Saturday 2 July 2011

ချစ် အတွက် မောင်

Posted by MG at 02:01 0 comments
ချစ်က ငှက်ကလေးသာဆိုရင်
မောင်က ချစ်နားခိုရာ
သစ်ကိုင်းငယ်လေး..

ချစ်က ပန်းလေးဆိုရင်
ချစ် ခိုင်မြဲစွာ
ရပ်တည်ဖို့ 
မောင်က ရိုးတံငယ်ပါ..

ချစ်က ကြာပွင့်ငယ်ဆိုရင်
ချစ်အမြဲလှပြီး
အသက်ရှင်ဖို့ 
မောင်က ရေပြင်ကြီးပါ.

မောင်

Thursday 30 June 2011

ချစ်နေမယ်

Posted by MG at 10:29 0 comments
လမ်းအလယ်မှာ
ပန်းခရေ
မညှိုးနွမ်းဖို့ 
စိတ်ရွှင်လန်းမှု့ ကို
တသက်တာပေးလို့ 
ထာဝရ ချစ်နေမယ်.



မောင်

မေ့ဖျောက်ဖို့ ခက်

Posted by MG at 10:28 0 comments
မေ့လွယ် မုန်းလွယ်
ပျက်ပြယ်လွယ်တဲ့
အချစ်မျိုးနဲ့ 
ချစ်ခဲ့တာမဟုတ်
မေ့ဖျောက်ဖို့ ခက်
ငါ့ရင်ထဲ.က
ချစ် ဆိုတဲ့ သူကို
သတိရအစဉ်
မေ့မရမှု့ တွေနဲ့ 
လွမ်းဆဲ သတိရ
အသည်းနှလုံးထဲက.

မောင်

Wednesday 29 June 2011

မှန်ကန်တဲ့အရာတခုလို့ သိလိုက်တဲ့အချိန်.

Posted by MG at 00:32 0 comments
ရိုးသားတဲ့အချစ်တခု
ငါ့ရင်ထဲ ပေါ်ပေါက်ခိုက်
မထင်မှတ်တဲ့
ပြင်းထန်တဲ့ ရိုက်နှက်မှု့ က
ငါ့ရင်ကို ပြောင်းဆန်အောင်
လှုပ်ခပ်လေတော့
နှိုင်းစရာမဲ့ 
နူးညံ့လွန်းတဲ့
ငါ့နှလုံးသား တစ်စုံ
ရူးမတတ် အစဉ်နဲ့ 
အချိန်တွေကို
ဖြတ်သန်းနေရှာ.....

မောင်

ဘဝတကွေ့ က ချစ်သူ

Posted by MG at 00:30 0 comments
ဘဝတကွေ့ 
ခဏတွေ့ ပြီး
မြန်စွာခွဲကွာ
ရှိခဲ့လေ၍
နာကျင်ခံစား
ဒီနှလုံးသား
သည်းပျက်မတက်
ဖြစ်ခဲ့ပါ၏

မောင်

Monday 27 June 2011

ပျော်စရာကောင်းတဲ့အချိန်..

Posted by MG at 01:16 0 comments
ဘဝမှာ
မ နဲ့ ချစ်ခဲ့တဲ့
အချိန်တွေက
ပျော်စရာတွေနဲ့ 
ပြည့်နေခဲ့တယ်..

အလွမ်းတွေက
ချောင်းပေါက်မတတ်
ဖြစ်ခဲ့ရလည်း
မျှော်လင့်ချက်သာ
တိုးနေခဲ့..

မောင်

Sunday 26 June 2011

အရှုံးတွေနဲ့ 

Posted by MG at 00:57 0 comments
အခါခါကျရှုံး
အရှုံးများစွာနဲ့ 
နေ့ ရက်များမှာ
ဖြတ်သန်းလာရ
ရင်ထဲမှာ
နာကျင်မှု့ က
ခံစားမနိုင်
အပြစ်မမြင်
ခွင့်လွတ်စိတ်က
ရှိနေခဲ့တာ.
အချစ်ပဲဖြစ်မှာ..

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting