ထိမိတဲ့ အနမ်းတခုကို
အပေးခံရတဲ့ အချိန်မှာ
ဒီအနမ်းစက်ကွင်းထဲက
ထွက်ရခက်မှန်း သိလာတယ်...
အနမ်းဆိုတာ
လှပစွာ စိုက်ပျိုးထားတဲ့
ပန်းခင်းအလား.
ဘယ်အချိန် ကြည့်ကြည့်
ကြည်နူးမှု့ နဲ့ ဆန်းသစ်နေတဲ့
အရာဖြစ်လေတော့.
ထပ်ကြည့်ချင်တဲ့
စိတ်ကလေး ဖြစ်လာတာ
ပိုပြီး ချစ်မိလာတာ
ပန်းခင်းလေးကို
ထာဝရ ပိုင်ဆိုင်ချင်လာတာ.
မောင် မမှားဘူးမလား......
ဖူးငုံစ နှင်းဆီပမာ
ချစ်ရဲ့ နှုတ်ခမ်းလေးက
လှပနေတော့
မောင်ဆိုတဲ့ .
ပျားပုတုန်းလေးက
ချစ်ရဲ့ ဝတ်ရည်လေးကို
စုတ်ယူတာ
သဘာဝတရားက
ဖန်တီးထားတဲ့
အရာတခုလေလား...
မောင်
Friday, 14 October 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Love is the medicine