ချစ်..
လမ်းခရီးတခုမှာ တွေ့ ခဲ့တဲ့ မောင့်ကို မေ့သွားခဲ့ရင်တောင် မောင်နဲ့ တွေ့ ခဲ့တဲ့ အွန်လိုင်းလေးကတော့ အမြဲတမ်း
အသက်ရှင်လျှက် ရှိနေမှာပါ
ယုံကြည်လို့ မရဘူးဆိုတဲ့ ဒီနေရာ အွန်လိုင်းလေးကနေ ချစ်ကြတယ်ဆိုပေမဲ့ 
ချစ်ကိုမောင် အရမ်းချစ်မိသွားတယ်..မတွေ့ ရရင် မနေနိုင်အောင်ကို ဖြစ်တယ်..
သေမယ်ဆိုရင်တောင် သေလို့ ရမှန်း မောင့်ကို မောင်သိတယ်.
ခံစားတတ်သူချင်းပဲ ..နားလည်မှာပါ....
ချစ်နဲ့ မောင် ထပ်မလွဲချင်ပါဘူးကွယ်...
လွဲခြင်းတွေနဲ့ စခဲ့တဲ့ ချစ်ခြင်းဟာ ဆုံခြင်း နဲ့ ဆုံးတဲ့ အရာလေးနဲ့ ပဲ အဆုံးသတ်ချင်တယ်..
အရာရာဟာ မမျှတဘူးဆိုပေမဲ့  ကံကောင်းခြင်းဆိုတာလေးကိုတော့ တကြိမ် တခါ ကြုံဖူးချင်တယ်...
ကံကောင်းခြင်းဆိုတာကိုတော့ လူတိုင်း ဘဝမှာ ကြုံဖူးတတ်ကြစမြဲပါ..
ဒါပေမဲ့ ကျနော့်အတွက်ကတော့ ကံကောင်းခြင်းဆိုတာ ရှိခဲ့တာမှန်ပါတယ်..ကြီးမားတဲ့ ကံကောင်းခြင်းဆိုတာကို ကျနော် သိတဲ့အချိန်မှာ ကျနော် ဒီကံကောင်းခြင်းနဲ့ မလွဲချင်ပါဘူး..ချစ်သူနဲ့ ဒီနေရာလေးမှာ ချစ်နေရတာ တကယ်ရင်မောတယ်ဆိုပေမဲ့
သစ္စာတရားရှိတော့ မောင်ခံသာပါသေးတယ်..ချစ်သူနဲ့ တွေ့ ချင်တဲ့ စိတ် လွမ်းရ ဆွေးရတဲ့ (မီးလို့ ပြော) အခြေနေလေးတွေကနေ ကင်းကွာဖို့  မောင်နဲ့ ချစ်တွေ့ ကြရင် ဘယ်လောက်များ ကောင်းလဲ မလဲကွယ်..
နေ့ စဉ် ရက်ဆက် ဘုရားကတော့ အသိဆုံးပါ...
မောင်
Saturday 16 June 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Love is the medicine