Saturday 8 October 2011

အနမ်းသစ်ရဲ့ အချစ်

Posted by MG at 10:15 0 comments
အနမ်းတခုက
ချိုမြိန်တဲ့ အရာလေးကို
ပေးစွမ်းတဲ့ အစွမ်းလေးနဲ့ 
မနက်အလှရဲ့ ရောက်ခြည်နဲ့ အတူ
သာယာနူးညံ့တဲ့ ခံစားမှု့ လေးပါ
တွဲဖက်ပြီး
တရက်တာဆိုတဲ့ ခရီးလေးကို
ပျော်ရွှင်စွာ ဖြတ်သန်းဖို့ 
အားတခုပမာ.....

မရိုးအီတဲ့
စကားထဲမှာ
ချစ်တယ်ဆိုတဲ့
စကားလေးတခွန်း
နှိုင်းမရတဲ့
အနှစ်သာရ
ရှိနေလေတော့
စက္ကန့် အချိန်မရွေး
ပြောနေခဲ့လည်း
မရိုးနိုင်ခဲ့....

မောင်

Thursday 6 October 2011

ရင်တွင်းက စကား

Posted by MG at 23:35 0 comments
ပိုင်ဆိုင်လိုတဲ့ ဆန္ဒတခုနဲ့ 
ချစ်ခဲ့တယ်ဆိုရင်
ဒီအခြေနေလေးအထိ
ရောက်လာနိုင်ပါ့မလား...
ခွင့်လွတ်သည်းခံတဲ့
ချစ်ခြင်းမျိုးလေးနဲ့ 
ချစ်လာလို့ 
ဒီအခြေနေလေးကို
ရောက်လာခြင်းပါ.
ရည်စူးထားတဲ့
တသက်တာ
ဘဝတခုလို့ 
သတ်မှတ်ထားတော့
ဘယ်အရာနဲ့ မျှ
မလှဲနိုင်သလို
ဘယ်အကြောင်းနဲ့ မျှ
အပျက်မခံတဲ့
စိတ်ခံစားမှု့ နဲ့ အတူ
ရင်တွင်းထဲကိန်းအောင်းနေခဲ့ပြီမို့ 
သာယာတဲ့ အချစ်နဲ့ ဘဝတခုကို
ဖြတ်သန်းကြမယ်...

မောင်

တသက်တာ

Posted by MG at 22:59 0 comments
ဘဝမှာ ရင်နှင့်မျှ
ချစ်နေတော့ အပူဆိုတာ
ရင်ထဲ မရှိသလို
နားလည်မှု့ တွေက
မောင်နဲ့ ချစ်ကြား
ရှိနေလေတော့
အတားဆီးတွေ
ဘယ်လောက်ရှိရှိ
ဖြတ်ကျော်ရဲတဲ့
အင်အားတခုက
ရှိနေပြီလေ...

မောင်

Tuesday 4 October 2011

တပြိုင်တည်း ရလိုက်တဲ့ ဆု.

Posted by MG at 23:51 0 comments
တချိန်တည်းမှာ မျှော်လင့်မထားပဲ
ရလိုက်တဲ့ အရာက အနမ်းလေး
တပွင့်မကတဲ့ နှစ်ပွင့်နော်.
ချစ်သူပေးတာ...
ချစ် ရဲ့ စကားသံလေးတွေနဲ့ 
ရင်ခုန်ခဲ့ရတဲ့ နေ့ ကလေးတွေထဲက
နေ့ တွေထဲမှာ ထူးဆန်းတဲ့
ဒီနေ့ လေးကို.
မေ့မရအစဉ်နဲ့ နှလုံးသားမှာ
ချစ်တယ်ဆိုတဲ့ 
စာတန်းထိုးပီး
သိမ်းထားပ့ါမယ်...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting