Saturday 5 November 2011

ပျော်ရွှင်မှု့ ရင်မှာ

Posted by MG at 10:10
မမြင်နိုင်တဲ့
အရာတွေက
ပျော်ရွှင်မှု့ တွေကို
တားဆီးနိုင်တဲ့
အင်းအားတွေရှိလေတော့
စိတ်ထဲမှာ
မဖြစ်ရကောင်း
ဆုတောင်းရတဲ့
နေ့ ကလေးတွေကတာရှည်
ရက်လတွေကြာညောင်းနေခဲ့ပြီ...

မေလေး
အရမ်းချစ်တယ်ဆိုတဲ့
စကားနဲ့ မလုံလောက်အောင်
ရင်ထဲမှာ ကိန်းအောင်းတဲ့
ချစ်စိတ်က ပြင်းထန်လေတော့
တခါတခါ မမြင်ရတဲ့
အရာတွေကို စိုးရွံ့ မိတယ်..
ဖြစ်နိုင်ခြေက
နှစ်ဦးသား
အရမ်းချစ်လေတော့.
အားသာချက်က ရင်ထဲမှာ
ပီတိအဖုံးနဲ့ လွှမ်းခြုံတဲ့
မြပုဝါလို ပျော်ရွှင်နေမိတယ်...

မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting