Thursday, 23 June 2011

ကျေနပ်နိုင်အောင်

Posted by MG at 22:04 0 comments
စိတ်နာအောင်
လုပ်တယ်ဆိုရင်
ပိုပြီး ချစ်ရုံကလွဲလို့ 
အရာထင်းမှာ
မဟုတ်သလို
လျှော့သွားမှာလည်း
မဟုတ်ပါဘူးလေ...

လွမ်းနေရုံလေးနဲ့ 
ကျေနပ်နိုင်အောင်
ကြိုးစားရတော့မယ်..

မောင်

သတိတရနဲ့ ..

Posted by MG at 01:59 0 comments
တွေ့ နေကျ
အချိန်ရောက်တိုင်း
မလာမှန်းသိပေမဲ့ 
မျှော်နေမိ
စောင့်စားနေမိတယ်..

 သတိရရင်.
ပြန်လာပါ.
မောင့်အသည်းတခါးက
ချစ်အတွက်
အမြဲထာဝရ.
ဖွင့်ထားလျှက်..

မောင်

Wednesday, 22 June 2011

ရည်မှန်းခဲ့တဲ့အရာ

Posted by MG at 01:24 0 comments
တွေ့ တဲ့အချိန်တိုင်း
စိတ်ညစ်မှု့ တွေ
ကင်းကွာပြီး
ပျော်ရွှင်မှု့ တွေ
ဖြစ်စေခဲ့တယ်.

အလွမ်းတွေ
ရက်ဆက်လွမ်းတောင်
အလွမ်းက
ခိုင်မာတဲ့
ဘဝတခုကို
တည်ဆောက်ဖို့ 
စိတ်ကူးခဲ့တယ်..

ဖြေပါတယ်.
အလွမ်းဒဏ်က
ဖြေမရအောင်
ကျရှုံးလျှက်...

မောင်

Monday, 20 June 2011

တူတူနေမယ်

Posted by MG at 00:48 0 comments
ငှက်ဖြစ်ရင်တောင်
တကိုင်းတည်း နားခိုကာ
အတူနေပြီး
စကားတီးတိုး
ချစ်စကားလေးတွေ
ပြောချင်ခဲ့တယ်..

မောင့်ရဲ့ စိတ်ကူး
လေထဲမှာ
မြောပါသွားပြီလား..

တခါမှ မတွေးမိတဲ့
ဖြစ်ရပ်တွေ
ဖြစ်လာတော့
မယုံနိုင်အောင်
ဖြစ်ရပ်ဆန်းက
ဝင်လာပြန်တော့
ခံပေအုံးတော့..

မောင်

Sunday, 19 June 2011

ဆုတောင်းလည်း မမှားခဲ့ပါဘူး...

Posted by MG at 01:23 0 comments

အချစ်တခု.

Posted by MG at 01:08 0 comments
အချစ်စစ်တခုကို
ရှာတွေ့ တဲ့အချိန်
အချစ်က
မောင့် အနား
မရှိတော့ဘူး...

အရာရာဟာ
မောင့် အမှားပါ.
ချစ်ပျော်သလို
စေလို ရာစေပါ.

မောင့် အချစ်က
ချစ် အတွက်
ပူလောင်ခြင်းကို
ပေးခဲ့တယ်ဆိုရင်.
ပူလောင်ခြင်းတွေ
ကင်းဝေးပါစေ..

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting