Monday, 3 September 2012

စာဖတ်နေတဲ့ လူတွေအကုန်လုံးလည်း ချစ်သူစုံတွေကို အဆင်ပြေစေချင်နေမှာပါ..တခါတလေတော့လည်း ဗျာ...

Posted by MG at 21:24 0 comments
 ချစ်.
ဒီနေ့ အတွက် မောင်တောင်းပန်ပါတယ်.
တောင်းပန်တယ်ဆိုတဲ့ စကားကိုတော့ အမှန်တကယ်မပြောချင်ပါဘူး
ဒါပေမဲ့ မှားရင်တော့ တောင်းပန်ရစမြဲလေ.
မောင်မှားပါတယ် ဒီနေ့ 
ချစ် နေမကောင်းဖြစ်နေတာကိုတောင် မကြည့်နိုင်ဘူးလေ.
ချစ် စိတ်ဆိုးတာကို မောင်အပြစ်မယူပါဘူး
 မောင်နားလည်နိုင်တယ်.
ဒါပေမဲ့ ၂ ကြိမ်ရှိသွားပြီနော်.
မောင် မှတ်ထားပါတယ် ချစ်.
စိတ်ဆိုးတိုင်း မောင့်ကို ရင်မဖွင့်တာလေ.
စိတ်ဆိုးတိုင်း စိတ်မဆိုးအောင် နေတာလား.
တယောက်ယောက်ကို ရင်ဖွင့်ခွင့်ရလို့ လား.

မောင် စာဆက်ရေးချင်ပါတယ်.
ချစ်နဲ့ တွေ့ မှပြောပါတော့မယ်.
စာရေးလို့ မရတော့ဘူး.

အစစအရာရာကို ဂရုစိုက်ပါ ချစ်..
အရမ်းချစ်လို့ ဖြစ်မှာပါ.. အရူးတပိုင်းလိုပါပဲ..

ချစ်တဲ့ မောင်.

----------------------------------------------------------------------------------

မတောင်းပန်နဲ့ 
မလို အပ်ဘူး
တယောက်ထဲမှားတယိ မဟုတ်ဘူး
မကိုယ်တိုင်က မနေ တတ်တာ
မွေးထဲ က တယောက်ထဲ ဘဲ
ဘာလို့ လူတယောက်ကို တွယ်တာစရာလို လဲ
ဒါံကြောင့် ကိုယ့် ကိုကို ဘဲဆုံးမတယ်
သူများကို အပူမပေးဘူး
အထူးသဖြင့်  ဘုရားတရားနဲ့ ဘဲ နေပြီး ဘဲ တောင်မထားချင်တော့ ဘူး
ပူလောင်လွန်းလို့ လေ
ဒ့ါကြောင့် မောင်လဲ ကြိုက်သလို နေပါ
မပူပါနဲ့ မတွေးပါနဲ့ လွယ်လွယ်လဲမတောင်းပန်နဲ့ 



Tuesday, 28 August 2012

၂၈ ရက် ၈ လပိုင်း ၂၀၁၂

Posted by MG at 22:19 0 comments
အချစ်နဲ့ ပတ်သက်ပြီး ခံစားရသမျှအရာတွေ အားလုံး ကျနော်ခံစားရပါစေ..ကျေနပ်ပါတယ်...
အရာအားလုံးတွေစာ ကျနော့်အပြစ်တွေလို့ ပြောရင်လည်း ကျနော်ခံနိုင်ရည် ရှိပါတယ်..


မောင်

Monday, 20 August 2012

အမှတ်ရနေစေမဲ့

Posted by MG at 19:04 0 comments
နွေးထွေးတဲ့အပြုံး ပန်းတွေနဲ့ 
ဝေဆာပွင့်လန်းနေတဲ့ အချစ်တွေက
အရာရာကို ပြောင်းလဲစေတယ်.......

Saturday, 18 August 2012

19.8.2012

Posted by MG at 22:56 0 comments
လောကမှာ ကိုယ့်ကို စွန့် ခွာသွားပြီလို့ သိရတဲ့ အချိန်ဆိုရင် စွန့် ပစ်ခံရတဲ့ လူတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစားမျိုးရှိနေမယ်ဆိုတာကို ကျနော် ကိုယ်ချင်းစာနိုင်ပါတယ်...မင်းကို ငါ ကိုယ်ချင်းစာပါတယ်လို့ ပြောတဲ့ နေရာမှာလည်း အမျိုးမျိုးပါ..လက်လွတ်စလွယ်ပြောတဲ့အရာနဲ့ ..ကိုယ်က ခံထားဖူးတဲ့ လူဆိုတဲ့ အရာက နှစ်မျိုးရှိမယ်ထင်ပါတယ်.. စွန့် သွားခြင်းကို ခံရတဲ့လူတွေက တော်တော်လေးကို နာကျင်ခံစားရမယ်ဆိုတာကို ကျနော်သိနေတယ်..ကျနော်ဟာ .စွန့် ပစ်ခံဖူးတယ်...တယောက်တည်းဆိုတဲ့ အရာနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် ဘဝမှာ ကြုံတွေ့ ရတဲ့အရာတွေက နာကျင်မှု့ တွေနဲ့ ပြည့်နှက်ခဲ့တယ်.လွမ်းတယ်ဆိုတာကတော့ဗျာ. ချစ်လို့ လွမ်းတာ.ဝေးကွာနေလို့ လွမ်းတာပေါ့နော်.. ဒါပေမဲ့ ကျနော့်အနားမှာ ကျနော်ချစ်တဲ့လူ မရှိတဲ့အခါတော့ ရင်ထဲမှာ ဟာတာတာတော့ ဖြစ်တယ်ဗျာ..တကယ်လည်း အိပ်မရ စားမရတဲ့အထိဆိုရင် မှားမယ်ထင်ပါတယ်.. လွမ်းမိတယ်.ချစ်သူ..

မောင်

Friday, 3 August 2012

၂၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 00:42 0 comments
မောင်ဒီနေ့ ကဗျာရေးဖြစ်တယ်..ချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု့ ကဗျာလေးပါ..အချစ်တွေဝေဖြာပြီး အနှစ်တွေ ကျန်စေခဲ့မဲ့ ရင်ထဲက စာသားတွေမို့ နှလုံးသားထက်မှာ စာတွေလာရေးသည့်အလား ခံစားပေးပါ ချစ်သူ...
                              ဒီနေ့  ချစ်ကို မောင် အရမ်း သတိရနေမိတယ်..
လိုက်ဖက်ညီတဲ့ ကဗျာ၊ လိုက်ဖက်ညီတဲ့ စုံတွဲ၊ ကြည့်ကောင်းတဲ့ စုံတွဲ..ဘယ်လိုပဲဖြစ်ဖြစ် တွေ့ ရာနေရာ ဖြစ်ရာဘဝဝယ် လိုက်ဖက်တဲ့ ချစ်နဲ့ မောင် တူတူထာဝရ နေသွားချင်တယ်..

                                                                                                           မောင်

၂၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 00:05 0 comments
မောင်ဒီနေ့ ကဗျာရေးဖြစ်တယ်..ချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု့ ကဗျာလေးပါ..အချစ်တွေဝေဖြာပြီး အနှစ်တွေ ကျန်စေခဲ့မဲ့ ရင်ထဲက စာသားတွေမို့ နှလုံးသားထက်မှာ စာတွေလာရေးသည့်အလား ခံစားပေးပါ ချစ်သူ...
                              ဒီနေ့  ချစ်ကို မောင် အရမ်း သတိရနေမိတယ်..
လိုက်ဖက်ညီတဲ့ ကဗျာ၊ လိုက်ဖက်ညီတဲ့ စုံတွဲ၊ ကြည့်ကောင်းတဲ့ စုံတွဲ..ဘယ်လိုပဲဖြစ်ဖြစ် တွေ့ ရာနေရာ ဖြစ်ရာဘဝဝယ် လိုက်ဖက်တဲ့ ချစ်နဲ့ မောင် တူတူထာဝရ နေသွားချင်တယ်..

                                                                                                           မောင်

Tuesday, 31 July 2012

၁၉ ရက် ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:36 0 comments
ဒီနေ့ ချစ်နဲ့ မောင် စကားတော်တော်လေး ပြောဖြစ်တယ်နော်.ဒီနေ့ ချစ်ငိုတာကိုမြင်ရတော့ မောင်တကယ်စိတ်မကောင်းပါဘူး.အမြဲတမ်း ပျော်စေချင်တာပါ..ချစ်သူပြုံးနေမဲ့အချိန်လေးတွေက မောင့်အတွက် အမြဲတမ်းလန်းဆန်းမှု့ တွေပါ..ကူးစက်ခြင်းဆိုတဲ့အရာတွေထဲက Virus ထက်ကြောက်စရာကောင်းတာက ချစ်သူတွေရဲ့ ပျော်ရွှင်မှု့ ဝမ်းနည်းမှု့ ပါပဲ..အံ့ဩလောက်အောင်ကို တကယ် ဖြစ်စေပါတယ်...အပြုံးချင်းလည်းယှဉ်နိုင်သလို အငိုချင်လည်းယှဉ်နိုင်ပါတယ်..တသက်လုံး ထာဝရ မြတ်မြတ်နိုးနိုးနဲ့ ချစ်သွားကြဖို့ တိုက်တွန်းချင်တယ်..ကျနော် စာရေးသူ အနေနဲ့ လည်း ချစ်သူကို မြတ်နိုးစွာ ယနေ့ တိုင်ချစ်နေဆဲမို့ နောင်လည်း တသက်လုံး ချစ်နေမှာပါ...

မောင်

၃၁ရက် ၇ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:32 0 comments
စာတွေ မရေးဖြစ်တာ အတော်ကြာသွားပြီ..လာဖတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ လည်း update မဖြစ်တော့ ပျင်းများနေကြမလားပဲ..အလုပ်တွေနည်းနည်းရှိနေတော့ အွန်လိုင်းမသုံးဖြစ်တာလည်းပါတာပေါ့..ဒါပေမဲ့ ဒီလိုမဖြစ်သင့်မှန်း ကျနော် နားလည်ပါတယ်..စာရေးမဲ့အချိန်လေးကတော့ ဘယ်လောက်ပဲ အလုပ်များများ ရှိနေရမယ်လို့ ကျနော်တွေးမိပါတယ်.နားလည်ပါ ချစ်သူ...စာဖတ်ပရိတ်သတ်များနဲ့ အတူ အားလုံးသော သူငယ်ချင်း ညီအစ်ကိုတွေကိုလည်း ချစ်သူနဲ့ ငြားလို့ ချစ်နိုင်ပါစေလို့ ဒီစာလေးနဲ့ အတူ ပထမ နိဒါန်းပျိုးပါရစေ...

မောင်

၁၉ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:31 0 comments
ချစ်နဲ့ မောင် ဒီနေ့ စကားတွေ တော်တော်ပြောဖြစ်တယ်နော်..ဒီနေ့ ချစ်ငိုတာကို မောင်မြင်တော့ မောင်တကယ်စိတ်မကောင်းပါဘူး..နှစ်ကိုယ် တစ်စိတ်လိုပဲ ချစ်ပျော်ရင် မောင်ပျော်ပါတယ်ကွယ်..ကူးစက်ခြင်းဆိုတဲ့ အရာထဲမှာ Virus ထက်ကြောက်စရာကောင်းတဲ့ အချစ်ကို ချစ်ကိုမောင် အရမ်းချစ်ပါတယ်.

၃၁ရက် ၇ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:30 0 comments
စာတွေ မရေးဖြစ်တာ အတော်ကြာသွားပြီ..လာဖတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ လည်း update မဖြစ်တော့ ပျင်းများနေကြမလားပဲ..အလုပ်တွေနည်းနည်းရှိနေတော့ အွန်လိုင်းမသုံးဖြစ်တာလည်းပါတာပေါ့..ဒါပေမဲ့ ဒီလိုမဖြစ်သင့်မှန်း ကျနော် နားလည်ပါတယ်..စာရေးမဲ့အချိန်လေးကတော့ ဘယ်လောက်ပဲ အလုပ်များများ ရှိနေရမယ်လို့ ကျနော်တွေးမိပါတယ်.နားလည်ပါ ချစ်သူ...စာဖတ်ပရိတ်သတ်များနဲ့ အတူ အားလုံးသော သူငယ်ချင်း ညီအစ်ကိုတွေကိုလည်း ချစ်သူနဲ့ ငြားလို့ ချစ်နိုင်ပါစေလို့ ဒီစာလေးနဲ့ အတူ ပထမ နိဒါန်းပျိုးပါရစေ...

မောင်

Monday, 30 July 2012

Heaven

Posted by MG at 01:26 0 comments

Thursday, 28 June 2012

၁၈ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:23 0 comments
လွမ်းရက်တွေကိုလည်း ပိုတိုစေ.. ဝေးရပ်တွေကိုလည်း ကျောခိုင်းစေ ဆိုတဲ့ စကားလေးနဲ့ အညီ
အနားမှာရောက်သွားပြီဆိုတဲ့ စာတမ်းလေးကို ကျနော် ရေးချင်ပါတယ်..ဒါပေမဲ့ ကျနော် ရေးခွင့်မရသေးပါဘူး..
ပရိတ်သတ်ကြီးလည်း ဒီစာကြောင်းလေးကို ရေးဖို့ အခွင့်လေး ဖြစ်အောင် ဆုတောင်းပေးနေကြမယ်ထင်ပါတယ်..ဘာလို့ လဲဆိုတော့ ကျနော်ခံစားချက်များကို စာဖတ်သူ အနေနဲ့လည်း အချိန်တွေပေးပြီး အရူးကြီး ကျနေတာပဲလို့ စိတ်မှာတွေးတဲ့လူ ရှိနေနိုင်သလို  .ကြိုက်သူလည်း ရှိနေမယ်ဆိုတာ ကျနော် ယုံကြည်မိပါတယ်..ယုံကြည်မှု့ တခုရှိပြီဆိုရင် အလုပ်တခုကို လူတိုင်း လုပ်တတ်ကြပါတယ်..
ဒီလိုပါပဲ. ကျနော်ဟာ သစ္စာတရားဆိုတဲ့ အရာလေးကို ကျနော်ယုံမိပါတယ်.
ကျနော် ချစ်တဲ့ ချစ်နဲ့ တွေ့ ရဖို့ ကျနော် ယုံကြည်ပါတယ်..နိုင်ငံတွေခြား ဝေးကွာနေရတဲ့အနေထားလေးကြောင့် မဆုံနိုင်ဘူးလို့ တွေးကောင်း တွေးလို့ ရတယ်ဆိုပေမဲ့ သစ္စာတရားဆိုတာကြီးကို စောင့်ထိန်းကြမယ်ဆိုရင် တွေ့ နိုင်ပါတယ်..
နနှစ်ယောက်လုံးတော့ စောင့်ထိန်းနိုင်ဖို့ တော့ လိုတာပေါ့လေ..တခါတလေတော့လည်း
မလွန်ဆန်နိုင်တဲ့အရာလေးတခု နှစ်ဦးစလုံးမှာ တယောက်က ကြုံလာပြီဆိုရင် ကံကိုတော့ ယိုးမယ်မဖွဲ့ ချင်ပါဘူး..ဒါပေမဲ့ ဆုံနိုင်ပါသေးတယ်..တကယ် အချစ်စစ်မှန်ရင် တကယ်သစ္စာတရား မှန်ကန်ခဲ့ရင် တွေ့ နိုင်ပါတယ်..တွေ့ ဆုံခွင့်ဆိုတာ ကိုယ်က ကြိုးစားနေသရွေ့ ကံ.ဆိုတဲ့ သူငယ်ချင်းကလည်း ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါဘူးလေ...

                                                                                                              မောင်

၁၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:14 0 comments
တခါတခါတော့ စဉ်းစားမိတယ်..တောင်ပံ တစ်စုံသာ ပါခဲ့ရင်ဆိုတဲ့ အတွေးလေးပေါ့နော်.
ပျံသန်းချင် သွားချင် လာချင်တဲ့ စိတ်က အမြဲတစေ လို လို ဖြစ်ပေါ်နေမိတယ်. မောင့်အတွေးထဲမှာ
ချစ်က စိုးမိုးထားတော့ မောင် ဘာလုပ်လုပ် အမြဲအနားမှာရှိနေစေတယ်လေ..ဒါကိုရေးနေလို့ မောင်နလံထူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ တဖြည်းဖြည်းနဲ့ နှာခေါင်းသွေးထွက်မဲ့ ကိန်း ..အချိန်နဲ့ ဖြတ်တောက်ဖို့ တော့ မစဉ်းစားလိုက်ပါနဲ့ ချစ်..
ချစ်တဲ့ သူ တယောက် အနားမှာ ရှိနေတာ ဘဝမှာ ပျော်စရာပါ..ဒီလိုပဲ မောင်လည်းချစ်တော့ အနားမှာ နေပေးချင်တယ်လေ.အပေးယူမျှတ ပါတယ်လေ. ဒီတော့ တတ်နိုင်သလောက် ရနိုင်သလောက် အနားမှာရှိနေခွင့်လေးတော့ မောင့်ကို ပေးပါ.. ချစ်တယ်..ချစ်ရယ်.

                                                                                                     မောင်

၁၆ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:05 0 comments
ချစ်ရဲ့ မျက်လုံးလေးတွေနဲ့ ဆုံတဲ့အခိုက် မောင့်ရင်ထဲမှာ ရထားတစင်း ခုတ်မောင်းသလို မြန်နေတဲ့ ရင်ခုန်သံတွေကို သေမှပဲ ရပ်ချင်တယ်...ဒီရင်ခုန်သံရပ်တဲ့ နေ့ ကိုလည်း ဘဝမှာ မရှိတဲ့ တနေ့ အဖြစ်ကို သတ်မှတ်ချင်တယ်... ကုန်လွန်ခဲ့တဲ့ ရက်တွေကို ဖြတ်သန်းရတာ နာကျင်နေပေမဲ့လည်း တကယ်ချစ်တော့ မမှု့ ပါဘူးကွယ်.. ပိုချစ်လာတာက လွဲရင် ဘယ်အရာကမှ တုန့် ပြန်မလာနိုင်ပါဘူး...

                                                                                                        မောင်

၁၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:02 0 comments
တွေ့ ခွင့်ပေးပါ..တွေ့ ဆုံချင်တဲ့ စိတ်တွေက နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့တာ ယနေ့ ယခုဆိုရင် ၃ နှစ်ကျော်ခဲ့ပြီ. ဝေးကွာခြင်းဆိုတဲ့ အကြောင်းရာလေးတွေကို တနေ့ တနေ့ စဉ်းစားခဲ့တာလည်း ဒီနှစ်တွေနဲ့ အတူပေါ့.. ဖြစ်ချင်တဲ့ ဆန္ဒလေးတခုအပေါ်ကို မှီပြီး ရှင်သန်နေမှု့ နဲ့ အတူ. လုပ်သမျှတွေအရာလည်း ပျော်ရွှင်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..တယောက်တည်းဖြတ်သန်းရတဲ့  အချိန်ကတော့ ဘဝမှာ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းရသလို့ .. ဒီလိုအချိန်တွေကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်လေ..ဒါပေမဲ့..ချစ် အဆင်ပြေနေမယ်ဆိုရင် မောင်ကျေနပ်နေမှာပါကွယ်...

                                                                                     မောင်

Sunday, 24 June 2012

Notes

Posted by MG at 23:16 0 comments
ခွဲမသွားပါနဲ့ ချစ်ရယ်..
တောင်းပန်ပါတယ်...


                                           မောင်

၁၄ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:15 0 comments
ဝေးရက်တွေကို ကျော်လွန်ချင်ပေမဲ့ ဝေးကွာနေရဆဲ ဖြစ်တဲ့ ရက်ကလေးတွေကို ကြုံနေရဆဲမို့ 
ချစ်ရယ်...အနားလေးမှာ မင်းရှိနေရင် ပြီးပြည့်စုံတဲ့ မောင့်ဘဝလေးက မင်းနဲ့ ဘယ်တော့များ ပြန်ဆုံခွင့်ရမလဲကွယ်...မောင့် ချစ်ကို ချစ်တဲ့ အချစ်က အရာရာနဲ့ နှိုင်းရင် အနှိုင်းမဲ့ ပါတယ်လေ..မောင့်လောက် ပြန်မချစ်နိုင်ရင်လည်း ရာခိုင်နှုန်းလျှော့ပြီး ချစ်ပေးပါ ချစ်..
အချစ်ပေးလို့ အချစ်မရတဲ့ သာဓက ရှိကောင်း ရှိပေမဲ့ ဒီသာဓက တွေနဲ့ ဆန့် ကျင့်ဘက်ကို မောင့်ကို ပေးပါနော်
မောင့်အချစ်တွေကို ချစ်ရင်ထဲက သိနေသလို ချစ်ရဲ့ အချစ်တွေကိုလည်း မောင့်နှလုံးသားထဲက သိခွင့်လေးတော့ ပေးနော် ချစ်...

                                                      မောင်.

၁၃ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:11 0 comments
မောင်နဲ့ ချစ်တို့ ရဲ့ အချစ်လေးကို
          ထာဝရ..
အသက် ဆက်ရှင်ခွင့်ပေးပါ ဘုရား..

                မောင်

၁၂ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 23:09 0 comments
နေ့ စဉ်နဲ့ အမျှ မြင်တွေ့ နေရတဲ့ နေ့ ကလေးတွေ ထပ်ပြီး အသက်ဆက်ရှင်ပါစေ.
လွမ်းရတဲ့ နေ့ ကလေးတွေကို ကျော်လွန်ချင်တဲ့ စိတ်တွေ မပြေပျောက်ပါစေနဲ့ ..
ချစ်ရက်တွေ ဝေဖြာတဲ့ မနက်ခင်းကစပြီး တနေ့ တာကို အချစ်တွေနဲ့ လန်းစေ..
မတွေ့ ရတဲ့ ရက်တွေမှာ ရန်ဖြစ်ချင်တဲ့ စိတ်တွေ ပိုများပါစေ.
အလွမ်းတွေနဲ့ အဆုံးမသတ်ပါရစေနဲ့ .
အမုန်းတွေကို ကျောခိုင်းပါရစေ...
တူတူနေရတဲ့ တသက်တာကိုပဲ မျှော်လင့်ပါရစေ...

                                                                              မောင်

Saturday, 23 June 2012

၂၃ ရက် ၆ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 05:12 0 comments

Wednesday, 20 June 2012

A1 Like a Rose

Posted by MG at 08:10 0 comments

Sunday, 17 June 2012

၁၁ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 04:07 0 comments
မြန်မြန်တွေ့ ရပါစေလို့ ဘုရားမှာ နေ့ တိုင်း ဆုတောင်းလျှက်ပါ ချစ်..
ဆန္ဒနဲ့ တထပ်တည်းဖြစ်တဲ့ နေ့ ကလေးကို ပိုင်ဆိုင်စေလို ပါတယ်.
ဖြစ်ချင်တဲ့ အရာလေးတွေကို စောင့်စားရတာကလည်း တကယ်ရင်ခုန်စရာ ကောင်းပါတယ်..
တကယ်ဖြစ်လာရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်...
လူတိုင်းကတော့ ရင်ခုန်စွာ စောင့်စားရတာကို ကြိုက်ကြတယ်..
လူတိုင်းရဲ့ ရင်ထဲက စကားသံတွေကလည်း တကယ်ကို ထူးခြား ဆန်းကြယ်လွန်းပါတယ်.

                                                                                              မောင်..

၁၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 04:01 0 comments
မောင်အသက်ရှုရင်တောင် ချစ်ရဲ့ အချစ်တွေနဲ့ မောင်အသက်ဆက်ပြီး ရှင်ပါရစေ...
ဘယ်လိုပဲ ဖြစ်ဖြစ် မောင်ကျေနပ်ပါတယ် ချစ်ရယ်..
ချစ်ခဲ့ဖူးပြီမို့ ပေးတဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းပြင်း တန်ဖိုးထားမှာပါ..

                                              မောင်..

၉ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 03:53 0 comments
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့..ဆန်းသစ်မှု့ အချစ်တွေကို မောင်မလိုချင်ဘူး..ချစ်လည်း တူတူပဲလို့ ပြောဖူးတယ်နော် ချစ်...ချစ်ခဲ့ပြီးမှတော့ ဝေးသွားမှာကို မောင်မလိုချင်ပါဘူး..
တသက်လုံးအတွက် ချစ်ခဲ့တာမို့ ဝေးတယ်ဆိုတဲ့ စကားက ရန်သူလို့ ပြောရင်မမှားပါဘူး...

                                                                     မောင်..

၈ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 03:50 0 comments
ဒီလိုနေမျိုးတွေကြားက ရုန်းမထွက်နိုင်သလို  ဒီလိုရက်တွေကြားမှာလည်း အမြဲပျော်မွေ့ နေခဲ့တာပါ..
ရုန်းမထွက်ချင်ခဲ့ဘူး..

                                                                  မောင်..

Saturday, 16 June 2012

Notes

Posted by MG at 23:02 0 comments
ကျန်းမာရေးကို အထူး ဂရုစိုက်ပါ ချစ်..

                                ချစ် ကျန်းမာနေရင် ဘယ်အရာကို မဆို ချစ်လုပ်နိုင်ပါတယ်.

ရယ်ရွယ်တဲ့ ပန်းတိုင်ကိုလည်း တနေ့ ရောက်မှာ မုချမလွဲပါဘူး.......

                                         ကျန်းမာပါစေ...ချစ်..

                                                                                                   မောင်.....

၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 23:00 0 comments
တဆတ်ဆတ်နာ နှလုံးသားကြားက ပေါက်ကွဲသံစဉ်တွေက ငါ့ကို ထိန်းချုပ်ဖို့ ခက်စေတဲ့ နေ့ တွေကြားမှာ
ရှင်သန်လျှက် ရက်ကလေးတွေကို ကုန်စေတယ်..

ရှင်သန်းမှု့ တိုင်းမှာ ခံစားချက်ရှိတယ်..လူတွေဟာ တနေ့ နဲ့ တနေ့ ဖြတ်သန်းရတဲ့ နေ့ တွေကြားမှာ ငိုမယ် ရယ်မယ်. ဝမ်းနည်းမယ်..မျက်ရည်ကျမယ် အစရှိတဲ့ ရသ ပေါင်း မြောက်များစွာနဲ့ ဖြတ်သန်းကြရတယ်..
မောင်ကိုယ်တိုင်းလည်း တနေ့ တာကို ဖြတ်သန်းတဲ့အခါ ချစ်မရှိတဲ့ ရက်တွေကတော့ ရင်ထဲမှာ ဟာတာတာနဲ့ 
တခုခုကို လိုအပ်နေတယ်..လွမ်းရက်တွေ လွန်ပြီး ချစ်ရက်တွေနဲ့ အနားမှာ အမြဲရှင်သန်းနိုင်ပါစေကွယ်...
မောင်ဆုတောင်းပါတယ်...

                                                                                                                မောင်

၆ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:54 0 comments
တွေ့ နေရတဲ့ ရက်ကလေးတွေ ဆုံးရုံးသွားမှာကို မောင်ကြောက်နေမိတယ်...
အလွမ်းရယ်..လွမ်းချင်သလောက် လွမ်းခွင့်ငါ့ကို ပေးပါ.
ငါတောင်းဆိုချင်တာက ဝေးသွားအောင် မလုပ်ပစ်လိုက်စမ်းပါနဲ့ ...

ငါ့မှာ အပြစ်ရှိရင်တောင်မှ လွမ်းရ ဆွေးရ တမ်းတခြင်းဆိုတဲ့ အရာတွေကို ထပ်တိုးပြီး ငါ့ကို ခံစားခွင့်ပေးပါ.
ငါကျေနပ်စွာ ခံယူပါ့မယ်..အဝေးသို့ ထာဝရ လွမ်းရတဲ့ အဖြစ်ကလေးကိုတော့ မင်းလေး မဖန်တီးပါနဲ့ လို့ 
ငါ တောင်းပန်ပါရစေ..

                                                                                                မောင်

၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:47 0 comments
ခံစားမှု့ သက်သက်သာဆို ချစ်ကိုမောင် မချစ်ပါဘူး..တသက်လုံးအတွက် ရည်ရွယ်ထားခဲ့တာမို့ 
ချစ်ကိုမောင် နင့်နေအောင် ချစ်ပြီး ပုံအောပြီးလည်း ယုံခဲ့တာပါ
နင့်နေအောင် ချစ်ပြီးပုံအောင်ပြီး ယုံတယ်ဆိုတာက. ချစ်ကိုမောင် သံသယဆိုတဲ့ အရာနဲ့ ဝေးအောင် အမြဲတမ်း ဖြည့်ပြီး ကြည့်ဖြစ်တယ်..သံသယကတော့ မထားဖြစ်တာ ကောင်းပါတယ်.မကောင်းတဲ့လူက မကောင်းတဲ့လူနဲ့ ပဲ အကျိုးပေးတတ်စမြဲပါ..အသွင်တူမှ အိမ်တူဖြစ်တယ်ဆိုတဲ့စကားကလည်း မှန်ကန်တဲ့ စကားတခွန်းရယ်မို့ သံသယ ဘေးကင်းလို့ ထာဝရ ချစ်နိုင်ပါစေလို့ လည်း အမြဲဆုတောင်းမိတယ်..

                                                                                                                   မောင်...

၎ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:44 0 comments
DON'T LEAVE ME ALONE.

UR'S MG.

၃ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:40 0 comments
ချစ်..
လမ်းခရီးတခုမှာ တွေ့ ခဲ့တဲ့ မောင့်ကို မေ့သွားခဲ့ရင်တောင် မောင်နဲ့ တွေ့ ခဲ့တဲ့ အွန်လိုင်းလေးကတော့ အမြဲတမ်း
အသက်ရှင်လျှက် ရှိနေမှာပါ
ယုံကြည်လို့ မရဘူးဆိုတဲ့ ဒီနေရာ အွန်လိုင်းလေးကနေ ချစ်ကြတယ်ဆိုပေမဲ့ 
ချစ်ကိုမောင် အရမ်းချစ်မိသွားတယ်..မတွေ့ ရရင် မနေနိုင်အောင်ကို ဖြစ်တယ်..
သေမယ်ဆိုရင်တောင် သေလို့ ရမှန်း မောင့်ကို မောင်သိတယ်.
ခံစားတတ်သူချင်းပဲ ..နားလည်မှာပါ....

ချစ်နဲ့ မောင် ထပ်မလွဲချင်ပါဘူးကွယ်...
လွဲခြင်းတွေနဲ့ စခဲ့တဲ့ ချစ်ခြင်းဟာ ဆုံခြင်း နဲ့ ဆုံးတဲ့ အရာလေးနဲ့ ပဲ အဆုံးသတ်ချင်တယ်..
အရာရာဟာ မမျှတဘူးဆိုပေမဲ့  ကံကောင်းခြင်းဆိုတာလေးကိုတော့ တကြိမ် တခါ ကြုံဖူးချင်တယ်...
ကံကောင်းခြင်းဆိုတာကိုတော့ လူတိုင်း ဘဝမှာ ကြုံဖူးတတ်ကြစမြဲပါ..
ဒါပေမဲ့ ကျနော့်အတွက်ကတော့ ကံကောင်းခြင်းဆိုတာ ရှိခဲ့တာမှန်ပါတယ်..ကြီးမားတဲ့ ကံကောင်းခြင်းဆိုတာကို ကျနော် သိတဲ့အချိန်မှာ ကျနော် ဒီကံကောင်းခြင်းနဲ့ မလွဲချင်ပါဘူး..ချစ်သူနဲ့ ဒီနေရာလေးမှာ ချစ်နေရတာ တကယ်ရင်မောတယ်ဆိုပေမဲ့
သစ္စာတရားရှိတော့ မောင်ခံသာပါသေးတယ်..ချစ်သူနဲ့ တွေ့ ချင်တဲ့ စိတ် လွမ်းရ ဆွေးရတဲ့ (မီးလို့ ပြော) အခြေနေလေးတွေကနေ ကင်းကွာဖို့  မောင်နဲ့ ချစ်တွေ့ ကြရင် ဘယ်လောက်များ ကောင်းလဲ မလဲကွယ်..
နေ့ စဉ် ရက်ဆက် ဘုရားကတော့ အသိဆုံးပါ...

မောင်

Friday, 15 June 2012

၂ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:42 0 comments
အရမ်းချစ်ပေမဲ့ နားလည်မှု့ ရှိမှတဲ့ .
မောင်နဲ့ ချစ်တို့ ရဲ့ ချစ်ခြင်းက နားလည်မှု့ နဲ့ ပြည့်နေတဲ့ ချစ်ခြင်းပါ.ဖြူစင်တဲ့ ရင်ထဲကချစ်ခြင်းတခုပါ.
နှစ်တွေသာ ကုန်သွားတယ်လေ..ခိုင်မြဲတဲ့ ချစ်ခြင်းတခုကို ပိုင်ဆိုင်ထားရတာ တကယ်လည်း တန်ဖိုးကြီးမားပါတယ်.
ချစ်ကို မောင် အရမ်းချစ်တယ်...တန်ဖိုးကြီးတဲ့ အရာတခုကို လူတိုင်း ဆုံးရှုံးရမှာ ကြောက်တတ်ကြပါတယ်.
မောင်လည်း ချစ်ကို ဆုံးရှုံးရမှာကြောက်တယ်..ဘယ်လိုချစ်ခြင်းမျိုးက တန်ဖိုးရှိတယ်လို့ ဘယ်လိုစာရေးဆရာ
တွေပဲပြောပြော ချစ်ကို မောင် ပိုင်ဆိုင်ချင်တယ်...ပိုင်ဆိုင်မှု့ ကင်းတဲ့ ချစ်ခြင်းနဲ့ လွဲရပါစေလို့ ဒီစာနဲ့ အတူ ဆုတောင်းသလို ဘုရားမှာလည်း ထာဝရ တူတူနေရပါစေလို့ နေ့ စဉ်နဲ့ အမျှ ဆုတောင်းလျှက်ပါ..

မောင်.

Thursday, 14 June 2012

၁ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:35 0 comments
လူတွေဟာ ကိုယ့်ကို ကိုယ်တော့ အရမ်းချစ်တတ်ကြတယ်..မောင်တခုတွေးမိတယ်.ချစ်နဲ့ မောင်သာ ဝေးခဲ့ကြရင် ဝေးတဲ့ နေ့ မှာ
 မောင်သေမယ်ဆိုတောင် မောင်ကျေနပ်တယ်..အားလုံးထက်ပိုပြီး ချစ်ကို မောင်ချစ်တော့ ချစ်ရဲ့ စကားတစ်ခွန်းက မောင့်ကို ပြောင်းလဲစေနိုင်တယ်..အတွေးတခုထက်မှာ သံယောဇဉ်ထပ်ကျန်စေမဲ့
ချစ်စကားလေးတွေက မောင့်ရင်ထဲမှာ အမြဲတမ်း နိုးထနေလျှက်ပါ ..

မောင်

၁၄ ရက်နေ့ ၆ လပိုင်း ၂၀၁၂ ခုနှစ် နေ့ 

Posted by MG at 00:54 0 comments
ကျနော် လူဖြစ်လာတာ ဘာကြောင့်လဲ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိသလဲလို့ တွေးမိတယ်.
လူတစ်တယောက်ကို ချစ်မိတာ သဘာဝကျပါတယ်.
ကိုးကွယ်မိသွားတာကတော့ တကယ်ကို ကိုယ့်ကို ကိုယ်မယုံနိုင်အောင်ပါပဲ.
သူငယ်ချင်းတယောက် ပြောဖူးတယ်...
အချစ်ဆိုတာ မီးလိုပူတယ်..သူ့ ဘဝအတွက် အချစ်က ဝေးလေ ကောင်းလေတဲ့
ကျနော် တွေးမိတယ်..ကျနော်ကတော့ဗျာ ဗြောင်းဆန်အောင် သောင်းပြန်တဲ့ အဖြစ်နဲ့ ကြုံရင်တောင်
ချစ်မိတဲ့ သူ ကို ချစ်နေမဲ့လူစားလို့ ကျနော်ကို ကျနော် ထင်တယ်.
ဘယ်လိုဖြစ်ဖြစ် ဖြစ်လာတဲ့အရာကို မဖြစ်ဖြစ် ဖြစ်သလိုလို နားလည်ခွင့်လွတ်ပေးမယ်လို့ လည်း တွေးထားပါတယ်.
ချစ်တဲ့ သူတိုင်း ချစ်ခင်စွာနဲ့ ထာဝရ ပေါင်းစည်းရပါစေသားလို့ ဒီစာသားလေးနဲ့ ကျနော် ဆုတောင်းပါတယ်.
ကျနော်နဲ့ အတူ ဒီဆုလေးကို ပြည့်စေချင်နေတဲ့ လူတွေလည်း အများကြီး ရှိနေမယ်ဆိုတာ ကျနော်သိနေပါတယ်.
ဒါပေမဲ့ ကံကိုပဲ ယိုးမယ်ဖွဲ့ ရမလား..ဘာကို ညွန်းရမလဲဗျာ..ဒီဆုလေးက မပြည့်တာပဲ များနေတယ်ဗျာ..
ကိုယ်အရမ်းချစ်မိတဲ့အခါ သူထွက်သွားတဲ့ နေက ရင်ထဲက နှလုံးသားတွေကို ဆွဲထုတ်သွားတဲ့အလား
နာကျင်ခံစားရတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမယ်ထင်ပါတယ်.
တခါတလေကတော့ ဖြစ်လာမဲ့အရာကို ကြိုတင်သိနေပြီး တဆိတ်ဆိတ်နဲ့ နာကျင်နေတာလေးကလည်း
တကယ်ကို အပ်နဲ့ ထွင်းသလို ဆိုပေမဲ့.ကျေနပ်သူ အဖို့ တော့ ကျေနပ်နေကြတယ်နော်...


အရမ်းချစ်မိသွားတယ်..


မောင်

ကျနော်ဆိုဒ်ကို လာလည်သော သူငယ်ချင်းအားလုံးကို သိစေရန်

Posted by MG at 00:41 0 comments
ကျနော် ချစ်သူပေးသော စာအုပ်လေးပေါ်မှ စာသားလေးတွေကို ကျနော် ဒီနေ့ က စပြီး
ကျနော် ရေးပါပြီခင်ဗျာ..ကျနော်ဟာ စာရေးဆရာ တယောက် မဟုတ်သလို ကဗျာဆရာ တယောက်လည်း
မဟုတ်ပါဘူးဗျာ.စာဖတ်သူများအနေနဲ့ အမှားပါတာများရှိခဲ့ရင် သည်းခံပြီး ဖတ်ပေးပါရန်နှင့် ကျနော်နှလုံးသားနဲ့ ခံစားပြီးရေးတဲ့ ခံစားချက်များအား ဝေဖန်လိုပါကလည်း Chat Box ထဲမှာ အကြံပေးနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ....

အားလုံးကို ကျေးဇူးတင်ပါတယ်...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting