အော်..ဝေးကွာနေခြင်းရယ်..အဆုံးသတ်ပေးပါလို့ အော်ကြွေး ငိုဟစ်နေလည်း မရမှန်းတော့သိပါရဲ့ ..
ဒါပေမဲ့လည်း ရင်ထဲက အော်ဟစ် ကြွေးကြော်ခဲ့တာလည်း အကြိမ်ပေါင်း မနည်းတော့ပါလားကွယ်..
တွေ့ ချင်တယ်...ရင်ထဲက ဖြစ်ချင်လာတဲ့ ဆန္ဒက ဘာလဲလို့ မေးနေစရာမလိုအောင် သေချာတဲ့ စကားကတော့ ချစ်သူအနားမှာ နေချင် တွေ့ ချင်တယ်ဆိုတဲ့ စကားကလွဲရင် ဖြေစရာ စကားမရှိပါ.
အော်..သတိရခြင်းရယ်..
နေ့ ရက်တွေ ရက်ဆက်
တွေ့ ခွင့်ရနေလည်း
မတွေ့ ရပြန်တော့
လွမ်းလှပေါ့...
တနေ့ မတွေ့ ရတာ
ထမင်းစားတောင်
ဟင်းကောင်းရက်နဲ့ 
မပြည့်စုံတဲ့ ဟင်းတခွက်လိုနေသည်အလား
ပြည့်စုံမှု့ မရှိတဲ့ အရာလေးကို ဖြစ်လို့ ..
ကြိုးစားပါ ချစ်သူ..
မောင်ဟာ ချစ်အတွက် ဆူးမဖြစ်စေချင်ဘူး... ဖြစ်ချင်း ဖြစ်ရင် ချစ်ဟာ ပန်းတပွင့်ဆိုရင် ကိုယ်ဟာ ဥယျာဉ်မှူးပဲဖြစ်ချင်တယ်.. လွမ်းတယ် ချစ်...
ကျန်ရစ်တဲ့လူကတော့ လွမ်းစမြဲပါ..ခွဲခွာသွားရတဲ့လူကတော့ နေရာဒေသ တစ်ခုမှာ နေသားကျဖို့ ကြိုးစားရ၊ ရုန်းကန်ရ နဲ့ လွမ်းဖို့ အချိန်တောင် ရှိပါရဲ့ လားလို့ မေးချင်လိုက်တာကွယ်...
အခုလို မတွေ့ ရတဲ့ရက်တွေဟာ နောင်လာမဲ့ ရက်တွေမှာ မောင်တို့ နှစ်ယောက်အတွက် ကောင်းသော အစဉ်နဲ့  အားသစ်တစ်ခု ထာဝရ ဖြစ်ပါစေကွယ်..
မောင်
Wednesday, 31 October 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Love is the medicine