြပါတယ်..
ဒီလိုပါပဲ. ကျနော်ဟာ သစ္စာတရားဆိုတဲ့ အရာလေးကို ကျနော်ယုံမိပါတယ်.
ကျနော် ချစ်တဲ့ ချစ်နဲ့ တွေ့ ရဖို့ ကျနော် ယုံကြည်ပါတယ်..နိုင်ငံတွေခြား ဝေးကွာနေရတဲ့အနေထားလေးကြောင့် မဆုံနိုင်ဘူးလို့ တွေးကောင်း တွေးလို့ ရတယ်ဆိုပေမဲ့ သစ္စာတရားဆိုတာကြီးကို စောင့်ထိန်းကြမယ်ဆိုရင် တွေ့ နိုင်ပါတယ်..
နနှစ်ယောက်လုံးတော့ စောင့်ထိန်းနိုင်ဖို့ တော့ လိုတာပေါ့လေ..တခါတလေတော့လည်း
မလွန်ဆန်နိုင်တဲ့အရာလေးတခု နှစ်ဦးစလုံးမှာ တယောက်က ကြုံလာပြီဆိုရင် ကံကိုတော့ ယိုးမယ်မဖွဲ့ ချင်ပါဘူး..ဒါပေမဲ့ ဆုံနိုင်ပါသေးတယ်..တကယ် အချစ်စစ်မှန်ရင် တကယ်သစ္စာတရား မှန်ကန်ခဲ့ရင် တွေ့ နိုင်ပါတယ်..တွေ့ ဆုံခွင့်ဆိုတာ ကိုယ်က ကြိုးစားနေသရွေ့ ကံ.ဆိုတဲ့ သူငယ်ချင်းကလည်း ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါဘူးလေ...

                                                                                                              မောင်

၁၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:14 0 comments
တခါတခါတော့ စဉ်းစားမိတယ်..တောင်ပံ တစ်စုံသာ ပါခဲ့ရင်ဆိုတဲ့ အတွေးလေးပေါ့နော်.
ပျံသန်းချင် သွားချင် လာချင်တဲ့ စိတ်က အမြဲတစေ လို လို ဖြစ်ပေါ်နေမိတယ်. မောင့်အတွေးထဲမှာ
ချစ်က စိုးမိုးထားတော့ မောင် ဘာလုပ်လုပ် အမြဲအနားမှာရှိနေစေတယ်လေ..ဒါကိုရေးနေလို့ မောင်နလံထူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ တဖြည်းဖြည်းနဲ့ နှာခေါင်းသွေးထွက်မဲ့ ကိန်း ..အချိန်နဲ့ ဖြတ်တောက်ဖို့ တော့ မစဉ်းစားလိုက်ပါနဲ့ ချစ်..
ချစ်တဲ့ သူ တယောက် အနားမှာ ရှိနေတာ ဘဝမှာ ပျော်စရာပါ..ဒီလိုပဲ မောင်လည်းချစ်တော့ အနားမှာ နေပေးချင်တယ်လေ.အပေးယူမျှတ ပါတယ်လေ. ဒီတော့ တတ်နိုင်သလောက် ရနိုင်သလောက် အနားမှာရှိနေခွင့်လေးတော့ မောင့်ကို ပေးပါ.. ချစ်တယ်..ချစ်ရယ်.

                                                                                                     မောင်

၁၆ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:05 0 comments
ချစ်ရဲ့ မျက်လုံးလေးတွေနဲ့ ဆုံတဲ့အခိုက် မောင့်ရင်ထဲမှာ ရထားတစင်း ခုတ်မောင်းသလို မြန်နေတဲ့ ရင်ခုန်သံတွေကို သေမှပဲ ရပ်ချင်တယ်...ဒီရင်ခုန်သံရပ်တဲ့ နေ့ ကိုလည်း ဘဝမှာ မရှိတဲ့ တနေ့ အဖြစ်ကို သတ်မှတ်ချင်တယ်... ကုန်လွန်ခဲ့တဲ့ ရက်တွေကို ဖြတ်သန်းရတာ နာကျင်နေပေမဲ့လည်း တကယ်ချစ်တော့ မမှု့ ပါဘူးကွယ်.. ပိုချစ်လာတာက လွဲရင် ဘယ်အရာကမှ တုန့် ပြန်မလာနိုင်ပါဘူး...

                                                                                                        မောင်

၁၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:02 0 comments
တွေ့ ခွင့်ပေးပါ..တွေ့ ဆုံချင်တဲ့ စိတ်တွေက နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့တာ ယနေ့ ယခုဆိုရင် ၃ နှစ်ကျော်ခဲ့ပြီ. ဝေးကွာခြင်းဆိုတဲ့ အကြောင်းရာလေးတွေကို တနေ့ တနေ့ စဉ်းစားခဲ့တာလည်း ဒီနှစ်တွေနဲ့ အတူပေါ့.. ဖြစ်ချင်တဲ့ ဆန္ဒလေးတခုအပေါ်ကို မှီပြီး ရှင်သန်နေမှု့ နဲ့ အတူ. လုပ်သမျှတွေအရာလည်း ပျော်ရွှင်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..တယောက်တည်းဖြတ်သန်းရတဲ့  အချိန်ကတော့ ဘဝမှာ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းရသလို့ .. ဒီလိုအချိန်တွေကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်လေ..ဒါပေမဲ့..ချစ် အဆင်ပြေနေမယ်ဆိုရင် မောင်ကျေနပ်နေမှာပါကွယ်...

                                                                                     မောင်

Sunday 24 June 2012

Notes

Posted by MG at 23:16 0 comments
ခွဲမသွားပါနဲ့ ချစ်ရယ်..
တောင်းပန်ပါတယ်...


                                           မောင်

၁၄ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:15 0 comments
ဝေးရက်တွေကို ကျော်လွန်ချင်ပေမဲ့ ဝေးကွာနေရဆဲ ဖြစ်တဲ့ ရက်ကလေးတွေကို ကြုံနေရဆဲမို့ 
ချစ်ရယ်...အနားလေးမှာ မင်းရှိနေရင် ပြီးပြည့်စုံတဲ့ မောင့်ဘဝလေးက မင်းနဲ့ ဘယ်တော့များ ပြန်ဆုံခွင့်ရမလဲကွယ်...မောင့် ချစ်ကို ချစ်တဲ့ အချစ်က အရာရာနဲ့ နှိုင်းရင် အနှိုင်းမဲ့ ပါတယ်လေ..မောင့်လောက် ပြန်မချစ်နိုင်ရင်လည်း ရာခိုင်နှုန်းလျှော့ပြီး ချစ်ပေးပါ ချစ်..
အချစ်ပေးလို့ အချစ်မရတဲ့ သာဓက ရှိကောင်း ရှိပေမဲ့ ဒီသာဓက တွေနဲ့ ဆန့် ကျင့်ဘက်ကို မောင့်ကို ပေးပါနော်
မောင့်အချစ်တွေကို ချစ်ရင်ထဲက သိနေသလို ချစ်ရဲ့ အချစ်တွေကိုလည်း မောင့်နှလုံးသားထဲက သိခွင့်လေးတော့ ပေးနော် ချစ်...

                                                      မောင်.

၁၃ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:11 0 comments
မောင်နဲ့ ချစ်တို့ ရဲ့ အချစ်လေးကို
          ထာဝရ..
အသက် ဆက်ရှင်ခွင့်ပေးပါ ဘုရား..

                မောင်

၁၂ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 23:09 0 comments
နေ့ စဉ်နဲ့ အမျှ မြင်တွေ့ နေရတဲ့ နေ့ ကလေးတွေ ထပ်ပြီး အသက်ဆက်ရှင်ပါစေ.
လွမ်းရတဲ့ နေ့ ကလေးတွေကို ကျော်လွန်ချင်တဲ့ စိတ်တွေ မပြေပျောက်ပါစေနဲ့ ..
ချစ်ရက်တွေ ဝေဖြာတဲ့ မနက်ခင်းကစပြီး တနေ့ တာကို အချစ်တွေနဲ့ လန်းစေ..
မတွေ့ ရတဲ့ ရက်တွေမှာ ရန်ဖြစ်ချင်တဲ့ စိတ်တွေ ပိုများပါစေ.
အလွမ်းတွေနဲ့ အဆုံးမသတ်ပါရစေနဲ့ .
အမုန်းတွေကို ကျောခိုင်းပါရစေ...
တူတူနေရတဲ့ တသက်တာကိုပဲ မျှော်လင့်ပါရစေ...

                                                                              မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting