Monday 21 January 2013

ဝေးကွာနေတဲ့ နေ့ ရက်တွေမှာ.

Posted by MG at 22:20
ကျနော့်ရဲ့ ဆိုဒ်ကိုလာလည်တဲ့ သူငယ်ချင်းတွေကို အားလုံးကို ကျေးဇူးတင်ပါတယ်.
ကျနော် ကဗျာလေးတွေနဲ့ စာမရေးဖြစ်တာ ကင်းကွာနေတာ ကြာနေပါပြီ..ကျနော်သိပါတယ်.
ဒါပေမဲ့ ကျနော် အမြဲသတိရဖြစ်တဲ့ ကျနော်တို့ ရဲ့ အိမ်လေးကိုတော့ မမေ့ခဲ့ပါဘူး..မတင်ဖြစ်တဲ့ရက်တွေမှာတောင် အပြစ်တခုလို ကျနော်ခံစားမိတယ်..အချိန်လေးတွေ မအားလပ်တဲ့အတွက် မတင်ဖြစ်တာကို ကျနော်ချစ်သူအပါဝင် လာလည်တဲ့ သူငယ်ချင်းတွေအားလုံး နားလည်ပေးပါလို့ ပြောချင်ပါတယ်...
ကျနော် ရဲ့ ဆိုဒ်ကလေးကို ကျနော် အင်မတန်မှ တန်ဖိုးထားပါတယ်..ဒါကတော့ ဆိုဒ်တည်ထောင်ထားတဲ့လူတိုင်း ခံစားမိမယ်ထင်ပါတယ်..ကိုယ်ဆောက်ထားတဲ့အိမ်လေးကို တခြားသူငယ်ချင်းတွေ စိတ်ဝင်စားသူတွေ လာကြည့်တယ်ဆိုရင်ပဲ အရမ်းကို ဝမ်းသာနေမိတာပါ...
ကျနော်တို့ နှစ်ယောက် ဆောက်ထားတဲ့ အိမ်လေးက အခုလို တော်တော်လေးကို စွဲမြဲလို့ နေခဲ့ပါပြီ..
ဒီအိမ်လေးကို သံယောဇဉ်တွယ်နေကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေအပေါင်းလည်း စိတ်ချမ်းသာလို့ ကိုယ်ကျန်းပါစေကြောင်း ဒီနေရာလေးကနေ ဆုမွန်ကောင်းလေး တောင်းလိုက်ရပါတယ်..

                                                                                               မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting