Friday 1 April 2011

မောင့် ဆန္ဒ

Posted by MG at 18:12
အွန်လိုင်းပေါ်ရောက်ရင်
မ ကို စိတ်မညစ်စေချင်တာ
မောင့် ဆန္ဒပါ.
ပျော်ရွှင်မှု့ လေးတွေ
အမြဲတမ်း ဖန်တီးပေးချင်တာ
မောင့် ဆန္ဒပါ.
ထင်မှတ်တာတွေ
ပြောင်းပြန်စီးသော
မြစ်တစင်းလို့ 
အရှိန်ပြင်းလာတော့
စိတ်ထဲ တကယ်မကောင်း
နာကျင်လှပါရဲ့ .
အစိမ်း အနီဆိုတဲ့ 
အရောင်လေးကိုမြင်ရင်
မ အွန်လိုင်းမှာရှိတယ်
အသိလေးက
ပျော်မြူးနေတယ်.
မင်  အောက်သွားတော့
မီးစိမ်း မီးနီလေးတွေ
မှိန်သွားပေမဲ့.
မကို ပျော်ရွှင်စေချင်တာ
မောင့် ဆန္ဒပါ..

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting