Friday 1 April 2011

ချစ်

Posted by MG at 19:13
ချစ်
သည်လို ခံစားမှု့ 
မခံစားဖူးခဲ့သော
နှလုံးသားတစ်စုံမှာ
ဖူးပွင့်လာတဲ့
ပန်းလေးတပွင့်ရယ်.

သည်လိုအချစ်

မချစ်ဖူးသော
အချစ်တွေထဲမှာ
အရူးမူးစွဲလန်းရသော
ချစ်တဲ့သူရယ်..

ချစ်သက်တမ်းတွေ

ရှည်လျှားရစ်ပတ်
နေနေလေတော့
ကောင်းကင် မြေကြီး
လက်ခုတ်တီးကား
အားပေးလေတယ်.
ချစ်သူနှစ်ဦးကို...

အော်..ချစ်သူရယ်.

ပန်းပျိုးတဲ့လက်တစုံဟာ
ဥယျာဉ်မှုး ဆိုသလို
ချစ်သူကို ပန်းလိုပမာ
ပျိုးထောင်ချင်တာ
ချစ်သူတွေရဲ့ .
သက်ရောက်တဲ့
ရင်ခုန်သံစစ်စစ်ပါ..

မောင်

1 comments:

MG on 3 April 2011 at 16:51 said...

ကောင်းလိုက်တာ.

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting