Saturday, 15 October 2011

ချစ်အနားမှာ

Posted by MG at 08:19 0 comments
အားငယ်မှု့ တွေ
ဖြစ်ပေါ်လာတဲ့
စိတ်တစ်ခုခံစားမိတိုင်း
ချစ်အနားမှာ
မောင်ဟာ မားမတ်စွာနဲ့ 
ရှိနေတယ်ဆိုတာ
စိတ်ထဲထည့်ထားပါ
စကားနဲ့ ရှိနေနိုင်ပေးတဲ့အတွက်
လိုအပ်ချက်တွေရှိပေမဲ့
မောင်နဲ့ တွေ့ ရင်
ပျော်နေမိတဲ့
ချစ်ရဲ့ အပြုံးလေးတွေကို
ထပ်ပြီး ပျော်စေချင်တယ်..

မောင်.

Friday, 14 October 2011

ထိမိတဲ့ အနမ်း

Posted by MG at 10:18 0 comments
ထိမိတဲ့ အနမ်းတခုကို
အပေးခံရတဲ့ အချိန်မှာ
ဒီအနမ်းစက်ကွင်းထဲက
ထွက်ရခက်မှန်း သိလာတယ်...

အနမ်းဆိုတာ
လှပစွာ စိုက်ပျိုးထားတဲ့
ပန်းခင်းအလား.
ဘယ်အချိန် ကြည့်ကြည့်
ကြည်နူးမှု့ နဲ့ ဆန်းသစ်နေတဲ့
အရာဖြစ်လေတော့.
ထပ်ကြည့်ချင်တဲ့
စိတ်ကလေး ဖြစ်လာတာ
ပိုပြီး ချစ်မိလာတာ
ပန်းခင်းလေးကို
ထာဝရ ပိုင်ဆိုင်ချင်လာတာ.
မောင် မမှားဘူးမလား......

ဖူးငုံစ နှင်းဆီပမာ
ချစ်ရဲ့ နှုတ်ခမ်းလေးက
လှပနေတော့
မောင်ဆိုတဲ့ .
ပျားပုတုန်းလေးက
ချစ်ရဲ့ ဝတ်ရည်လေးကို
စုတ်ယူတာ
သဘာဝတရားက
ဖန်တီးထားတဲ့
အရာတခုလေလား...

မောင်

Tuesday, 11 October 2011

မနေ့ ကလည်း ဒီနေ့ 

Posted by MG at 09:12 0 comments
ယနေ့ ကလည်း ယနေ့ ပဲ
မနေ့ ကလည်း ယနေ့ လိုပဲ
ပျော်ရွှင်မှု့ တွေနဲ့ 
ပြည့်နက်နေတဲ့ 
အခြေနေလေးကနေ
ဘယ်တော့မှ
ထွက်ခွာမသွားနဲ့ လို့ 
တားထားချင်တယ်..

စိတ်က နားလည်ပေးပြီး
နှလုံးသားထဲက ချစ်နေတော့
ပိုခိုင်မြဲပြီး ကျစ်လျစ်တဲ့
အချစ်ဖြစ်ပြီပေါ့
ဘယ်ကျောက်ဆောင်က
တိုက်စားပြီး
လှဲဖြိုနိုင်မလဲ...
ခိုင်ခံ့တဲ့ သံယောဇဉ်လေးတခုက
ချစ် နဲ့ မောင် ကြားမှာ
ရှိနေပြီနော်....

မောင်

Monday, 10 October 2011

ချစ်သိစေ.

Posted by MG at 11:11 0 comments
ရင်ထဲမှာ ရှိုက်ငိုရင်းနဲ့ 
ငိုကြွေးခဲ့ရတဲ့
နေ့ တွေကို
ချစ်သိရင်
မောင့်ကို ပိုချစ်လိမ့်မယ်.

ကွယ်ရာမှာပဲ
ကျတဲ့မျက်ရည်
ဖြစ်ချင်တယ်.
လူတိုင်း ကိုယ့်ချစ်သူကို
မခံစားစေချင်ပေမဲ့.
ချစ်တော့ ခံစားကြရတယ်.
အိပ်ရာထဲမှာ
ရှိုက်ငိုခဲ့တဲ့
ရက်ကလေးက
မေ့မရခဲ့ပါဘူး....

ဝဋ်ကြွေးပါရင်
ပြေးမှမလွတ်တဲ့
စကားလေးက
မှန်လှတာမို့ 
ဆို့ နင့်မှု့ တွေကို
တခါက ခံစားခဲ့ရလည်း
ချစ်တော့ မေ့မရခဲ့သလို
ယနေ့ တိုင်လည်း
ချစ်နေဆဲ..
နောင်လည်းထာဝရ
ချစ်သွားမှာပဲ...

မောင်

Sunday, 9 October 2011

အနမ်းတစုံ

Posted by MG at 08:30 0 comments
အနမ်းဆိုတာ
ပေးသင့်တဲ့လူကို
ပေးတာက ပိုပြီး
နှစ်လိုဖွယ်ကျတဲ့
အရာလေးတခုဆိုတာ
လူတိုင်းသိကြမှာပါ.

အနမ်းတခုမှာ
ဆွဲဆောင်အား
100% ပြည့်ပါတယ်လို့ 
မပြောနိုင်ပေမဲ့
အချစ်ကို တိုးဆပွားတဲ့
ဓာတ်သတ္တိတွေပါလေတော့
မောင်နဲ့ ချစ်တို့ ရဲ့ 
အချစ်ကလည်း
တိုးပွားနေမယ်ဆိုတာ
ယုံကြည်နေမိတယ်...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting