Sunday 3 April 2011

ချစ်သူ နားဆင်ဖို့ 

Posted by MG at 17:27 0 comments
ဂစ်တာတီးပြီး
သီချင်းဆိုချိန်
မင်းလေးအပြုံး
မြင်ယောင်နေမိ.
ဆက်ကာမြင်ယောင်
ထပ်တီးပြန်တော့.
ကိုယ့်ရင်ခွင်မှာ
ခိုနားလို့ နေနေတယ်.
စိတ်ကူးယဉ်
အတွေးပန်းချီ
ရေချယ်မှု့ က.
ဆန်းကြယ်ပါဘိ.
ချစ်သူရယ်..


မောင်

သတိရချိန်

Posted by MG at 17:26 0 comments
ရင်ခွင်လမ်းက
တမ်းတမှု့ တွေ
နှလုံးသားက
ချစ်စကားလေး
ဘယ်ခါဘယ်ရွေ့ 
ကုန်ခမ်းနိုင်ပါဘိ...

တနေ့ တနေ့ 
ဖြတ်ကျော်လာရ
ဤကမ္ဘာဝယ်
မှန်းဆရည်ရွယ်
မရောက်သောငြား
ခံစားမှု့ တခု
ရင်ဝယ်စီးလို့ .
နေမြဲသာပဲ...
 
မောင်

တန်ဖိုး

Posted by MG at 17:25 1 comments
ဝေးလွန်ထိပ်ခေါင်
မြင့်မိုရ်တောင်မှ
မြင့်တာမဟုတ်ပါဘူး.
လူမှာ ထားတဲ့
ကတိတွေ
သစ္စွာတွေ
မေတ္တာတွေသာ
တကယ်တမ်းမှန်ကန်ခဲ့ရင်
မြင့်မိုရ်တောင်ထက်တောင်မှ
မြင့်ပါသေးတယ်.
ချစ်အပေါ်ထားတဲ့
ကိုယ့်ရဲ့ မေတ္တာကိုလည်း
မြင့်သထက်မြင့်တဲ့
တောင်တွေထက်
မြင့်စေချင်တယ်..
 
မောင်

အတိတ်ဆိုတာအရိပ်တဲ့လား

Posted by MG at 17:25 0 comments
အတိတ်လို ထင်နေပေမဲ့
အရိပ်လို စွဲထင်နေဆဲ.
ချစ်သူရယ်..
လွမ်းတာကို ပြေဖို့ 
ဆေးတခွက်က မင်းဆို.
ဘာလို့ မင်းရင်ထဲမှာ ငါမရှိတာလဲ.
အမှတ်တမဲ့ ထင်ပေမဲ့.
အမှတ်တရ စွဲမှတ်ယူနေတဲ့
ငါ့စိတ်တွေ မယုံနိုင်အောင်
မင်းကို ချစ်မိနေခဲ့ပြီ..
 
မောင်

မ နဲ့ နီးချင်ပြီ

Posted by MG at 17:24 0 comments
ဘဝပန်းတိုင်
ခရီးရောက်ဖို့ .
အလွမ်းရက်ရှည်
နေ့ ရက်တွေကို 
ဖြတ်သန်းလာရ
ဒီဘဝမှာ
ချစ်နဲ့ ကိုယ်
နီးချင်လှပြီ.


မောင်

မောင်နဲ့ မ

Posted by MG at 17:23 0 comments
အထက်ဝဠာမှာ ကြယ်တွေစုံလို့ 
မောင်ခူးဖို့ ပြင်
မ က မခူးစေလိုရယ်လို့ 
ပြောပြန်တော့
ခူးမဲ့လက်လေးကို
ပြန်ရုတ်သိမ်းရတယ်.
မ လိုအင်ဆန္ဒ
ပြည့်ဝစေဖို့ 
မောင်က အမြဲအစဉ်
လုပ်ပေးခဲ့တယ်.
မ စိတ်ညစ်ရမှာ
မလိုလားခဲ့ပါ.
ဘာကြောင့်လဲ မ.
ချစ်တယ်ဆိုတာ
မ စိတ်ဆိုးမှာကို
မလိုလားတာကို
ပြောတာလား မ.


မောင်

လွမ်း

Posted by MG at 17:20 1 comments
လွမ်းတောင်ရယ် မပြေ
လွမ်းငွေ့ ရယ် ဝေတဲ့
လွမ်းသောင်ပြင်မှာ
အလွမ်းလေးတွေ
ကိုယ်စီရယ်နဲ့ 
လွမ်းစကား
လွမ်းစာလေးတွေကို
ရေးကြ.ပို့ ကြ
ချစ်ကြနဲ့ 
နှစ်တွေကြာလာတော့
နားလည်မှု့ တွေ
ခိုင်မြဲလာခဲ့တယ်.
 
မောင်

ရ၀်ပတ်နှောင်တွယ်

Posted by MG at 17:20 0 comments
မင်းမျက်နှာလေး
မြင်လိုက်ချိန်မှာ
လှိုင်းလုံးပမာ
ဖြစ်ပေါ်လာတဲ့
ရင်ခုန်သံက
ဘယ်အရာနဲ့ မှမတူ
တမူထူးခြား
နေခဲ့လေတယ်.
ချစ်သူရယ်.
ကိုယ့်ရင်ထဲမှာ
မင်းနဲ့ ပတ်သက်
ရစ်ပတ်နေတဲ့
ကြိုးလေးတချောင်းက
မင်းကို အမြဲချစ်နေဖို့ 
လမ်းပြနေတယ်.
 
မောင်

ချစ်တာ

Posted by MG at 17:19 0 comments
ချစ်ကို ချစ်တာ
အမုန်းတွေမပါ
အကြင်နာတွေနဲ့ 
ရှေ့ ဆက်ဖို့ သာ
စဉ်းစားခဲ့တာ
ဒီနေ့ ဒီခါ
ဒီအချိန်မှာ
ဘာတွေဖြစ်နေ
ခံစားနေခဲ့
မသိကျိုးကျွန်
ပြုနေခဲ့လည်း
နေမြဲနေသာ
နေသာသလို
နေပါချစ်ရယ်.
ရင်ထဲလှိုင်းထက်
အချစ်ဆိုတာ
ရင်ဝယ်စီးလို့ 
ရယ်ဝယ်စီးဆင်း
ရင်ထဲထိကာ
ခုန်လိုက်တဲ့ရင်ခုန်သံ
ပြောပြမတတ်အောင်
ဖြစ်နေလေတယ်
ချစ်သူရယ်.
 
မောင်

နှစ်ကိုယ်တူ

Posted by MG at 17:18 0 comments
ပန်းကလေးတပွင့်
ပွင့်ဖတ်လေးမှာ
မိုးရေစိုလို့ 
မိုးသီးလေးတွေ
ကျလာတဲ့ခါ
ယိမ်းယိုင်သွားတဲ့
ပန်းကလေးတပွင့်
ကြည်သူ့ ရင်မှာ
စိတ်ဝယ်နှလုံး
ကြည်နူးမှု့ တွေ
ဖြစ်နေလေတယ်...
မိုးလေးစဲတော့
ရေထိတဲ့ကြာ
လှပတင့်တယ်သလို
ပန်းကလေးမှာလည်း
လန်းဆန်းမှု့ တွေ
လှပမှု့ တွေနဲ့ 
တင့်တယ်နေလေတယ်.
ထို သောခါဝယ်.
ပျားလေး ပုတုန်း
အဆိုရှိတဲ့ ပန်းလေးရဲ့ အဖော်
လာကျီစေတော့
ပန်းကလေးမှာလည်း
ကြည်နူးရတယ်.
 
မောင်

မ ရှိမှ

Posted by MG at 17:17 1 comments
တနေ့ တနေ့ ဖြတ်သန်းလာရ
ဒီဘဝမှာ
တရက်ဆိုတဲ့ နေ့ရက်လေးတရက်
ဖြတ်သန်းခါဝယ်.
ချစ်သူမပါ လမ်းမသာနဲ့ 
ဖြတ်သန်းနေရတာ
ဖြတ်သန်းချင်သူမဟုတ်ပေမဲ့
တသက်တာအတွက်
တခဏတာနဲ့ 
ခံစားမှု့ ကို 
ရင်ဝယ်အုပ်လို့ 
ဖြတ်သန်းနေရတယ်..
ပန်းခင်းတဲ့လမ်း
လျှောက်ချင်ပေမဲ့
ကြမ်းတမ်းမှု့ တွေနဲ့ 
ဝေးနေရတဲ့အချိန်
သတိရစိတ်က
ပိုပြီး ရင်ထဲမှာ
ပြည့်လျှံလာခဲ့တယ်.
ချစ်သူ..
သစ္စာစကား တခွန်း
ဆေးဖက်ဝင်ရင်
ကမ္ဘာတည်သရွေ့ 
မေတ္တာဆိုတာ 
မပျက်ပြယ်ပါဘူး
ကိုနဲ့ ချစ်တို့ 
ချစ်နေမှု့ ဟာ.
၁၅၀၀ကို အရမ်းတည်ပြီး
၅၂၈ ဆိုတဲ့ မေတ္တာဓာတ်နဲ့ 
တယောက်အပေါ် တယောက်
နားလည်မှု့ ပေးဆပ်မှု့ နဲ့ 
ချစ်နေကြတယ်မလားကွယ်
 
မောင်

အမှောင်ကိုလင်းစေသူ

Posted by MG at 17:16 0 comments
ညအမှောင်မှာ လရောင်မသာတော့
ပြည်တခွင် မလင်းသာခဲ့
မှောင်နေရပ်ဝန်း ကျယ်ပြန့် လွင်ထဲ.
မှိတ်တုတ် မှိတ်တုတ် သွားလာနေကြ
ပိုးကောင်လေးများ ပိုးစူးကြူးငယ်
သူတို့ တွေပျော်ရွင် မှောင်ရိပ်တခွင်
ကြည့်သူ အဖို့ ရင်သက်ရှု့ မောဖွယ်.
ဖြစ်ရလေကား........
ထိုစဉ်အခိုက်
လျှပ်စီးလက်သလို
ဖြိုးဖြိုးဖျက်ဖျက်နဲ့ 
လင်းလက်ရောင်သဖွယ်
သတိရလိုက်တာက
သာယာချိုမြ
တေးသံတွေကို
တွန်ကျူးပေးတဲ့
ချစ်စရာ့ ဆွဲဆောင်
ကောင်းလွန်းလှတဲ့ 
ကိုကို ချစ်သူကို
ပြေးမြင်ယောင်လာ.
ပိုးစုန်းကြူးငယ်လေး
ခြုံလွှမ်းနေသော အရပ်လေးမှာ
ချစ်သူ လက်ကလေးကိုင်တွယ်လို့ 
ညအမှောင် လရောင်မသာပေမဲ့
လ ကိုကြိုးကွင်းစွပ်ဖမ်းခါဝယ်
လင်းထိန်းသလို
ချစ်ရဲ ကိုယ်ရောင်လေးက
ထွန်းလင်းနေမှာပါကွယ်.
 
မောင်

လွမ်းရက်တွေ

Posted by MG at 17:05 0 comments
ချစ်.
လွမ်းရက်တွေရယ်.
ရှည်လာပြန်တော့
ရာသက်ပန်အတွက်
ခိုင်မာတဲ့
ကြိုးလေးတချောင်း
ငြိတွယ်နေမိခဲ့ပြီလေ.

ဝေးရက်တွေများလာတော့
လွမ်းစကားတွေခြွေလို့ 
ချစ်သူဆီ လွမ်းစာလွှာလေး
ပို့ သနေတဲ့ မောင်တယောက်
အလွမ်းတွေနဲ့ ပေါ့.

ကောင်းကင်ပမာ
သမုဒ္ဒရာလို
ကျယ်ပြန့် နက်ရှိုင်းတဲ့
မောင့်ရင်ထဲက 
ချစ်ကို ချစ်တဲ့.
ခမ်းခြောက်မသွားသလို
ဘယ်တော့မှလည်း
ကုန်မသွားပါဘူးချစ်.
 
မောင်

နှစ်ယောက်တူ

Posted by MG at 14:11 0 comments
အသံလေးကြားရုံနဲ့ 
စွဲလန်းမှု့ တွေ ဖြစ်ပေါ်ခဲ့.
မကြားရပြန်တော့
ရင်ထဲ ဟာတာတာ
နေမရတဲ့ နေ့ တခုလို
 
မောင့့်မျက်နှာတွေ့ မြင်တဲ့ နေ့ ကလေးမှာ.
မ...   စိတ်တွေ လန်းဆန်းနေတဲ့
နေ့ ကလေးများစွာ
ရှိခဲ့လေတယ်.

ဒီလို ရက်များစွာ
ထာဝရ ရှင်သန်
ဖြစ်ခွင့်ရချင်တယ်..

မ 

နှစ်ယောက်တူ

Posted by MG at 14:11 1 comments
အသံလေးကြားရုံနဲ့ 
စွဲလန်းမှု့ တွေ ဖြစ်ပေါ်ခဲ့.
မကြားရပြန်တော့
ရင်ထဲ ဟာတာတာ
နေမရတဲ့ နေ့ တခုလို
 
မောင့့်မျက်နှာတွေ့ မြင်တဲ့ နေ့ ကလေးမှာ.
မ...   စိတ်တွေ လန်းဆန်းနေတဲ့
နေ့ ကလေးများစွာ
ရှိခဲ့လေတယ်.

ဒီလို ရက်များစွာ
ထာဝရ ရှင်သန်
ဖြစ်ခွင့်ရချင်တယ်..

မ 

နှစ်ကိုယ်တူ

Posted by MG at 14:09 0 comments
အသံလေးကြားရုံနဲ့ 
စွဲလန်းမှု့ တွေ ဖြစ်ပေါ်ခဲ့.
မကြားရပြန်တော့
ရင်ထဲ ဟာတာတာ
နေမရတဲ့ နေ့ တခုလို
 
မောင့့်မျက်နှာတွေ့ မြင်တဲ့ နေ့ ကလေးမှာ.
မ...   စိတ်တွေ လန်းဆန်းနေတဲ့
နေ့ ကလေးများစွာ
ရှိခဲ့လေတယ်.

ဒီလို ရက်များစွာ
ထာဝရ ရှင်သန်
ဖြစ်ခွင့်ရချင်တယ်..

မ..
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting