Wednesday 30 November 2011

ချစ်တဲ့အကြောင်း

Posted by MG at 13:21
အသည်းနှလုံးထဲမှာ
ကျောက်စာတင်လို့ 
မှတ်တမ်းရေးထိုးထားတယ်.
ချစ်ကို ချစ်တဲ့အကြောင်းကိုပေါ့...

စာဖွဲ့ နွဲ့ ပြီး
ချစ်တဲ့အကြောင်း
ဘယ်လောက်ပြောပြော
ရင်ထဲက နက်ရှိုင်းတဲ့
ခံစားမှု့ တခုကိုတော့
လိုက်မမှီနိုင်ဘူး...

ဆန်းကြယ်ရင် ဆန်းကြယ်ပါစေ
အလန်းသဘောနဲ့ 
သီးသန့် လျှောက်တဲ့
ခံစားမှု့ အချစ်မျိုးမဟုတ်တဲ့
နားလည်မှု့ နဲ့ 
လျှောက်တဲ့ 
အချစ်ရဲ့ ခံစားမှု့ မျိုး တမျိုး.



မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting