Sunday 3 April 2011

အမှောင်ကိုလင်းစေသူ

Posted by MG at 17:16
ညအမှောင်မှာ လရောင်မသာတော့
ပြည်တခွင် မလင်းသာခဲ့
မှောင်နေရပ်ဝန်း ကျယ်ပြန့် လွင်ထဲ.
မှိတ်တုတ် မှိတ်တုတ် သွားလာနေကြ
ပိုးကောင်လေးများ ပိုးစူးကြူးငယ်
သူတို့ တွေပျော်ရွင် မှောင်ရိပ်တခွင်
ကြည့်သူ အဖို့ ရင်သက်ရှု့ မောဖွယ်.
ဖြစ်ရလေကား........
ထိုစဉ်အခိုက်
လျှပ်စီးလက်သလို
ဖြိုးဖြိုးဖျက်ဖျက်နဲ့ 
လင်းလက်ရောင်သဖွယ်
သတိရလိုက်တာက
သာယာချိုမြ
တေးသံတွေကို
တွန်ကျူးပေးတဲ့
ချစ်စရာ့ ဆွဲဆောင်
ကောင်းလွန်းလှတဲ့ 
ကိုကို ချစ်သူကို
ပြေးမြင်ယောင်လာ.
ပိုးစုန်းကြူးငယ်လေး
ခြုံလွှမ်းနေသော အရပ်လေးမှာ
ချစ်သူ လက်ကလေးကိုင်တွယ်လို့ 
ညအမှောင် လရောင်မသာပေမဲ့
လ ကိုကြိုးကွင်းစွပ်ဖမ်းခါဝယ်
လင်းထိန်းသလို
ချစ်ရဲ ကိုယ်ရောင်လေးက
ထွန်းလင်းနေမှာပါကွယ်.
 
မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting