Tuesday 1 November 2011

ဘဝရဲ့ အလှည့်ပြောင်း

Posted by MG at 05:07
ဖြတ်သန်းခဲ့တဲ့
လမ်းတွေတလျှောက်မှာ
ကြုံတွေလာတဲ့
ခက်ခဲမှု့ တွေကို
ငါခံနိုင်ရည်ရှိပါလျှက်
ငါမျှော်လင့်ချက်ကို
ထိခိုက်တဲ့
အရာတစ်ခုက
မမျှော်လင့်တဲ့
အချိန်မှာ
မထင်မှတ်ပဲ
သိလိုက်ရတာ
ငါ့ရင်ကို
ဖြေမဆည်တဲ့
ထိုးနှက်မှု့ တွေနဲ့ အတူ
မျှော်လင့်ချက်ကိုပါ
ဆွဲနှုတ်သလို
ငါခံစားလိုက်ရတယ်...


ငါဘာပဲဖြစ်ဖြစ်
ငါ့အနားမှာ ငါ့ချစ်သူ
ရှိနေသရွှေ့ 
ငါမျှော်လင့်ချက်က
အမြဲရှင်သန်နေတယ်ဆိုတာ
ငါ့ဦးနှောက်က သိနေတယ်


ငါတယောက်တည်း
ဖြတ်သန်းရမယ်ဆိုရင်တောင်
ဖြတ်သန်းရဲတဲ့
အားတွေ ငါမွေးရမယ်.
မွေးခြင်းနဲ့ စပြီး
သေခြင်းနဲ့ ဆုံးတဲ့
ဘဝတကွေ့ မှာ
ငါ လုပ်ပေးနိုင်တာကို
ငါလုပ်ပေးနိုင်ခဲ့တာက
ငါ့ရဲ့ စေတနာပဲ....


မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting