Saturday 29 October 2011

မောင့်အတွက်

Posted by MG at 06:42 1 comments
မောင့် ကိုမတွေ့ 
မ လွမ်းနေ မိ
မောင်ကပြစ်ထား
မ ငိုနေမိ
မောင် ကပြန်ချော့ 
မ ပြန်ချစ်မိ
အော် အချစ်ချစ်
တော်တော် စွမ်းတဲ့ဆေးတလက်မှန်း
ခုမှသိတယ်
မောင်ရယ်.......................

ချစ်

Thursday 27 October 2011

မနက်အလှမှာ ပွင့်တဲ့ပန်း

Posted by MG at 12:08 0 comments
အနမ်းတပွင့်နဲ့ 
မနက်အလှကို
မောင်ဖန်တီးတော့
ပျော်ရွှင်မှု့ ရင်မှာ
အပြုံးပီတိတွေက
ထုတ်ဖော်ပြောမရတဲ့
အခြေနေလေးတခုအလား.

လှပတဲ့ ချစ်နှုတ်ခမ်လေး
လေယူယိမ်းလို့ 
မောင့် ပျားပုတုန်းလေး
ပျံဝဲခါမှာ
ထိတွေ့ လိုက်တဲ့
တခဏတာက
ဘဝမှာ တသက်စာလို့ 
နှလုံးသားထဲ
စာတမ်းထိုးထားလျှက်
မှတ်ကျောက်တိုက်တခု
စိုက်ထူထားတဲ့
ဆုံမှတ်ကလေးဆီ.....

မောင်

သံယောဇဉ်

Posted by MG at 08:14 0 comments
ရစ်တွယ်နေတဲ့ 
အချစ်တို့ ရဲ့ 
တနေရာမှာ
နွယ်ပင်လေးများ
ရစ်ပတ်နေသလို
ကြိုးလေးတစ်ချောင်း
နှစ်ကိုယ်ကြားမှာ
ရှိနေတာမို့ 
အလှမ်းဝေးလည်း
မမှု့ သလို
ချစ်လို့ သာနေလိုပါ၏....

မောင်

Wednesday 26 October 2011

ဖက်ထားမယ်.

Posted by MG at 08:18 0 comments

Tuesday 25 October 2011

ထပ်တိုးနေတဲ့ အချစ်

Posted by MG at 10:15 0 comments
ပျော်ရွှင်မှု့ ဆိုတာ
နေ့ တိုင်းရတတ်တဲ့
အရာမျိုးမဟုတ်မှန်း
သိပေမဲ့.
ဒီနေ့ ပျော်ရွှင်မှု့ တွေက
နောက်နေ့ ပျော်ရွှင်မှု့ တွေနဲ့ 
ထပ်တူရှိလေတော့
ပုံပမာ စကားတွေတောင်
မှားရောလေသလား
ထင်မိလေတယ်...
ဒီနေ့ နဲ့ မနေ့ က မတူသလို
နောင်နေ့ တွေလည်း
တူမှမဟုတ်လေတော့.
တသက်လုံးပဲ
ထပ်တိုးလို့ ပျော်ရွှင်စွာ
ချစ် ချင်တယ်.....

မောင်

မနက်ပွင့်တဲ့ ချစ်မျက်နှာ

Posted by MG at 10:14 0 comments
ချစ်.

ပွင့်သစ်စ
ပန်းကလေးတပွင့်ရဲ့ 
လှပတင့်တယ်မှု့ က
မနက်အလင်းကို
လှပအောင်
ဖန်တီးလေတော့
မောင့် ချစ်သူ
ချစ်တစ်ယောက်
ပွင့်သစ်စ
ပန်းကလေးရဲ့ လန်းဆန်းမှု့ တွေနဲ့ 
မနက်အလှကို ခံစားပြီး
တနေ့ တာကို ခက်ခဲမှု့ မရှိ
အောင်မြင်စွာ
ဖြတ်သန်းနိုင်စေ....

မောင်.

Monday 24 October 2011

မကုန်ဆုံးလေတဲ့

Posted by MG at 11:37 0 comments
သတိတရနဲ့ 
လွမ်းလျှက်ကာနေပေမဲ့.
ရက်တွေသာ
ကုန်ဆုံးတယ်.
လွမ်းစိတ်ကမပြယ်သာတော့
ချစ်စိတ်က တိုးတိုးလာ
ရင်မှာအရင်တိုင်း
ဆက်ချစ်ကာနေလို့ 
တသက်တာကို
လှမ်းဖို့ ကာပြင်
မောင်နဲ့ ချစ်.
ထာဝရ
နီးစပ်ပါရစေ....


မောင်

ချစ်က မောင့်အတွက်

Posted by MG at 07:30 0 comments
ထိတွေ့ တဲ့
ခံစားမှု့ လေးတခုက
ရင်ထဲထိ ရင်ခုန်သံကို
နှိုးဆွပေးလေတော့
တသက်မှာ
မကြုံစဖူး
မချစ်စဖူး
ဖြစ်နေခဲ့ပြီး
ချစ်က မောင့်အတွက်
တန်ဖိုးဖြတ်မရတဲ့
အရာလေးတခု
မောင့်ဘဝမှာ
အရေးပါ အရာရောက်တဲ့
အရာလေးတခုပါ...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting