Saturday 8 October 2011

အနမ်းသစ်ရဲ့ အချစ်

Posted by MG at 10:15
အနမ်းတခုက
ချိုမြိန်တဲ့ အရာလေးကို
ပေးစွမ်းတဲ့ အစွမ်းလေးနဲ့ 
မနက်အလှရဲ့ ရောက်ခြည်နဲ့ အတူ
သာယာနူးညံ့တဲ့ ခံစားမှု့ လေးပါ
တွဲဖက်ပြီး
တရက်တာဆိုတဲ့ ခရီးလေးကို
ပျော်ရွှင်စွာ ဖြတ်သန်းဖို့ 
အားတခုပမာ.....

မရိုးအီတဲ့
စကားထဲမှာ
ချစ်တယ်ဆိုတဲ့
စကားလေးတခွန်း
နှိုင်းမရတဲ့
အနှစ်သာရ
ရှိနေလေတော့
စက္ကန့် အချိန်မရွေး
ပြောနေခဲ့လည်း
မရိုးနိုင်ခဲ့....

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting