Sunday 3 April 2011

မ ရှိမှ

Posted by MG at 17:17
တနေ့ တနေ့ ဖြတ်သန်းလာရ
ဒီဘဝမှာ
တရက်ဆိုတဲ့ နေ့ရက်လေးတရက်
ဖြတ်သန်းခါဝယ်.
ချစ်သူမပါ လမ်းမသာနဲ့ 
ဖြတ်သန်းနေရတာ
ဖြတ်သန်းချင်သူမဟုတ်ပေမဲ့
တသက်တာအတွက်
တခဏတာနဲ့ 
ခံစားမှု့ ကို 
ရင်ဝယ်အုပ်လို့ 
ဖြတ်သန်းနေရတယ်..
ပန်းခင်းတဲ့လမ်း
လျှောက်ချင်ပေမဲ့
ကြမ်းတမ်းမှု့ တွေနဲ့ 
ဝေးနေရတဲ့အချိန်
သတိရစိတ်က
ပိုပြီး ရင်ထဲမှာ
ပြည့်လျှံလာခဲ့တယ်.
ချစ်သူ..
သစ္စာစကား တခွန်း
ဆေးဖက်ဝင်ရင်
ကမ္ဘာတည်သရွေ့ 
မေတ္တာဆိုတာ 
မပျက်ပြယ်ပါဘူး
ကိုနဲ့ ချစ်တို့ 
ချစ်နေမှု့ ဟာ.
၁၅၀၀ကို အရမ်းတည်ပြီး
၅၂၈ ဆိုတဲ့ မေတ္တာဓာတ်နဲ့ 
တယောက်အပေါ် တယောက်
နားလည်မှု့ ပေးဆပ်မှု့ နဲ့ 
ချစ်နေကြတယ်မလားကွယ်
 
မောင်

1 comments:

Unknown on 4 April 2011 at 04:44 said...

ဘယ် သူ့ ကို မှ မောင့် လောက် အချိန် မ ပေး ဘူး ဘူး မောင် ..............
အဲဒါ ချစ် လို့ ........

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting