Saturday 24 November 2012

၂၄ ရက် ၁၁လ ၂၀၁၀ ခုနှစ်

Posted by MG at 23:15 0 comments
ချစ်သူ.. ဝေးနေပါစေ. မဝေးတဲ့ နှလုံးသားတခု ရင်ထဲမှာ အမြဲရှိနေပါစေနော်.. ချစ်သူ.. လွမ်းနေပါစေ. နှောင်ကြိုးဖွဲ့ တဲ့ ကြိုးလေးတချောင်း မောင်တို့ ရင်ထဲမှာ ရှိနေပါစေကွယ်.. ချစ်သူ.. မတွေ့ ရတဲ့ ဒီရက်တွေကြား ပင်ပန်းနေမှု့ တွေနဲ့  အလုပ်ခွင်မှာပဲ. ကြိုးစားနေတုန်း မောင့်ကို သတိရစိတ်တွေ ရှိနေရင်လည်း ခဏမေ့ ထားပါနော်. ချစ် ထိခိုက် ဒဏ်ရာ ရမှု့ တွေနဲ့ မောင်မမြင်လို မကြားလို့ တာကြောင့်ပါ. မောင်

Thursday 22 November 2012

၂၂ ရက် ၁၁ လပိုင်း ၂၀၁၂

Posted by MG at 21:46 0 comments
ချစ်ရတဲ့ ချစ် နေရာဒေသ အလုပ်တွေပြောင်းလဲမှု့ တွေနဲ့  နေရာဒေသတခုမှာ အနေကျဖို့ ဆိုတာ မလွယ်မှန်း မောင်သိပါတယ်. ဒါပေမဲ့ လွမ်းရတဲ့ အရာတခုကကွယ်.. တွေ့ ချင် မြင်ချင်စိတ်တွေက တိုးတိုးပြီးတော့ လာနေတယ်ချစ်ရယ်. ချစ် နေကောင်းပြီး အဆင်ပြေပါစေကွယ်.. အစစအရာရာ အဆင်ပြေဖို့ မောင်ဝေးရပ်မြေကနေ ဆုတောင်းပေးလျှက်ပါ.. တမ်းတမှု့ တွေနဲ့  လွမ်းရတဲ့ ရက်တွေကြား အချစ်ဆိုတဲ့အရာကို ထိတွေ့ ခံစား မြင်ချင် စိတ်တွေနဲ့  လွမ်းရက်တွေကို ကျော်ဖြတ်နေပါတယ် ချစ်သူ... မောင်

Sunday 18 November 2012

၁၈ ရက် . ၁၁ လပိုင်း . ၂၀၁၂ ခုနှစ်

Posted by MG at 01:41 0 comments
တခါတခါတော့လည်း ခံရခက်လိုက်တာ အားနည်းချက်တွေနဲ့  အသက်ရှင်နေသရွေ စကားပြောလွဲခဲ့ရတဲ့ နေ့ တွေကလည်း များခဲ့ပြီလေ.. ချစ်ဘက်က ကြည့်တော့လည်း မှန်နေပေမဲ့.ရင်ထဲမှာတော့တမျိုး. နားလည်မပေးနိုင်သေးတဲ့ စိတ်ကလေးတခု ဝင်နေတာကလည်း မောင့်ရဲ့ အားနည်းချက် ဖြစ်မယ်လို့ ထင်ပါတယ်. နာကြင်ပါစေ.ခွင့်လွှတ်တဲ့ စိတ်ကလေးတော့ မွေးနိုင်ရမှာပေါ့.. အရာရာကို နားလည်ပေးနိုင်ပေမဲ့. ငါက သူခိုးတယောက်လိုပါပဲ. အမှောင်ရိပ်မှာ ခိုနေတဲ့ လူသူမမြင်တဲ့အရပ်မှာ လမ်းလျှောက်နေသလို.. လမ်းပျောက်လို့ လမ်းလျှောက် ရည်ရွယ်လမ်းကို ရောက်နိုင်အောင်လို့  စွမ်းအားတွေဖြည့် တင်းတင်းခံကာ ကြိုးစားနေပါလျှက်. ကြင်နာသက်ထား အနားမှာများရှိနေပလား သတိရနေမိ.. မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting