Wednesday, 1 January 2020

HAPPY NEW YEAR 2020.

Posted by MG at 20:31 0 comments
Let all your dreams come true this year, I wish you a very Happy New Year!

Saturday, 1 June 2019

(2 June, 2019) HAPPY BIRTHDAY TO YOU CHIT.

Posted by MG at 23:54 0 comments
ယနေ့ ကျရောက်တဲ့ မွေးနေ့ က စပြီး လာမဲ့ရက်တွေတိုင်းမှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုတိုင်းတရနိုင်ပါစေ ချစ်.. မောင့်ကို လည်းများများချစ်နိုင်ပါစေ.. မွေးနေ့ မှာ ပျော်ရွှင်ပါစေ ချစ်... HAPPY BIRTHDAY TO YOU. ❤



Please kindly listen my voice. Thanks

Posted by MG at 14:15 0 comments

Tuesday, 7 June 2016

HAPPY BELATED MY SWEET HEART BIRTHDAY

Posted by MG at 23:06 0 comments

Wednesday, 17 February 2016

သိပ်လှတဲ့ နှင်းဆီ

Posted by MG at 11:33 0 comments



Wednesday, 3 June 2015

We are together now at somewhere!

Posted by MG at 09:19 0 comments
Happy Birthday to my love


Friday, 12 December 2014

My Bad Voice. :)

Posted by MG at 21:14 0 comments

Friday, 24 October 2014

တခါတခါ စချင် နောက်ချင်

Posted by MG at 22:52 0 comments
တခါတခါ ချစ်သူကို
စချင်တဲ့ စိတ်ကလည်း ဖြစ်ပြန်
ချစ်သူဆီ ရီပို့ မလုပ်ပဲ ထွက်သွားတဲ့ နေ့ တွေဆို
ချစ်သူက စိတ်ဆိုးမယ်မှန်း သိနေတယ်..
ဒါပေမဲ့ ဘာကြောင့် ထွက်သွားတယ်ဆိုတာကိုတော့ ဖုန်းကြိုပြီး မဆက်ချင်ဘူး...
ဘာလို့ လည်း ဆိုတော့ စချင်လို့ ...
ဖုန်းမဆက်ပဲထားတော့ ချစ်သူက စိတ်ပူ
စိတ်ပူတော့ မောင့်ဆီကို ဖုန်းဆက် ရန်တွေ့ 
ဒီအသံတွေကို ကြားချင်လို့ တမင်ကို ဖုန်းကြိုပြီး ဖုန်းမဆက်တာ.
ချစ်သူ သိပါစေ...


ထာဝရ
ချစ်ရဲ့ မောင်.

Friday, 3 October 2014

တို့ နှစ်ယောက်ရဲ့ အံ့ဩစရာ နေ့ လေးတနေ့ 

Posted by MG at 19:59 0 comments
အံ့ဩဆန်းကြယ်လွန်းတယ်ဆိုတာ လူကြားလို့ သာ ကြားဖူးတာ.. ကိုယ်တိုင်ကြုံမှပဲ သိတော့တယ်..
ဒီနေ့ တော့ မောင်တို့ နှစ်ယောက်လုံးအတွက် တော်တော်လေးကို ထူးခြားတဲ့ နေ့ လေးတနေ့ ပါပဲ.
မောင် ပျော်သလိုပဲ ချစ်လည်း အရမ်းပျော်နေမယ်ဆိုတာကို မောင်သိပါတယ်..အကျိုးပေးကံက တကယ်ကို ထူးခြား ဆန်းကြယ်လွန်းပါတယ်.. ဘဝဘဝက ရေစက်တွေက ဒီဘဝမှာ ပြန်ဆုံကြတာဖြစ်တယ်လို့ ယုံကြည်မိတယ်.. မောင်ချစ် အရမ်းတော်တယ်... လူနှစ်ယောက်က အပျော်တခု မပြီးဆုံးခင်မှာ နောက်အပျော်တခုကိုသိလိုက်ရတော့ ဘယ်လောက်များ ပျော်လိုက်ကြမလဲ.. တွေးရင်းလည်း. စဉ်းစားရင်းလည်း တသသပျော်နေမိတယ်.. (၃.၁၀.၂၀၁၄) နေ့ ဟာ မမေ့ နိုင်တဲ့ နေ့ တွေထဲက နေ့ လေးတနေ့ ပါပဲ..

AMAZING DAY OF US. :):)

အရမ်းချစ်တယ်...

ချစ်ကို ချစ်တဲ့
ထာဝရ
မောင်

Friday, 14 February 2014

လူတိုင်းမှာ ဖြစ်ပေါ်လာရမဲ့ အရာ

Posted by MG at 00:18 0 comments
နှလုံးသားက နာကျင်မှု့ တွေနဲ့ ကွဲကြေမှု့ တွေ များလာပြန်တော့လည်း နောက်နောင်များမှာ ကွဲမဲ့ အသည်းတွေများ ထပ်ရှိနေမလားလို့ တောင် တွေးနေမိတယ်. ...
အရမ်းချစ်ရင် အရမ်းနာကျင်ရတယ်..
အရမ်းငိုကြွေးရတယ်..
တချို့ က အချစ်ဆိုတာ မီးတဲ့...
ဒါပေမဲ့ လူတွေက အချစ်ကို ခုံမင်တယ်.
ချိုမြိန်တဲ့ အသီးတလုံးကို လူတိုင်း လိုချင် တက်မက်သလို တက်မက်ကြတယ်.
ဒီအထဲ ကျနော်လည်း  တယောက် အပါဝင်....
လူရယ်လို့ ဖြစ်လာပြန်တော့ . ရှောင်လွဲလို့ မရတဲ့ အရာတွေက မွေးကလည်းက ပါလာပြန်တယ်.
ငိုကြွေးဖို့ ၊ ခံစားတတ်ဖို့ ၊ သနားတတ်ဖို့ ဒါတွေက မွေးကတည်းက သဘာဝအတိုင်း လူတိုင်းလူတိုင်းမှာ
ဖြစ်ပေါ်လာရမဲ့ အရာတွေက ပါလာပြန်တော့ ဒါတွေကို ရှောင်လွှဲလို့ ဘယ်ရပါ့မလဲ...

ငါဟာ ငါမဟုတ်တဲ့အထိ ငါကွဲကြေနေလည်း . ကျေနပ်စွာနဲ့ ငါ ကြေကွဲနေဆဲ..


                                                                                                 မောင်

Wednesday, 25 December 2013

အသစ်တဖန်

Posted by MG at 14:31 0 comments
မွေးကင်းစကလေးတွေလို့ အသစ်တဖန်သာ မွေးဖွားလိုက်ချင်ရဲ့ .
မဖြစ်နိုင်မှန်း သိပေမဲ့နှလုံးသား ကင်းမဲ့တဲ့ လူတယောက်ဖြစ်ခဲ့ရင် သိပ်ကောင်းလေမလားပဲ.
တခုပြီး တခု အခွင့်ရေးတွေကို ချိုးဖောက်ခံရတာကို လူ့ အခွင့်ရေး ချိုးဖောက်ခံနေရတယ်လို့ ပြောရမလား.
အခုကတော့ လူ့ အခွင့်ရေး ချိုးဖောက်ခံနေရတယ်လို့ ပြောတယ်ဆိုတာထက် နှစ်နဲ့ ချီပြီး ချစ်လာခဲ့တာတွေကို တခုပြီးတခု ချစ်ခွင့်တွေကို ချိုးဖောက်ခံနေရတယ်...
ရင်ထဲမှာ ရှိတဲ့အတိုင်း အကုန်ရေးချင်ပေမဲ့ ရေးမထွက်တဲ့ စကားတွေလည်း ရှိနေသေးတယ်.
တဖြည်းဖြည်းတော့ စစ်ထုတ်ယူရမှာပေါ့လေ...




ချစ်သူတိုင်း ချစ်နိုင်ပါစေ..

Thursday, 19 December 2013

ခံစားမှု့ တပိုင်း တစ

Posted by MG at 22:48 0 comments
ငါငိုနေစဉ်အတွင်း ငါ့မျက်ရည်ကို သုပ်ပေးမဲ့လူလည်းမရှိပါဘူး..ငါနာကျင်တဲ့အခါလည်း ငါ့ကို အားပေးဖို့ အဖော်လည်း မရှိတော့ပါဘူး. . တယောက်တည်း ဖြစ်သန်းရတာတော့ အရင်တုန်းကတည်းက သူနဲ့ မတွေ့ ခင်အထိတော့ အဆင်ပြေပြေနဲ့ သာမန်ပါပဲ..ဒါပေမဲ့ ချစ်စိတ်ဆိုတဲ့ စိတ်ကလေးတစ်ခုဝင်လာခဲ့တော့ အရင်လို ပုံမှန်ရောက်ဖို့ တော့ မလွယ်ကူမှန်းသိပါတယ်.  

ခံစားရမှာ နာကျင်ရမှာ. မျက်ရည်ကျရမှာ အရမ်းကို ကြောက်နေမိခဲ့တယ်.
 နှလုံးသားရဲ့ ကျိန်စာ တခုကို ကြောက်နေမိခဲ့ပေမဲ့  ချောင်လွဲလို့ မရတဲ့အဆုံး ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားရတော့မှာပါ... 

ခန္ဓာက အသွေးသားတွေ ဆူပွက်လာသလို . နှလုံးသားထဲမှာ ဗြောင်းဆန်အောင် ဖြစ်နေတဲ့ လိုင်းသံတွေက 
ထိန်းမရနိုင်ဘူး.. 
ဘယ်အကြောင်းရာမျိုးကိုပဲ အစားထိုးပြီး ဖျောက်ဖျက်ဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်ဘူး... 



ပျော်ရွှင်တဲ့ နှလုံးသား တစ်စုံကို နှစ်ယောက်သား ပိုင်ဆိုင်နိုင်ကြပါစေ....

ရေးချင်မိတာလေးတွေ

Posted by MG at 22:34 0 comments
အရမ်းချစ်တတ်ခဲ့ပေမဲ့  ကိုယ်ချစ်သလောက် တဘက်လူဆီက အချစ်တွေ ပြန်ရဖို့ ဆိုတာကတော့ မသေချာတဲ့အရာပါ..မချစ်မိအောင် ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပါ.. နာကျင် ကြေကွဲမှု့ တွေကြားမှာ ဖြတ်သန်းလာရတဲ့အချိန်အတိုင်းအတာ တခုအထိ ဒဏ်ရာက မကျက်နိုင်သလို ချစ်တဲ့စိတ်ကလည်း ယနေ့ တိုင် ချစ်နေဆဲ။ နှလုံးသားထဲက ထုတ်ပစ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ကြိုးစားတဲ့အချိန်တိုင်း ချစ်ရဲ့ မျက်နှာ ချစ်စကားသံလေးတွေကို ကြားမိတယ်. . အိပ်မက်တွေလည်း ခဏခဏ မက်တယ်.. ..

ငါငိုတယ်. ငိုခံစားရတယ်ဆိုတာက အရေးမကြီးပါဘူး..
ဒါကလည်း အတိတ်ကလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ထင်ပါရဲ့ .
ဒီဘဝ ဒီမျှနဲ့ ပြီးပါစေ..
ချစ်တဲ့လူတိုင်းကို ပျော်ရွှင်စေချင်တာ အမြဲတမ်း တက်ကြွပြီး လှုပ်ရှားနေတာကို မြင်စေချင်တာက
ချစ်တဲ့လူတိုင်းရဲ့ စိတ်ဆန္ဒတခုဖြစ်မှာပါ.ဒီစိတ်ကလေးကို မွေးနိုင်ဖို့ ကြိုးစားကြပါ..
အပြစ်မမြင်ပဲ ကိုယ်ချစ်တဲ့လူ ပျော်ရွှင်အောင်ပဲ အမြဲဖြည့်ဆည်းပေးလိုက်ပါ..

မျက်ရည်တွေကလည်း ကျလွယ်လိုက်တာ..ယောင်္ကျားတယောက်မဟုတ်တဲ့အတိုင်း
လူတယောက်အသက်ကို ကယ်ဖို့ လူတယောက်ရဲ့ အသက်ကို စတေးရတယ်ဆိုရင် စတေးခံပဲ ဖြစ်ချင်ပါတော့တယ်....

ချစ်တဲ့လူတိုင်း ငြားကြပါစေလို့ ကျနော် ဆုတောင်းပါတယ်....

Tuesday, 19 November 2013

ညီမျှတဲ့ ကတိဖြစ်ဖို့ .

Posted by MG at 19:48 0 comments
လူတိုင်းလူတိုင်းက ကတိတည်တာကို ကြိုက်ကြပေမဲ့  တည်နိုင်အောင် ထိန်းဖို့ ကတော့ လွယ်လှတဲ့အရာတော့မဟုတ်ပါဘူး... ဘယ်သူမဆို ကိုယ်ကလိုချင်လို့ တောင်းထားတဲ့ ကတိကို တဘက်က တည်တာကို ကြိုက်ကြပါတယ်. အဲလိုတည်မှလည်း ကိုယ်က စိတ်ချမ်းသာရာ ရတယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး..ဒါပေမဲ့ ကတိတောင်းတဲ့ နေရာမှာလည်း တယောက်က ကတိတည်နေပြီး နောက်တယောက်က မတည်ဘူးဆိုရင်တော့ မကောင်းပါဘူး..ဖြစ်ချင်တဲ့ အရာနဲ့ ဖြစ်သင့်တဲ့အရာ နှစ်ခုထဲမှာ ဖြစ်သင့်တဲ့အရာကို လုပ်တာကောင်းတယ်ဆိုပေမဲ့  တခါတလေ ဖြစ်သင့်တဲ့အရာကို မလုပ်ပဲ ကိုယ်ဖြစ်ချင်တာနဲ့ တခြားလူတွေလိုလားချက်ကို လိုက်ပြီးလုပ်ပေးလိုက်ရတဲ့အရာမျိုးတွေလည်းအများကြီး တွေ့ ဖူးကြမှာပါ..
တူညီမျှတတဲ့ ရယူမှု ၊ ခံစားမှု ၊ ပေးဆပ်မှု ၊ နားလည်မှု အစရှိတဲ့အရာတွေက တစ်ဦးတယောက်တည်း တည်ဆောက်လို့ ရတဲ့အရာမဟုတ်ပါဘူး. လက်ခုတ်ဆိုတာ နှစ်ဘက်တီးမှ စည်းဝါးမညီတောင် နားထောင်လို့ ရတယ် . ဒီလိုပါပဲ ဘယ်အရာမဆို တူညီတဲ့  ခံစားမှု မျှတမှု ရှိမှသာ ကောင်းတဲ့အရာပါ.
ခံစားမှုဆိုတာလည်း တယောက်တည်းအတွက် မဟုတ်ပါဘူး..ချစ်ကြပြီဆိုမှတော့ နှစ်ယောက်စလုံး ခံစားကြတယ်ဆိုပေမဲ့ ခံယူမှု့ နားလည်မှုတွေကတော့ ကွာမယ်ထင်ပါတယ်.
ဘယ်သူမဆို ကိုယ်က ကောင်းတယ်ထင်လို့ လုပ်လိုက်တဲ့အရာတွေချည်းပါပဲ. ဒါပေမဲ့ ဒါတွေကလည်း တဘက်လူအတွက် သဟဇာတ ဖြစ်ချင်မှလည်း ဖြစ်တာပါ.. .............
ဒီလူက ဒီစကားကို အလေးထားတယ် ဒီလူက ဒီဟာကို အလေးထားတယ်လို့ သိတဲ့လူတယောက်အတွက် မသိချင်ယောင်ဆောင်ပြီး နေတာမျိုးတွေမလုပ်သင့်ပါဘူးလေ. အလေးထားသင့်ပါတယ်.

ညီမျှတဲ့အရာလေးတွေနဲ့ အားလုံးသော လူများချစ်ခင်စွာ ပေါင်းသင်းနိုင်ကြပါစေ...


                                                                                                          မောင်

Thursday, 7 November 2013

ချစ်တိုင်းငြားစေချင်တာ ကျနော်ရဲ့ ဆန္ဒ

Posted by MG at 11:43 0 comments
အရင်တုန်းကတော့ ရင်ထဲမှာ တခုခုဖြစ်လာရင် ဂစ်တာတီးမယ် သီချင်းဆိုမယ် ဒါမှမဟုတ် စာရေးလေ့ရှိတဲ့ ကျနော်ဟာ အခုတော့ ဘာမှ မလှုပ်ချင်အောင်ကို ဖြစ်နေတာ ဘာကြောင့်လဲ..တညလုံး ကိုယ့်ကို ကိုယ် ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်..
 အဖြေလေးတော့ ရခဲ့ပါတယ်..
တကယ်တော့လည်းဗျာ..
အချစ်ဆိုတာ ခံစားမှု့ သက်သက်သာ ဖြစ်တဲ့လူတွေအတွက် အင်မတန်မှ ဝမ်းနည်းကြေကွဲစရာပါ..
တခါတလေမှာ ရေစီးကြမ်းနေတဲ့ ချောင်းငယ်တခုမှာ ဝါးဖောင်တဖောင်ကို ဝါးတလုံးတည်းနဲ့ ကန် နေ သလိုမျိုး  အားအင်တွေလည်း ချိနဲ့ လှပါတယ်.
တကယ်ချစ်တဲ့ လူတိုင်းကိုတော့ တကယ်ငြားစေချင်ပါတယ်.. ချစ်တိုင်းငြားစေချင်တဲ့ ကျနော့်ရဲ့ နှလုံးသားထဲက ဖြစ်ပေါ်လာတဲ့ ခံစားမှု့ က ဖြစ်လာဖို့ ဆိုတာတော့ မလွယ်မှန်းသိပါတယ်...တကယ်ချစ်တဲ့လူတိုင်းရဲ့ စိတ်ထဲမှာတော့ ကျနော်လို စိတ်မျိုးရှိနေကြလိမ့်မယ်ဆိုတာကို ယုံကြည်မိပါတယ်.
ဒီကမ္ဘာမြေကြီးပျက်စီးသွားလို့ နောင်ကမ္ဘာတခုမှာ လူတွေဖြစ်လာကြတဲ့အခါ ချစ်တဲ့လူတိုင်းငြားလို့ ငြားတဲ့လူတိုင်းလည်း ချစ်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်..
ဒါပေမဲ့ လုပ်ရပ်တိုင်းမှာတော့ ယူတတ်ရင်တော့ သင်ခန်းစာဆိုတာတော့ ရှိပါတယ်..ကျနော်လည်း ရင်နင့်အောင်ချစ်ခဲ့မိလို့ ရင်နင့်အောင်ခံစားမှု့ လေးနဲ့ အတူ သင်ခန်းစာလေးတခုတော့ ရလိုက် ပါတယ်. ဒီနေရာလေး ဒီအချိန်မှာ. ဒီလိုစာမျိုးကို ဒီလိုရေးခွင့်ရအောင် ဖန်တီးပေးတဲ့ ပညာရှင်တွေကို အထူးကျေးဇူးတင်ကြောင်း ဒီနေရာလေးကနေ ပြောပါရစေ..

လူ့ ခန္ဓာကိုယ်တခုလုံးမှာ ဖြစ်ပေါ်လာတဲ့ခံစားမှု  အရာတွေအားလုံးဟာ စိတ်ရဲ့ လှုံ့ ဆောင်မှု့ ကြောင့်ဖြစ်ပေါ်လာတဲ့အရာလို့ ပြောကြပါတယ်.
နှလုံးသားထဲက စီးကျလာတဲ့ အချစ်ဆိုတဲ့အရာလေးတခုက စိတ်ကသိပြီး ဖြစ်လာတယ်ဆိုပေမဲ့ လူတွေအားလုံးဟာ ခံစားမှု့ နဲ့ ပတ်သက်လာရင် ဦးနှောက်က စေခိုင်းမှု့ ကိုတောင် ထိန်းချုပ်ဖို့ ခက်ခဲကြတယ်နော်... ဒါကြောင့်အချစ်ဆိုတာကို လူတွေက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပြီး တိကျတဲ့ အရာတခုကိုပြပါဆိုရင် တိကျတဲ့အဖြေတခုကို ပြဖို့ ခက်နေကြတယ်ဆိုတာကို သတိပြုမိလာတယ်.. လူတယောက်က လူတဦးကို ချစ်မိပြီဆိုရင် သူ့ ရဲ့ ရင်ထဲက အချစ်ဆိုတဲ့အရာကို အဓိပ္ပါယ်တမျိုးမျိုးနဲ့ ဖွင့်ဟပြောဆိုလာကြတယ်..  တဦးက ပေးတဲ့အချစ်ကို တဦးက ခံယူတဲ့နေရာမှာ နှလုံးသားမှာ ဒဏ်ရာ ရခဲ့ကြတယ်ဆိုရင်တောင် နားလည်ခွင့်လွှတ်မှု့ နဲ့ သွားကြရမှာပါ..ဘာလို့ လဲဆိုတော့ အချစ်ဆိုတာက အရမ်းနူးညံ့သိမ်မွေ့ သကိုး.. နိုင်ငံရေးသမားတွေပြောတဲ့ စကားကို သွားပြီး သတိရမိပါတယ်. နိုင်ငံရေးဆိုတာ အရမ်းပဲ နူးညံ့သိမ်မွေ့ တဲ့အရာလို့ ပြောကြတဲ့အတိုင်း အချစ်ဆိုတဲ့အရာကလည်း နာမည်မတူပေမဲ့ အသွင်သဏ္ဍာန်အားဖြင့် တူနေကြတယ်လို့ ပြောရင် မမှားနိုင်ဘူးထင်ရဲ့ ...လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တချို့ တွေက အချစ်ဆိုတဲ့အရာနဲ့ ကြုံလာရင် ကိုယ်သွားနေတဲ့ လမ်းကိုတောင် မမြင်နိုင်လောက်အောင်ဖြစ်သွားကြတယ်..ပေါက်ကွဲလွယ်တဲ့ လူတွေအတွက် ဝမ်းနည်းစရာပါ. ဖြစ်ချင်တာတခုဖြစ်မလာဘူး ဆိုရင် လူတိုင်းလူတိုင်းစိတ်ထဲမှာတော့ အားမလိုအားမရဖြစ်ကြတာတော့ အမှန်ပါပဲ..အချစ်ဆိုတဲ့အရာနဲ့ ကြုံလာတဲ့လူတွေကတော့ ဒီထက်ပိုကြီးမဲ့ အရာတခုကို ရင်ဆိုင်ကြရမယ်ထင်ပါတယ်. ကိုယ်ချစ်တဲ့လူရဲ့ မျက်နှာ စကားသံတွေကို ကမ္ဘာတခုလို့ ကိုးကွယ်တဲ့ လူတွေအတွက် ဒီမျက်နှာ . ဒီစကားသံတွေ မကြားတော့ဘူးဆိုရင် ဒီလူတွေဘာလုပ်ကြမလဲ. လတ်တလောအချိန်မှာတော့ အလူးအလိမ့်ဆိုတဲ့အရာတခုနဲ့ အတူ တခြားအရာတွေကိုလည်း လုပ်တတ်ကြမယ်ထင်ပါတယ်.. အချိန်ကြာလာတော့ နေတတ်သွားလိမ့်မယ်လို့ ယူဆကြပေမဲ့ တကယ်ချစ်တဲ့လူနဲ့ တွေ့ သွားတဲ့အခါ လူတွေဟာ တသက်လုံး ရင်ထဲမှာ သူ့ ကောင်မလေးကို အမြဲတမ်းသိမ်းထားတဲ့ နေရာလေးတခုအနေနဲ့ ရှိနေကြမှာဖြစ်ပါတယ်.
သစ္စာတရားနဲ့ အသည်းနင့်အောင် တကယ်ချစ်တဲ့လူတွေအတွက် သစ္စာတရားက အလကားပါလို့ မစဉ်းစားကြဖို့ တိုက်တွန်းချင်ပါတယ်. ကိုယ်တိုင်ကြုံတဲ့ကျနော်အနေနဲ့ လည်း နားလည်ပေးနိုင်တာထက် ပိုပြီး နားလည်ပေးနိုင်အောင် ကြိုးစားမှာပါ. နာကျင်ကြေကွဲ ခက်ခဲပေမဲ့  မုဒိတာပွားမဲ့ စိတ်ကလေးတခုကို အချိန်ယူပြီး နှလုံးသွင်းကြမှာပါ.. ချစ်တဲ့သူက ပြောဖူးပါတယ်. လူ့ ဘဝဆိုတာ တိုတိုလေးလို့ ခဏခဏ ပြောဖူးပါတယ်. မှန်ပါတယ်..တိုတောင်းလှတဲ့ လူ့ ဘဝလေးတခုကို ပိုင်ဆိုင်ထားကြတဲ့ ကျနော်တို့ တတွေဟာ အချစ်ဆိုတာကို ရယူခံစားဖို့ အတွက် အခွင့်ရှိကြပေမဲ့ အကြောင်းကံတရားကမဖန်လာလို့ မငြားခဲ့ကြတာကိုတော့ လူတိုင်းစိတ်ကောင်းကြမယ်မထင်ပါဘူးလေ. ခေတ်သဘော သဘာဝကလည်း အားသာတဲ့လူက အနိုင်ရတယ်ဆိုတဲ့ အရာမျိုးဖြစ်နေလေတော့ အသည်းနင့်အောင် ချစ်ပေမဲ့ သစ္စာတို့ ဘာတို့ ညာတို့ ဆိုတာ ခဏလေး ဘေးမှာ ရပ်နေရတယ်ဆိုတဲ့ သဘောမျိုးဖြစ်ကြရော့လားဗျာ..

ချစ်သူတိုင်းငြားလို့ ငြားတဲ့လူတိုင်း တသက်လုံးချစ်ချစ်ခင်ခင် ထာဝရ နေသွားနိုင်ကြပါစေဗျာ...

                                                                                                     မောင်

Wednesday, 25 September 2013

ထွက်မသွားပါနဲ့ ..

Posted by MG at 21:03 0 comments

ချစ်သူ...
မင်းကို သတိရတိုင်း
ငါ မငိုကြွေးတာ မှန်ပေမဲ့
ရင်ထဲမှာ ဖော်မပြနိုင်တဲ့
ခံစားမှု့ က ဖြစ်ပေါ်လာတယ်.

ဝေးနေပေမဲ့
သွေးကအမြဲတမ်း နွေးနေတယ်.
အနားမှာ မင်းရှိနေသလို
ငါအမြဲခံစားမိတယ်.
ငါ့အနားက ထွက်ခွာဖို့ 
မတွေးလိုက်ပါနဲ့ ချစ်သူ...


မောင်

Friday, 12 July 2013

အမှတ်ရစေဖို့ 

Posted by MG at 14:41 0 comments
ဆုံဆည်းခဲ့တဲ့ နေရာလေးနဲ့ 
အမှတ်တရတွေ ဖြစ်စေမဲ့
အရာတွေက 
ငါနဲ့ မင်းကြားမှာ.
စည်းတခုလို ခြားနားဖို့ တော့ 
မဖြစ်ဟုတ်ဘူးနော်...
အမှတ်တရဆိုတာသမိုင်းလိုပဲ
နောင်အခါလည်း ပျောက်ပျက်မသွားသလို
အမြဲတမ်း အမှတ်ရနေဖို့ နဲ့ 
နောက်လာမဲ့လူတွေ ငါနဲ့ မင်းရဲ့ 
အမှတ်တရနေရာလေးကို
ကြည့်ရုံနဲ့ တသသ ဆွေးနေရမဲ့
အဖြစ်မျိုးလေး ဖြစ်သွားနေစေဖို့ ပါ...


မောင်

အတွေးထဲမှာ

Posted by MG at 14:41 0 comments
ငါ့အနားမှာ အမြဲတမ်း မင်းရှိနေဖို့ မလိုအပ်ပါဘူး..
ဒါပေမဲ့ မင်းအတွေးထဲမှာ ငါအမြဲရှိနေဖို့ တော့ တကယ်လိုအပ်တယ်...

Thursday, 30 May 2013

အမှတ်ရနေစေဖို့ 

Posted by MG at 11:51 0 comments
ဆုံဆည်းခဲ့တဲ့ နေရာလေးနဲ့ 
အမှတ်တရတွေ ဖြစ်စေမဲ့
အရာတွေက
ငါနဲ့ မင်းကြားမှာ.
စည်းတခုလို ခြားနားဖို့ တော့
မဖြစ်ဟုတ်ဘူးနော်...
အမှတ်တရဆိုတာသမိုင်းလိုပဲ
နောင်အခါလည်း ပျောက်ပျက်မသွားသလို
အမြဲတမ်း အမှတ်ရနေဖို့ နဲ့ 
နောက်လာမဲ့လူတွေ ငါနဲ့ မင်းရဲ့ 
အမှတ်တရနေရာလေးကို
ကြည့်ရုံနဲ့ တသသ ဆွေးနေရမဲ့
အဖြစ်မျိုးလေး ဖြစ်သွားနေစေဖို့ ပါ...


မောင်

Monday, 27 May 2013

အမှတ်တရလေး

Posted by MG at 18:32 0 comments
ချစ်ကိုညာပြီး
တိုးတိုးလေး စကားပြောမယ်ဆိုပြီး
ခိုးနမ်းလိုက်ရတဲ့
အနမ်းလေးက
မောင့်ဘဝအတွက်
အမှတ်တမဲ့ မဟုတ်တဲ့
အမှတ်တရလေး ဖြစ်နေမယ်နော် ချစ်...


မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting