Saturday 26 November 2011

အနီးဆုံးနေရာ

Posted by MG at 08:44 0 comments
ခြေရာတွေပျောက်
ရေတွေခြောက်လည်း
ရင်ထဲက စိမ်းစိုမှု့ ကို
မတွန်းလှန်နိုင်..

စိမ်းလန်းတဲ့
မြက်ခင်းကျယ်မှာလည်း
မွေ့ မပျော်နိုင်
ကျယ်ဝန်းတဲ့
လွင်ပြင်မှာလည်း
ဆွေးမနေနိုင်
နေချင်တာ
အနီးဆုံးဖြစ်တဲ့
ချစ်ရဲ့ ရင်ခွင်ထဲမှာသာ
မှေးစက်ချင်ရဲ့ ...

မောင်

Wednesday 23 November 2011

နေ့ တိုင်း ချစ်နဲ့ 

Posted by MG at 16:23 0 comments
ချစ်.
လန်းဆန်းမှု့ များနဲ့ 
မနက်ပိုင်းတွေ့ ရတဲ့
တွေ့ ဆုံမှု့ တွေက
ချစ်ရဲ့ အလှတွေနဲ့ 
ရှင်သန်မှု့ တွေက
မောင်တို့ ရဲ့ အချစ်တွေကို
တိုးစေပြီး
ခိုင်မြဲသထက် ခိုင်မြဲအောင်
တွန်းပိုးစေခဲ့တယ်နော်..

ထာဝရရယ်လို့ 
ချစ်တယ်စကား
မောင်ပြောခဲ့တာ
ချစ်နှလုံးသားထဲမှာ
စူးနစ်စွာနဲ့ 
ရှိနေရဲ့ လား.
မောင့်နှလုံးသားထဲမှာ
ပြန်ဆွဲနှုတ်မရတဲ့
သံယောဇဉ်အချစ်
စူးလေးတချောင်းသဖွယ်
ချစ်မိနေလေပြီ...

မောင်

Sunday 20 November 2011

နှလုံးသားထဲက ချစ်

Posted by MG at 11:37 0 comments
ဘယ်လောက်ပဲ
ခံစားရ ခံစားရ
မောင့် အတွေက်တော့
တန်ပါတယ် ချစ်ရယ်.

မောင့်ရင်ထဲ
နှစ်နှစ်ခါခါချစ်တော့လည်း
ရှေ့ မတိုးဖြစ်ရင်တင်မှ
ဒီအခြေနေလေးက
ပစ်ခွာသွားမှာကိုတော့
အရမ်း စိုးရွံ့ မိတယ်...

လှပစွာ သီကုံးထားတဲ့
စကားလုံးလေးတွေကို
ဖော်ပြချင်ပေမဲ့
ဖော်ပြဖို့ ခက်တဲ့
ချစ်စကားလေးတွေ
 ရင်ထဲမှာ ကိန်းအောင်းကာ
အမြဲတမ်း ချစ်နေမိတယ်..

မောင်.
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting