Friday, 2 March 2012

အကောင်းတရား ဘက်သို့ 

Posted by MG at 11:12 0 comments
အကြောင်းတရားကို
အကောင်းဘက်သို့ လှည့်ပြီး
ရှေ့ ဆက်ဖို့ အားအင်တွေနဲ့ 
အချစ်သစ်တွေ မွေးဖွားကာ
ထပ်ဆင့်လို့ 
မြဲမြံတဲ့ ခရီးလမ်းကို
အတူတူလျှောက်လှမ်းဖို့ 
နှလုံးအိမ်မှာ
ကျောက်စာထွင်းကာ
နူးညံ့တဲ့ နွေးထွေးမှု့ တွေကို
ဝေမျှခံစားကာ
ထာဝရ အဖော်ပြုကြမယ်...

မောင်

Tuesday, 21 February 2012

တေးသွားရဲ့ အလှဘဝ

Posted by MG at 19:59 0 comments
မနက်အလင်းမှာ
ငါကြည့်လိုက်တယ်.
ပြတင်းပေါက်နားက
ငှက်ကလေး တစ်ကောင်
တေးတွေ ကြူးရင့်သီဆိုကာ
အဖော်ကို လွမ်းနေရှာတဲ့
မြင်ကွင်းက.
ငါ့ရင်ကို မီးမောင်းထိုးသလို....

ဘဝဆိုတဲ့ ဘ နဲ့ ဝ က
အချစ်ဆိုတဲ့ အ နဲ ချစ် ကို
Difference ဆိုတဲ့ ကွဲပြား ခြားနားချက်တွေနဲ့ .
ပေါင်းစည်းမရပေမဲ့ လည်း.
အချစ်ဆိုတဲ့ အရာလေးနဲ့
စတည်ဆောက်တဲ့ .ဘဝတခုဖြစ်ဖို့
ငါ့ ရင်ထဲမှာ.ကိန်းဝပ်နေတယ်.

မောင်

ပျော်စေ..ငိုစေ..

Posted by MG at 18:18 0 comments
ခံစားရတဲ့ နေ့ ရက်တွေကို
ငါမုန်းတယ်...
တဆိတ်ဆိတ်နဲ့ နာတဲ့ 
ငါ့နှလုံးသားတွေကလည်း
နောင်အခါ ခံနိုင်ရည်ဆိုတဲ့
အားအင်တွေများ ရှိပ့ါမလား..

အရမ်းချစ်တော့.
စကားတခွန်းကို
ဘာနဲ့ မှ ကို တိုင်းတာစကောင်း
မရဘူးဖြစ်နေတယ်.
ပျော်စေဆို ပျော်ပြီး
ငိုစေဆို ငိုရမဲ့ 
စကားတခွန်းရဲ့ 
ရိုက်ခတ်သံက
ရင်ထဲ အသည်းနှလုံးထဲထိ
ရှုသွင်းလိုက်တဲ့ 
လေပြေအလား....

မောင်

Sunday, 19 February 2012

သတိရမှု့ တွေက

Posted by MG at 10:32 0 comments
နာရီ စက္ကန့် တွေ
ခြားနေတာနဲ့ အမျှ
သတိရမှု့ တွေကလည်း
စက္ကန့် နာရီမခြား
ထပ်ဆင့်လို့ ....

ပန်းတပွင့်လို့ 
ချစ်ရဲ့ အပြုံးပွင့်က
မြင်သူ မောင့်ရင်ထဲမှာ
စွဲထင်းရစ်နှောင်နေသလို
စိတ်အစဉ် နှလုံးသားမှာစွဲမြဲလို
နေ့ စဉ်အမျှ မြင်နေချင်ရဲ့ ...

အချိန်နဲ့ တိုင်းတာရင်လည်း
မပြောင်းလဲတဲ့
သံယောဇဉ်နဲ့ 
ရင်ထဲကလာတဲ့
အချစ်က
တူတူလျှောက်ရမယ်ဆိုတဲ့
ထာဝရ ပန်းတိုင်ကြီးကို
မျှော်မှန်းလျှက်...

မောင်

Tuesday, 14 February 2012

VALENTINES DAY အမှတ်တရ...

Posted by MG at 16:40 0 comments
ကမ်းလက်ကိုတွဲလို့ ..
ချစ်စကားလေးတွေ သီကာ
အနမ်းလေးတွေနဲ့ 
" Valentines Day " မှာ
ပျော်ရွှင်စွာ..
ဖြတ်သန်းကြမယ်..

တနှစ်မှာ တခါ
ကျရောက်တဲ့
ချစ်သူများနေ့ ရဲ့ 
ရင်ခုန်သံ အနမ်းလေးတွေနဲ့ 
ချစ် ပေးတဲ့ လက်ဆောင်က
ဘဝမှာ မေ့မရတဲ့ 
အရာတခုအဖြစ်
ထန်ကျန်နေမှာပါ..

ရင်ခုန်သံတွေနီးလို့ 
အနေတွေလည်း နီးသာသလို
ခံစားရတဲ့ ဒီအချိန်လေးတွေက
ရင်ခုန်သံကို ပိုမြန်ပြီး
အချစ်တွေကို တိုးစေတယ်..

မောင်

Monday, 30 January 2012

We Found Love

Posted by MG at 22:25 0 comments

We Found Love

Posted by MG at 08:59 0 comments

27.01.2012

Posted by MG at 08:58 0 comments

Thursday, 26 January 2012

အချစ်လျှော့မှာစိုး

Posted by MG at 21:53 0 comments

Wednesday, 25 January 2012

24.1.2012 ချစ်မှ အမှတ်တရ.

Posted by MG at 15:41 0 comments
L  ကစပြီး
O   က အလယ်
V  လေးနောက်က
E  ထည့် ဖတ်တော့ 
ထွက်တဲ့ အဓိပါယ် သိပ်ချစ်တယ်

မောင့် အတွက် အမောပြေ

Friday, 20 January 2012

လွမ်းနေရုံ...

Posted by MG at 09:03 0 comments

Thursday, 19 January 2012

တွေးတယ်.

Posted by MG at 12:46 0 comments
ကြိုတင်မတွေးတာ
စိတ်ညစ်မှု့ တွေ
ကင်းဝေးပြီး
ကောင်းတယ်ဆိုပေမဲ့
မတွေးလို့ မရတဲ့
အချိန် အခါဆိုတဲ့
အရာက ရှိပြန်လေတော့
တွေးရပြန်တယ်...

ဝေးရမယ်ဆိုတဲ့
စိတ်တခုနဲ့ 
သူပြောလာတဲ့
နေ့ ကလေး
တနေ့ ကလည်း
အားအင်မရှိတဲ့
တနေ့ တာကို
ဖြတ်သန်းနေရသလို ..

မောင်

Wednesday, 18 January 2012

Posted by MG at 08:36 0 comments
လှိုင်းလုံးတွေ
ဘယ်လောက်ကြီးကြီး
ချစ်ရဲ့ စကားလုံးနဲ့ 
ကျော်ဖြတ်ရဲတယ်.
လှိုင်းဒဏ်တွေ
ဘယ်လောက် ကြမ်းကြမ်း

Monday, 9 January 2012

မတွေ့ ရတဲ့ရက်က

Posted by MG at 10:33 0 comments
မတွေ့ ရတဲ့ ရက်တွေက
ကြာလာတော့
ရင်ထဲမှာ
ရန်ဖြစ်ချင်လာတယ်.

အသံတွေကို မကြားရတာ
ကြာလာတော့
လျှပ်တပြတ်
ကြားလိုက်တဲ့အချိန်မှာ
မကျေနပ်နိုင်တဲ့
စိတ်က ဖြစ်ဖြစ်လာတယ်.

ချစ်စရာကောင်းတဲ့
ချစ်အပြုံးနဲ့ 
အနမ်းပေးခဲ့တဲ့
ချစ်နှုတ်ခမ်းလေးကို
မမြင်ရတော့
မောင့်ရင်ထဲ
ဆိုနင့်လာတယ်.

မောင်.

Friday, 6 January 2012

Posted by MG at 19:30 0 comments
ပြန်ဆုံမဲ့ နေ့ ကလေးတွေကို

Wednesday, 4 January 2012

IN YOUR EYES

Posted by MG at 11:50 0 comments
တွေ့ လိုက်တယ်
ချစ်မျက်လုံးထဲ
သက်ဝင်လှုပ်ရှားမှု့ တခု
ချစ်ဆိုတဲ့ 
သက်တန့် ရောင်စဉ်တွေနဲ့ 
ဖြာထွက်နေတဲ့
ရောင်စဉ်တွေကြား
မောင်ဆိုတဲ့ အလင်းတန်း
ကြည်လေးတပွင့်နဲ့ 
အလင်းပေါင်းစပ်မှု့ တို့ 
တသက်တာဆိုတဲ့
စင်္ကြာဝဠာထဲမှာ
အေးချမ်းစွာနဲ့ 
လျှောက်လှမ်းလျှက်.


မောင်

Sunday, 1 January 2012

ကာရံမညီသော ကဗျာ

Posted by MG at 17:01 0 comments

MY HAPPY BIRTHDAY CAKE

Posted by MG at 00:42 0 comments

CHIT COOKS FOR MG BIRTHDAY

Posted by MG at 00:19 0 comments

CHIT COOKS FOR MG BIRTHDAY

Posted by MG at 00:16 0 comments





Thursday, 29 December 2011

TODAY IS MY BIRTHDAY , 29 December

Posted by MG at 04:25 0 comments
လူဆိုတာ နေ့ တွေကို နေ့ စဉ်နဲ့ အမျှ ဖြတ်သန်းကြရပါတယ်.ဒီလိုဖြတ်သန်းလာကြတာနဲ့ အမျှ အသက်အရွယ်တွေကလည်း တဖြည်းဖြည်းကြီးလာတယ်.အသက်ရွယ်ကြီးလာတာနဲ့ အမျှလည်း ကိုယ့်ရဲ့ မွေးနေ့ ဆိုသည်မှာလည်း တနှစ်မှာ တခါ ကျရောက်လာကြပြန်ပါတယ်.ဒီနေ့ ဆိုပြန်ရင်လည်း ကျနော်ရဲ့ မွေးနေ့ ကျရောက်လာပြန်ပါတယ်..ဒီနေ့ ကျရောက်တဲ့ ကျနော်ရဲ့ မွေးနေ့ မှာ ဖေဖေ မေမေနဲ့ တကွ မိဘ ဆွေမျိုးတွေ ကို ပထမ အနေနဲ့ ရှိခိုး ကန်တော့ပါတယ်.နောက်တခုအနေနဲ့ ကျနော်ချစ်သူ ဖေဖေ မေမေ နဲ့ တကွ ကျနော် ချစ်သူ ကျနော် ချစ်သူ မိဘဆွေမျိုး သူငယ်ချင်းတွေအားလုံး  နေ ကောင်းကျန်းမာပြီး လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကာ သွားတဲ့ လမ်းမှာ ဘေးကင်းလို့ သာယာစွာနဲ့ အရာရာကို ဖြတ်ကျော်နိုင်ပါစေ...လူနတ် ဗြမ္မာ သတ္တဝါ အားလုံးလည်း ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ.

မောင်

၂၉ ရက် ၁၂ လ ပိုင်း

Posted by MG at 03:12 0 comments
လူဆိုတာ နေ့ တွေကို နေ့ စဉ်နဲ့ အမျှ ဖြတ်သန်းကြရပါတယ်.ဒီလိုဖြတ်သန်းလာကြတာနဲ့ အမျှ အသက်အရွယ်တွေကလည်း တဖြည်းဖြည်းကြီးလာတယ်.အသက်ရွယ်ကြီးလာတာနဲ့ အမျှလည်း ကိုယ့်ရဲ့ မွေးနေ့ ဆိုသည်မှာလည်း တနှစ်မှာ တခါ ကျရောက်လာကြပြန်ပါတယ်.ဒီနေ့ ဆိုပြန်ရင်လည်း ကျနော်ရဲ့ မွေးနေ့ ကျရောက်လာပြန်ပါတယ်..ဒီနေ့ ကျရောက်တဲ့ ကျနော်ရဲ့ မွေးနေ့ မှာ ဖေဖေ မေမေနဲ့ တကွ မိဘ ဆွေမျိုးတွေ ကို ပထမ အနေနဲ့ ရှိခိုး ကန်တော့ပါတယ်.နောက်တခုအနေနဲ့ ကျနော်ချစ်သူ ဖေဖေ မေမေ နဲ့ တကွ ကျနော် ချစ်သူ ကျနော် ချစ်သူ မိဘဆွေမျိုး သူငယ်ချင်းတွေအားလုံး  နေ ကောင်းကျန်းမာပြီး လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကာ သွားတဲ့ လမ်းမှာ ဘေးကင်းလို့ သာယာစွာနဲ့ အရာရာကို ဖြတ်ကျော်နိုင်ပါစေ...

Tuesday, 27 December 2011

စိတ်ကူးယဉ်မဟုတ်တဲ့ ကဗျာ

Posted by MG at 12:24 0 comments
ချစ်....
အခုရနေ
ဖြစ်နေတာတွေက
ဆုလဒ်တခုပါ.
ဒီဆုကို မြတ်နိုးခြင်းနဲ့ 
နှစ်လွှားကို တလွှာဖြစ်အောင်
ထာဝရအဖြစ် ပေါင်းစည်းပြီး
ချစ်သွားကြမယ်..

ကဗျာလကာင်္တွေ ရေးပြီး
တေးသွားတွေကို ဟစ်အော်ကာ
စိတ်ကူးယဉ်ဆန်တဲ့
လမ်းတခုကို
လျှောက်နေတယ်လို့ တော့
မမြင်လိုက်ပါနဲ့ 
ဒီလိုရေးခြင်းတွေက
ချစ်အပေါ်ထားတဲ့
မောင့်ရင်ထဲက ဆန္ဒတွေ
ခံစားမှု့ တွေကို
တင်ပြထားခြင်းရယ်ပါ.


မောင်

Monday, 26 December 2011

နှလုံးသားမှာ ချစ်

Posted by MG at 12:13 0 comments
အလွမ်းများနဲ့ 
နေ့ စဉ်ဖြတ်သန်းရပေမဲ့
အလွမ်းတွေက
အချစ်တွေအဖြစ်
အသွင်ပြောင်းလို့ 
ပိုပိုချစ်လာတယ်...

သတိရခြင်းတွေက
အငွေ့ အဖြစ်နဲ့ 
ချစ်သူဆီရာကို
သွားရောက်လို့ 
ချစ်သူနှလုံးသားမှာ
မိုးအဖြစ်ရွာချလေသလား.



မောင်

Saturday, 24 December 2011

ချစ်စရာကြီး

Posted by MG at 10:23 0 comments


Tuesday, 20 December 2011

ဆုံချင်ပြီ.

Posted by MG at 10:42 0 comments
လက်တွေ့ ကျတဲ့
အပြင်လောကမှာ
တွေ့ ခွင့်နဲ့ 
ဆုံချင်တဲ့
စိတ်ကလေးတခုက
ရင်ထဲ အသည်းထဲမှာ
စွဲနေပြီလေ..

ဖြစ်ချင်တာက ဆန္ဒ
ထပ်တူမကျသေးတဲ့
ဘဝတခုကို
ဖြတ်လျှောက်နေရပေမဲ့
တကယ့် အချစ်ဆိုတဲ့
ယုံကြည်မှု့ က
တချိန်မှာ တွေ့ ဆုံခွင့်ကို
ပေးလာမယ်ဆိုတာ
မျှော်လင့်လျှက်....

မောင်

Sunday, 18 December 2011

တင်းထားတဲ့စိတ်

Posted by MG at 17:30 0 comments
အသည်းနှလုံးထက်မှာ
ချစ်ဆိုတဲ့ ချစ်သူရဲ့ 
နာမည်ကို လှပစွာ
တံဆိတ်ရိုက်ထားသလို
စွဲနေအောင် အမြဲတမ်း
ချစ်နေပြီးမှတော့
ဘယ်လိုခက်ခဲမှု့ တွေပဲ
ရှိရှိ တွေ့ ကို တွေ့ ရမယ်.
တူတူနေကို နေစေရမယ်လို့ 
စွဲချက်တင် ချစ်မြတ်နိုးလျှက်.

မောင်..

Saturday, 17 December 2011

ချစ်ဆီမှ မွေးနေ့ ကဒ်

Posted by MG at 08:15 0 comments

Friday, 16 December 2011

Don't let me be The Last to Know

Posted by MG at 17:36 0 comments

Monday, 12 December 2011

ချစ်တယ်.ဒါပေမဲ့ .နားလည်တယ်.

Posted by MG at 15:32 0 comments
ဆုံးရှုံးရမှာကို
ရင်ထဲအသည်းထဲမှာ
စိုးရိမ်စိတ်တွေက
ဆို့ နင့်မှု့ တွေနဲ့ 
ထိတ်လန့် နေခဲ့တဲ့
နေ့ တွေက
ငါ့အတွက်တော့
နေ့ စဉ်နဲ့ အမျှ
အသစ်တွေပါ..

ချစ်တော့လည်း
ပိုင်ဆိုင်ချင်တယ်.
ဒါပေမဲ့ နားလည်ပါတယ်..

လိုအပ်ချက်တွေကို
မဖြည့်နိုင်သလို
ဖြစ်သင့်တာတွေကို
မလုပ်နိုင်လို့ 
မဖြစ်နိုင်ဘူးဆိုရင်တောင်မှ
ထာဝရ ရင်ထဲမှာပဲ
ချစ်နေပ့ါမယ်..

မောင်.

Sunday, 11 December 2011

တကိုင်းတည်း

Posted by MG at 18:49 0 comments
ငှက်ဖြစ်ရင် တကိုင်းနားလို့ 
ချိုလွင် သံစဉ်တွေနဲ့ 
ချစ်ကားတွေပြောကာ
နွေးထွေးတဲ့ ထွေးပွေ့ မှု့ တွေက
နှလုံးသားထဲထိ
တုန်လှုပ်သွားတဲ့
လှိုင်းလုံးအလား
ပြောင်းဆန်လျှက်.


မောင်

ဒီအချိန်လေး

Posted by MG at 18:44 0 comments
တယောက်နဲ့ တယောက်
အရမ်းချစ်ပြီး
အလွမ်းဆိုတဲ့ 
နက်ရှိုင်း ကျယ်ပြန်တဲ့
အရာတခုကို
ဖြတ်သန်းနေရချိန်
လမ်းမမြင်အောင်
စီးကျလာတဲ့
မျက်ရည်စက်များနဲ့ 
သတိရမှု့ တွေက
ရင်ထဲ နှလုံးသားကို
ဆို့ နင့်စွာနဲ့ 
ဖြတ်သန်းလျှက်

မောင်

အရမ်းလွမ်းတယ်

Posted by MG at 18:36 0 comments
သတိရမှု့ တွေနဲ့ 
ပြည့်နှက်နေတဲ့.
နေ့ ရက်ကလေးတွေက
ရင်ထဲက စကားတွေနဲ့ 
မဆန့် အောင်
လွမ်းနေမိတယ်.

ပူလောင်တယ်လို့ 
ခံစားရပေမဲ့
ဒီခံစားမှု့ ကို
အရမ်းချစ်ပြီး
နှစ်သက်စွာနဲ့ 
ခုံမင်မိတယ်..

မောင်

ဒီညရဲ့ တေးသွား

Posted by MG at 18:32 0 comments
ချိုမြိန်တဲ့ ဒီညရဲ့ 
တေးသွားတွေက
နှလုံးသားထဲမှာ
အမြဲတမ်း
ထင်ကျန်နေမည်..

ခွဲခွာနေရတဲ့
အချိန်တွေနဲ့ 
မတွေ့ မမြင်ရတဲ့
နေ့ ရက်တွေက
ရှည်ကြာလွန်းပြီး
တွေ့ ချင်တဲ့ စိတ်က
နှလုံးသားထဲမှ
စီးကျလာတဲ့
မျက်ရည်အလား.....

မောင်

Sunday, 4 December 2011

ဖျောက်ဖျက်မရသော

Posted by MG at 12:42 0 comments
အရာတိုင်းမှာ
ထပ်တူကျတဲ့
ခံစားမှု့ 
အပေးအယူဆိုတာ
ရှိစမြဲပါ.

ခံစားမှု့ တခု နဲ့ 
ရင်ခုန်သံတခု
ရပ်ဆိုင်းသွားတဲ့
အချိန်ဟာလည်း
ရုပ်ဝတ္ထုဆိုတာ
ဘယ်အရာမှန်း
မသိအောင်ကို
ဖြစ်နေမှာပါ..

အချစ်ဆိုတာကတော့
သက်ရှိထင်ရှား
ရှိနေသရွေ့ 
ရှောင်လွှဲမရတဲ့
အရာတခုနဲ့ 
မဖျောက်ပျက်နိုင်တဲ့ 
ဒဏ္ဍာရီ ကဗျာအလား
နှလုံးသားထဲမှာရော
အရာအားလုံးပါ
အရာထင်းလျှက်..

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting