လွမ်းရက်တွေကိုလည်း ပိုတိုစေ.. ဝေးရပ်တွေကိုလည်း ကျောခိုင်းစေ ဆိုတဲ့ စကားလေးနဲ့ အညီ
အနားမှာရောက်သွားပြီဆိုတဲ့ စာတမ်းလေးကို ကျနော် ရေးချင်ပါတယ်..ဒါပေမဲ့ ကျနော် ရေးခွင့်မရသေးပါဘူး..
ပရိတ်သတ်ကြီးလည်း ဒီစာကြောင်းလေးကို ရေးဖို့ အခွင့်လေး ဖြစ်အောင် ဆုတောင်းပေးနေကြမယ်ထင်ပါတယ်..ဘာလို့ လဲဆိုတော့ ကျနော်ခံစားချက်များကို စာဖတ်သူ အနေနဲ့လည်း အချိန်တွေပေးပြီး အရူးကြီး ကျနေတာပဲလို့ စိတ်မှာတွေးတဲ့လူ ရှိနေနိုင်သလို .ကြိုက်သူလည်း ရှိနေမယ်ဆိုတာ ကျနော် ယုံကြည်မိပါတယ်..ယုံကြည်မှု့ တခုရှိပြီဆိုရင် အလုပ်တခုကို လူတိုင်း လုပ်တတ်ကြပါတယ်..
ဒီလိုပါပဲ. ကျနော်ဟာ သစ္စာတရားဆိုတဲ့ အရာလေးကို ကျနော်ယုံမိပါတယ်.
ကျနော် ချစ်တဲ့ ချစ်နဲ့ တွေ့ ရဖို့ ကျနော် ယုံကြည်ပါတယ်..နိုင်ငံတွေခြား ဝေးကွာနေရတဲ့အနေထားလေးကြောင့် မဆုံနိုင်ဘူးလို့ တွေးကောင်း တွေးလို့ ရတယ်ဆိုပေမဲ့ သစ္စာတရားဆိုတာကြီးကို စောင့်ထိန်းကြမယ်ဆိုရင် တွေ့ နိုင်ပါတယ်..
နနှစ်ယောက်လုံးတော့ စောင့်ထိန်းနိုင်ဖို့ တော့ လိုတာပေါ့လေ..တခါတလေတော့လည်း
မလွန်ဆန်နိုင်တဲ့အရာလေးတခု နှစ်ဦးစလုံးမှာ တယောက်က ကြုံလာပြီဆိုရင် ကံကိုတော့ ယိုးမယ်မဖွဲ့ ချင်ပါဘူး..ဒါပေမဲ့ ဆုံနိုင်ပါသေးတယ်..တကယ် အချစ်စစ်မှန်ရင် တကယ်သစ္စာတရား မှန်ကန်ခဲ့ရင် တွေ့ နိုင်ပါတယ်..တွေ့ ဆုံခွင့်ဆိုတာ ကိုယ်က ကြိုးစားနေသရွေ့ ကံ.ဆိုတဲ့ သူငယ်ချင်းကလည်း ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါဘူးလေ...
မောင်
Thursday, 28 June 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Love is the medicine