Friday 2 March 2012

မောင့်အနားက ချစ်စကားသံ

Posted by MG at 15:22
ဝေခွဲမရတဲ့
 နေ့ ရက်တွေကြားမှာ
ကြိုတင်မှန်းဆမှု့ ဆိုတာ
ရှိနေပါလျှက်နဲ့ .
ကြိုတင်မှန်းမဆနိုင်တာ
မောင်ညံ့လို့ လား...

ချစ် အသံကို
နားထဲစွဲလို့ 
ပဲ့တင်ထပ်သံတွေနဲ့ 
နိုးထခဲ့ရတဲ့
ညတွေကြားထဲ
ကယောင်ကတန်း
လွမ်းနေခဲ့ရတဲ့ 
အချိန်တွေကလည်း
 ကြာညောင်းခဲ့ပေါ့.

အရမ်းချစ်တယ်လို့ ..
ဖွင့်ဟကာ ပြောလိုက်တဲ့
ချစ်စကားလုံးလေးတွေက
ရင်ထဲ အသည်းနင့်အောင်
တုန်ခါစေတဲ့
စွမ်းအားတွေ
ပြင်းထန်တဲ့အလား
အင်အားကြီးလေရဲ့ ..

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting