Thursday 16 June 2011

အရိပ်လို

Posted by MG at 14:19
ချစ်.
ဘယ်ကိုသွားသွား
အရိပ်ယောင်များ
နောက်လိုက်ပါနေသလို
မောင့်စိတ်နားက
ချစ်မခွာသလို
အမြဲကပ်တွဲနေတယ်...

သစ်ရွက်ကလေးတွေ
လေယူ ယိမ်းနွဲ့ နေတာ
ရယ်သံအလား
မောင့်ကို လှောင်နေတယ်.
လှောင်ရယ်သံတွေ
ရပ်တန့် စေဖို့ 
ချစ်အပြုံးလေး တပွင့်က
ဆေးဆိုရင်
မောင့်ကို ဒီလိုပဲ
ကြည့်နေတော့မှာလားကွယ်..

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting