Friday, 12 December 2014

My Bad Voice. :)

Posted by MG at 21:14 0 comments

Friday, 24 October 2014

တခါတခါ စချင် နောက်ချင်

Posted by MG at 22:52 0 comments
တခါတခါ ချစ်သူကို
စချင်တဲ့ စိတ်ကလည်း ဖြစ်ပြန်
ချစ်သူဆီ ရီပို့ မလုပ်ပဲ ထွက်သွားတဲ့ နေ့ တွေဆို
ချစ်သူက စိတ်ဆိုးမယ်မှန်း သိနေတယ်..
ဒါပေမဲ့ ဘာကြောင့် ထွက်သွားတယ်ဆိုတာကိုတော့ ဖုန်းကြိုပြီး မဆက်ချင်ဘူး...
ဘာလို့ လည်း ဆိုတော့ စချင်လို့ ...
ဖုန်းမဆက်ပဲထားတော့ ချစ်သူက စိတ်ပူ
စိတ်ပူတော့ မောင့်ဆီကို ဖုန်းဆက် ရန်တွေ့ 
ဒီအသံတွေကို ကြားချင်လို့ တမင်ကို ဖုန်းကြိုပြီး ဖုန်းမဆက်တာ.
ချစ်သူ သိပါစေ...


ထာဝရ
ချစ်ရဲ့ မောင်.

Friday, 3 October 2014

တို့ နှစ်ယောက်ရဲ့ အံ့ဩစရာ နေ့ လေးတနေ့ 

Posted by MG at 19:59 0 comments
အံ့ဩဆန်းကြယ်လွန်းတယ်ဆိုတာ လူကြားလို့ သာ ကြားဖူးတာ.. ကိုယ်တိုင်ကြုံမှပဲ သိတော့တယ်..
ဒီနေ့ တော့ မောင်တို့ နှစ်ယောက်လုံးအတွက် တော်တော်လေးကို ထူးခြားတဲ့ နေ့ လေးတနေ့ ပါပဲ.
မောင် ပျော်သလိုပဲ ချစ်လည်း အရမ်းပျော်နေမယ်ဆိုတာကို မောင်သိပါတယ်..အကျိုးပေးကံက တကယ်ကို ထူးခြား ဆန်းကြယ်လွန်းပါတယ်.. ဘဝဘဝက ရေစက်တွေက ဒီဘဝမှာ ပြန်ဆုံကြတာဖြစ်တယ်လို့ ယုံကြည်မိတယ်.. မောင်ချစ် အရမ်းတော်တယ်... လူနှစ်ယောက်က အပျော်တခု မပြီးဆုံးခင်မှာ နောက်အပျော်တခုကိုသိလိုက်ရတော့ ဘယ်လောက်များ ပျော်လိုက်ကြမလဲ.. တွေးရင်းလည်း. စဉ်းစားရင်းလည်း တသသပျော်နေမိတယ်.. (၃.၁၀.၂၀၁၄) နေ့ ဟာ မမေ့ နိုင်တဲ့ နေ့ တွေထဲက နေ့ လေးတနေ့ ပါပဲ..

AMAZING DAY OF US. :):)

အရမ်းချစ်တယ်...

ချစ်ကို ချစ်တဲ့
ထာဝရ
မောင်

Friday, 14 February 2014

လူတိုင်းမှာ ဖြစ်ပေါ်လာရမဲ့ အရာ

Posted by MG at 00:18 0 comments
နှလုံးသားက နာကျင်မှု့ တွေနဲ့ ကွဲကြေမှု့ တွေ များလာပြန်တော့လည်း နောက်နောင်များမှာ ကွဲမဲ့ အသည်းတွေများ ထပ်ရှိနေမလားလို့ တောင် တွေးနေမိတယ်. ...
အရမ်းချစ်ရင် အရမ်းနာကျင်ရတယ်..
အရမ်းငိုကြွေးရတယ်..
တချို့ က အချစ်ဆိုတာ မီးတဲ့...
ဒါပေမဲ့ လူတွေက အချစ်ကို ခုံမင်တယ်.
ချိုမြိန်တဲ့ အသီးတလုံးကို လူတိုင်း လိုချင် တက်မက်သလို တက်မက်ကြတယ်.
ဒီအထဲ ကျနော်လည်း  တယောက် အပါဝင်....
လူရယ်လို့ ဖြစ်လာပြန်တော့ . ရှောင်လွဲလို့ မရတဲ့ အရာတွေက မွေးကလည်းက ပါလာပြန်တယ်.
ငိုကြွေးဖို့ ၊ ခံစားတတ်ဖို့ ၊ သနားတတ်ဖို့ ဒါတွေက မွေးကတည်းက သဘာဝအတိုင်း လူတိုင်းလူတိုင်းမှာ
ဖြစ်ပေါ်လာရမဲ့ အရာတွေက ပါလာပြန်တော့ ဒါတွေကို ရှောင်လွှဲလို့ ဘယ်ရပါ့မလဲ...

ငါဟာ ငါမဟုတ်တဲ့အထိ ငါကွဲကြေနေလည်း . ကျေနပ်စွာနဲ့ ငါ ကြေကွဲနေဆဲ..


                                                                                                 မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting