Friday 11 November 2011

မပြောင်းလဲတဲ့ အသစ်တဖန်

Posted by MG at 09:33
ချစ်ရေ........

တနေ့ ဆို တနေ့ 
နေ့ သစ်တွေ
တိုးလာနေတဲ့
အချိန်တွေနဲ့ အတူ
ရင်ခုန်သံတွေက
မပြောင်းလဲတဲ့
ချစ်ခြင်းတွေနဲ့ 
ထပ်တူကျနေဆဲ..

ကျော်လွန်လာတဲ့
နှစ်တွေက
ရင်ခုန်သံကို
နှိုးဆွနေဆဲ
အနီးနားကို
ရောက်လာတဲ့
ဒီနှစ်ကလည်း
ကောင်းသောနမိတ်
အတိတ်တွေနဲ့ 
ဆောင်ခြင်းတွေကို
ယူဆောင်ပေးလာတယ်.

ချစ်ရေ...
ချစ်နဲ့ မောင်.
ဖြတ်သန်းသမျှ
အချိန်တွေ
ဘယ်လိုကြာညောင်း
နှစ်တွေဟောင်းလို့
နှစ်သစ်ကိုတောင်
ရာက်တော့မယ်
အချစ်ကတော့ တည်မြဲစွာနဲ့ 
ချစ်နေမြဲနော်....

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting