Friday 1 April 2011

ချစ်

Posted by MG at 19:13 1 comments
ချစ်
သည်လို ခံစားမှု့ 
မခံစားဖူးခဲ့သော
နှလုံးသားတစ်စုံမှာ
ဖူးပွင့်လာတဲ့
ပန်းလေးတပွင့်ရယ်.

သည်လိုအချစ်

မချစ်ဖူးသော
အချစ်တွေထဲမှာ
အရူးမူးစွဲလန်းရသော
ချစ်တဲ့သူရယ်..

ချစ်သက်တမ်းတွေ

ရှည်လျှားရစ်ပတ်
နေနေလေတော့
ကောင်းကင် မြေကြီး
လက်ခုတ်တီးကား
အားပေးလေတယ်.
ချစ်သူနှစ်ဦးကို...

အော်..ချစ်သူရယ်.

ပန်းပျိုးတဲ့လက်တစုံဟာ
ဥယျာဉ်မှုး ဆိုသလို
ချစ်သူကို ပန်းလိုပမာ
ပျိုးထောင်ချင်တာ
ချစ်သူတွေရဲ့ .
သက်ရောက်တဲ့
ရင်ခုန်သံစစ်စစ်ပါ..

မောင်

မ အတွက်

Posted by MG at 19:12 0 comments
ချစ်သူ.
လင်းလက်မှု့ တွေကြားမှာ
ဂုဏ်ယူဝင့်ကြွားလို့ 
ထည်ဝါစွာရှိနေမဲ့
မင်းလေးရဲ့  စိတ်ထား ရနံ့ လေးက
မြင်သူကို ငေးစေတယ်နော်.

ချစ်သူ.

အပြုံးလေးတချက်ဆိုပေမဲ့.
မင်းအပြုံးလေးက
တိမ်ကင်းစင်သောညမှာ
လင်းလက်သော ကြယ်တပွင့်ပမာ.
ထွန်းလင်းနေတယ်နော်...

ချစ်သူ..

လွမ်းရက်တွေ ရှည်ကြာနေပေမဲ့
မမေ့နိုင်သော နှလုံးသားမှာ.
အပြုံးများစွာနဲ့ ..ချစ်နေဆဲမို့ .
တနေ့ အရောက်လာခဲ့မယ်
မင်းလေးဆီကို..


မောင်

ကြင်နာချိန်

Posted by MG at 19:10 1 comments
လွမ်းရက်တွေကို ကျော်ဖြတ်ဖို့ 
အားတွေ မွေးနေချိန်မှာ
တွဲလက်ခိုင်ဖို့ တော့လိုတယ်.
ရင်ထဲက ကျမျက်ရည်တွေ
မကျလာအောင် လုပ်ဖို့ 
အချစ်ရဲ့ အားအင်တွေ လိုတယ်.
ရင်ထဲက အလွမ်းတွေကို
ဖြေသိမ့်ဖို့ တော့
ချစ်ရဲ့ အကြင်နာတွေက
ပိုပြီး ထိရောက်မှာပါ..

မောင်

မျက်ရည်ကျရုံ

Posted by MG at 19:08 0 comments
ကျမျက်ရည်က မခမ်းပါဘူး.
မျက်လုံးထဲက ကျလာတဲ့
မျက်ရည်စက်ကလည်း
ငိုချင်ရက်နဲ့ 
မငိုဖြစ်ဘူး..
အသံမထွက်ဘူး..
လှိုင်းလုံးနဲ့ တူတဲ့
တလိပ်လိပ်တက်လာတဲ့
ခံစားချက်များက
မျက်ရည်တွေလား.
ငါမငိုပါဘူး.
မျက်ရည်ကျရုံပါ.
မောင်

မောင့် ဆန္ဒ

Posted by MG at 18:12 0 comments
အွန်လိုင်းပေါ်ရောက်ရင်
မ ကို စိတ်မညစ်စေချင်တာ
မောင့် ဆန္ဒပါ.
ပျော်ရွှင်မှု့ လေးတွေ
အမြဲတမ်း ဖန်တီးပေးချင်တာ
မောင့် ဆန္ဒပါ.
ထင်မှတ်တာတွေ
ပြောင်းပြန်စီးသော
မြစ်တစင်းလို့ 
အရှိန်ပြင်းလာတော့
စိတ်ထဲ တကယ်မကောင်း
နာကျင်လှပါရဲ့ .
အစိမ်း အနီဆိုတဲ့ 
အရောင်လေးကိုမြင်ရင်
မ အွန်လိုင်းမှာရှိတယ်
အသိလေးက
ပျော်မြူးနေတယ်.
မင်  အောက်သွားတော့
မီးစိမ်း မီးနီလေးတွေ
မှိန်သွားပေမဲ့.
မကို ပျော်ရွှင်စေချင်တာ
မောင့် ဆန္ဒပါ..

မောင်
Posted by MG at 17:58 0 comments
နှလုံးသားတွေ 
အစိတ်စိတ်အမွှာမွှာ
ကွဲကြေပြီးမှ
ရလိုက်တဲ့ ဒဏ်ရာက
ပြင်းထန်လွန်းတော့
ဆေးဆိုတာ ဘယ်နား
မသိခဲ့ရာ
ကုသဖို့ ကြံရွှယ်.
အလွမ်းတွေက 
ကျွမ်းလောင်မြိုက်နေပြီမို့ .
ကုသဖို့ ခက်နေဆဲ
ချစ်ရယ်.
မင်းကုသမယ်ဆို
ပျောက်မဲ့ရောဂါလေးပါ
မင်း ကုသင့်ပါတယ်.
မင်း ကုလှည့်ပါနော်.
မောင်

ထာဝရ

Posted by MG at 17:53 0 comments
တသွင်သွင်နဲ့ 
စီးကျနေတဲ့
စမ်းချောင်းလေးမှာ
တရီရီနဲ့ မြည်သံလေးတွေက
လွှမ်းမိုးနေခဲ့.

လေဟုတ်သံ ရူးရူး 

တိုက်ခက်နေချိန်မှာ
ခြောက်သွေ့ သစ်ရွက်လေးတွေက
လွင့်လူး ကြွေကျနေခဲ.

ခြောက်သွေ့ လွင်ပြင်မှာ
 
ပူးပြင်းဒဏ်ကြောင့်
ငှက်ကလေးများ
အေးချမ်းတဲ့အရပ်ကို
ပြောင်းရွေ့ နေခဲ့

စက္ကန့် တွေရွေ့ 
 
အချိန်တွေပြောင်းလို့ 
ပူးပြင်းလွင်ပြင်
သဏ္ဍာန်တူလည်း
ချစ်ကို ချစ်မြဲ
မမေ့ပေဘူးပဲ.
မောင်

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting