အရမ်းချစ်တတ်ခဲ့ပေမဲ့  ကိုယ်ချစ်သလောက် တဘက်လူဆီက အချစ်တွေ ပြန်ရဖို့ ဆိုတာကတော့ မသေချာတဲ့အရာပါ..မချစ်မိအောင် ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပါ.. နာကျင် ကြေကွဲမှု့ တွေကြားမှာ ဖြတ်သန်းလာရတဲ့အချိန်အတိုင်းအတာ တခုအထိ ဒဏ်ရာက မကျက်နိုင်သလို ချစ်တဲ့စိတ်ကလည်း ယနေ့ တိုင် ချစ်နေဆဲ။ နှလုံးသားထဲက ထုတ်ပစ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ကြိုးစားတဲ့အချိန်တိုင်း ချစ်ရဲ့ မျက်နှာ ချစ်စကားသံလေးတွေကို ကြားမိတယ်. . အိပ်မက်တွေလည်း ခဏခဏ မက်တယ်.. ..
ငါငိုတယ်. ငိုခံစားရတယ်ဆိုတာက အရေးမကြီးပါဘူး..
ဒါကလည်း အတိတ်ကလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ထင်ပါရဲ့ .
ဒီဘဝ ဒီမျှနဲ့ ပြီးပါစေ..
ချစ်တဲ့လူတိုင်းကို ပျော်ရွှင်စေချင်တာ အမြဲတမ်း တက်ကြွပြီး လှုပ်ရှားနေတာကို မြင်စေချင်တာက
ချစ်တဲ့လူတိုင်းရဲ့ စိတ်ဆန္ဒတခုဖြစ်မှာပါ.ဒီစိတ်ကလေးကို မွေးနိုင်ဖို့ ကြိုးစားကြပါ..
အပြစ်မမြင်ပဲ ကိုယ်ချစ်တဲ့လူ ပျော်ရွှင်အောင်ပဲ အမြဲဖြည့်ဆည်းပေးလိုက်ပါ..
မျက်ရည်တွေကလည်း ကျလွယ်လိုက်တာ..ယောင်္ကျားတယောက်မဟုတ်တဲ့အတိုင်း
လူတယောက်အသက်ကို ကယ်ဖို့ လူတယောက်ရဲ့ အသက်ကို စတေးရတယ်ဆိုရင် စတေးခံပဲ ဖြစ်ချင်ပါတော့တယ်....
ချစ်တဲ့လူတိုင်း ငြားကြပါစေလို့ ကျနော် ဆုတောင်းပါတယ်....
Thursday, 19 December 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Love is the medicine