Saturday 3 November 2012

လွမ်းရက်

Posted by MG at 00:28
အော်..အလှမ်းဝေးတဲ့ 
လွမ်းရက်တွေတောင်
နီးသလိုနဲ့ ဝေးကွာနေရတယ်.
အနီးဆုံးမှာ နေခွင့်ရတဲ့
ရက်တွေကလည်း အခုတော့
ဝေးကွာနေလျှက်သား..

အော်.
ညတညရဲ့ 
အမှောင်ထုက မှောင်သထက် မှောင်ပြီး
အလင်းရောင်ကို ရောက်လာပြန်တယ်.
နေခြည်အသွေးမှာ ရောင်ခြင်လင်းတာ
သဘာဝဆိုပေမဲ့.
မောင့်အတွက် တညတာရဲ့ 
အလင်းရောင်ရဖို့ ကတော့
ခက်သားလား..

အော်.
တသက်မှာ တစ်ပင်စိုက်ပြီး
တပင်တည်းကိုပဲ ပြုစုယုယ
ချစ်ကြင်နာချင်တာ
မောင့်ဆန္ဒပါ..
လွမ်းရက်တွေ
ကြာညောင်းလည်း
အချစ်တွေကတော့ တိုးနေမြဲ.


မောင်

0 comments:

Post a Comment

Love is the medicine

 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting