Monday 4 July 2011

မေ့ဖို့ ခက်

Posted by MG at 09:30 0 comments
အဖြစ်ရယ်
ပုံဖို့ လွယ်
အချစ်ရယ်..
မေ့ဖို့ ခက်
ဒီအလွမ်း
သက်ဆုံးတိုင်
လွမ်းဆဲပေါ့..

မောင်

ဒွန်တွဲတဲ့ အရာလေးတခု

Posted by MG at 09:29 0 comments
မောင့်ရဲ့ အသည်းတစ်ခြမ်းက
မောင်အသက်ရှင်ဖို့ 
နောက်တစ်ခြမ်းက
ချစ်ပါ.
မောင်နဲ့ အမြဲ
တွယ်ငြိနေတဲ့
အရာလေးတခု
ချစ်ခွဲသွားရင်
မောင့်ရဲ့ ရပ်တည်မှု့ က
မပြည့်စုံနိုင်သလို
ချစ်ဖေးမမှ
အဆင်ပြေမဲ့ အရာလေးတခု..

မောင်

မေ့ဖျောက်ဖို့ ခက်

Posted by MG at 09:27 0 comments
ပြောခဲ့စကား
လေထဲလွင့်လို့ 
ရေပြင်မျောပါ
အရာမထင်း
ဖြစ်နေခဲ့လည်း
တကယ်ချစ်တော့
မေ့မရဒီစိတ်
နှလုံးသားထဲမှာ
စူးနင့်မှု့ က
ထိုးနက်နေလည်း
မေ့ဖျောက်ဖို့ ခက်..

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting