Wednesday 14 November 2012

ဆုတောင်း

Posted by MG at 23:56 0 comments
ဆုတောင်းဆိုတာ
မမှားစကကောင်းလို့ 
မောင့်ချစ်သူက  ပြောဖူးတယ်.
အမှားဆိုတာ မလုပ်တာ မဖြစ်တာ
ကောင်းတယ်ဆိုပေမဲ့
အမှားနဲ့ အမှန်က ကပ်ရက်ဆိုတော့
တခါတလေ အမှန်ကို အမှားထင်တာတွေကလည်း
ရှိနေသမို့ နောင်ဘဝဆိုတာများ
ရှိခဲ့ရင်တောင် မောင်ချစ်ရတဲ့
ချစ်နဲ့ ဆုံခွင့်ပေးပါလို့ 
ဆုတောင်းဒီနေရာမှာ
အများစာဖတ်ပရိတ်သတ်ရှေ့ တော်သို့ 
ရင်ဖွင့်လိုက်ရပါတယ်..


မောင်

မောင် ဆိုတဲ့ မနက်အလင်း

Posted by MG at 23:53 0 comments
မိုးလင်လို့ မျက်လုံးကလေးတွေ
ဖွင့်လိုက်တာနဲ့ စိတ်ထဲ
ရောက်နေ သတိရနေတာက
မောင်ရဲ့ သက်ထား ချစ်ပါပဲ
ဒီလိုသတိရစိတ်တွေက
နေ့ စဉ်ရက်ဆက်နဲ့ 
တဖြည်းဖြည်းတိုးလာတာ
ခုဆို နှစ်တွေတောင် လွန်ခဲ့ပေါ့..

ဒီလို သတိရမှု့ တွေက
တယောက်တည်းမဟုတ်တဲ့
ခံစားမှု့ ဆိုတော့
မောင့်ရင်ထဲ အတိုင်းအဆမရှိ
ဝမ်းသာပီတိအပြုံးတွေနဲ့ 
မနက်အလင်းရောင်နဲ့ အတူ
တရက်တာကို အပြုံးတွေကို
ဖြတ်သန်းနိုင်တယ်
အဲဒီစကားက
Morning MG တဲ့.


မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting