Saturday 22 October 2011

ချစ်သိစေ.

Posted by MG at 07:41
ချစ်.
တယောက်ဆို တယောက်ပဲ
ချစ်တတ်လာအောင်
ချစ်က သင်ပေးခဲ့တာပါ.
ချစ်ကလွဲရင်
မောင်ဘယ်သူ့ ကိုမှ
ချစ်လို့ မရတော့ဘူး..
ချစ်သိပါစေ..

လွမ်းတယ်ချစ်...
အလွမ်းတွေ
ရက်ဆက်လွမ်းလည်း
မေ့မရသူက
ချစ်ပဲမို့ 
ရင်ထဲက ရင်ခုန်သံ
နှလုံးသားက
စကားသံလေးတွေကို
ချစ်ကြားပါစေ....

အနမ်းပေးတုန်း
ရင်ခုန်သွားတဲ့
ချစ်မျက်နှာလေးပေါ်က
ရှက်သွေးဖြာ
အမူရာလေးတွေနဲ့ 
ချစ်စရာ့ ဟန်ပုံလေးတွေက
မောင့်မျက်လုံးထဲမှာ
သံမှိုစွဲသလို
စွဲလန်းမှု့ တွေနဲ့ 
ရှိနေတယ်ဆိုတာ
ချစ်သိပါစေ...

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting