Thursday 8 March 2012

လမ်းသစ်တခု..

Posted by MG at 04:08 0 comments
ချစ်
တသက်လုံးမှာ
မမေ့နိုင်တဲ့ 
နေ့ ရက်တခုက
ဒီရက်လေးပါ.
ဒီရက်လေးက
ချစ်အနားကို
နီးသထက်နီးအောင်
လှမ်းလာတဲ့ 
ခြေတလှမ်းက
လမ်းသစ်ထွင်လို့ 
ဒီနေ့ မှာ ဆိုက်မြိုက်စွာ
ရောက်လာခဲ့တယ်..

ပျော်ရွှင်မှု့ အပြည့်
ပီတိတွေနဲ့ ဒီရက်က
နောက်နေ့ ကို
ကူးတဲ့အချိန်ထိတောင်
မောင်နဲ့ ချစ် တူတူဖြစ်သန်းခဲ့တယ်နော်..

ချစ်ဘဝရဲ့ လိုအင်က
မောင်ဆိုတာကို
သိနေသလို
မောင့်ဘဝရဲ့ လိုအင်က
ချစ်ဆိုတာကို  ချစ်သိနေလိမ့်မယ်.
ချစ်ခြင်း အသိချင်းတွေ
သွယ်ဆက်လို့ 
တချိန်မှာ ပျော်စရာကောင်းတဲ့
အိမ်လေးတစ်အိမ်
မတည်ဆောက်နိုင်ပေဘူးလား...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting