ကျနော် လူဖြစ်လာတာ ဘာကြောင့်လဲ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိသလဲလို့ တွေးမိတယ်.
လူတစ်တယောက်ကို ချစ်မိတာ သဘာဝကျပါတယ်.
ကိုးကွယ်မိသွားတာကတော့ တကယ်ကို ကိုယ့်ကို ကိုယ်မယုံနိုင်အောင်ပါပဲ.
သူငယ်ချင်းတယောက် ပြောဖူးတယ်...
အချစ်ဆိုတာ မီးလိုပူတယ်..သူ့ ဘဝအတွက် အချစ်က ဝေးလေ ကောင်းလေတဲ့
ကျနော် တွေးမိတယ်..ကျနော်ကတော့ဗျာ ဗြောင်းဆန်အောင် သောင်းပြန်တဲ့ အဖြစ်နဲ့ ကြုံရင်တောင်
ချစ်မိတဲ့ သူ ကို ချစ်နေမဲ့လူစားလို့ ကျနော်ကို ကျနော် ထင်တယ်.
ဘယ်လိုဖြစ်ဖြစ် ဖြစ်လာတဲ့အရာကို မဖြစ်ဖြစ် ဖြစ်သလိုလို နားလည်ခွင့်လွတ်ပေးမယ်လို့ လည်း တွေးထားပါတယ်.
ချစ်တဲ့ သူတိုင်း ချစ်ခင်စွာနဲ့ ထာဝရ ပေါင်းစည်းရပါစေသားလို့ ဒီစာသားလေးနဲ့ ကျနော် ဆုတောင်းပါတယ်.
ကျနော်နဲ့ အတူ ဒီဆုလေးကို ပြည့်စေချင်နေတဲ့ လူတွေလည်း အများကြီး ရှိနေမယ်ဆိုတာ ကျနော်သိနေပါတယ်.
ဒါပေမဲ့ ကံကိုပဲ ယိုးမယ်ဖွဲ့ ရမလား..ဘာကို ညွန်းရမလဲဗျာ..ဒီဆုလေးက မပြည့်တာပဲ များနေတယ်ဗျာ..
ကိုယ်အရမ်းချစ်မိတဲ့အခါ သူထွက်သွားတဲ့ နေက ရင်ထဲက နှလုံးသားတွေကို ဆွဲထုတ်သွားတဲ့အလား
နာကျင်ခံစားရတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမယ်ထင်ပါတယ်.
တခါတလေကတော့ ဖြစ်လာမဲ့အရာကို ကြိုတင်သိနေပြီး တဆိတ်ဆိတ်နဲ့ နာကျင်နေတာလေးကလည်း
တကယ်ကို အပ်နဲ့ ထွင်းသလို ဆိုပေမဲ့.ကျေနပ်သူ အဖို့ တော့ ကျေနပ်နေကြတယ်နော်...
အရမ်းချစ်မိသွားတယ်..
မောင်
Thursday, 14 June 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Love is the medicine