Thursday 30 May 2013

အမှတ်ရနေစေဖို့ 

Posted by MG at 11:51 0 comments
ဆုံဆည်းခဲ့တဲ့ နေရာလေးနဲ့ 
အမှတ်တရတွေ ဖြစ်စေမဲ့
အရာတွေက
ငါနဲ့ မင်းကြားမှာ.
စည်းတခုလို ခြားနားဖို့ တော့
မဖြစ်ဟုတ်ဘူးနော်...
အမှတ်တရဆိုတာသမိုင်းလိုပဲ
နောင်အခါလည်း ပျောက်ပျက်မသွားသလို
အမြဲတမ်း အမှတ်ရနေဖို့ နဲ့ 
နောက်လာမဲ့လူတွေ ငါနဲ့ မင်းရဲ့ 
အမှတ်တရနေရာလေးကို
ကြည့်ရုံနဲ့ တသသ ဆွေးနေရမဲ့
အဖြစ်မျိုးလေး ဖြစ်သွားနေစေဖို့ ပါ...


မောင်

Monday 27 May 2013

အမှတ်တရလေး

Posted by MG at 18:32 0 comments
ချစ်ကိုညာပြီး
တိုးတိုးလေး စကားပြောမယ်ဆိုပြီး
ခိုးနမ်းလိုက်ရတဲ့
အနမ်းလေးက
မောင့်ဘဝအတွက်
အမှတ်တမဲ့ မဟုတ်တဲ့
အမှတ်တရလေး ဖြစ်နေမယ်နော် ချစ်...


မောင်

နှလုံးသားမှာ စာတွေရေးကြမယ်

Posted by MG at 18:22 0 comments
ချစ်အပေါ်
အနွံတာခံချင်တဲ့ စိတ်
အမြဲတမ်း မောင့်အနားမှာ
ထပ်ကြပ်မကွာ ရှိနေစေချင်တဲ့စိတ်
ဒီ ချစ်စိတ်တွေက
ထာဝရ မသေတမ်း
ပျောက်ပျက်မသွားရအောင်
နှစ်ယောက်လုံး နှလုံးသားမှာ
ရင်ထဲကလာတဲ့ စကားတွေနဲ့ 
စာတွေ ရေးကြမယ်နော် ချစ်.

မောင်

ကြည်နူးမှု့ 

Posted by MG at 18:18 1 comments
ချစ်.
မောင့် ပုခုံလေးပေါ်မှာ
မှီထားရတာ ဘယ်လိုလဲ
အေးချမ်းမှု့ များနဲ့ 
လွှမ်းခြုံထားတဲ့
တို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို
မြင်သူအားလုံးလည်း
မောင်တို့ နှစ်ယောက်လိုပဲ
ကြည်နူးမှု့ တွေ
ရှိကြမှာပဲနော်...

မောင်

ပန်းလေး

Posted by MG at 18:13 0 comments

မင်းဟာ ငါ့အတွက်
စေလိုရာစေ
သွားလိုရာသွားဆိုတဲ့
ပန်းလေးတပွင့်မဟုတ်ပါဘူး...
င့ါအနားမှာ အမြဲနေပေးပါလို့ 
ငါက အမြဲတမ်း မင်းကို တောင်းပန်နေမှာပါ.
ပန်လေးကို နမ်းရှိုက်ချင်တဲ့ 
ငါ့ရဲ့ ထာဝရ နှလုံးသားတခုက
ပန်းလေးကို အမြဲလန်းဆန်းစေဖို့ ပါ...


မောင်

ချစ်စုံတွဲလေး

Posted by MG at 18:10 0 comments
ကြည်နူးမှု့ များစွာ
နှလုံးသားတခုကို
ချစ်ခြင်းများနဲ့ 
နှစ်ယောက်ပေါင်းပြီး
အချစ်တခုကို
ဗဟိုပြုဖန်တီးကြတဲ့
ချစ်စုံတွဲလေး....



မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting