Thursday, 29 December 2011

TODAY IS MY BIRTHDAY , 29 December

Posted by MG at 04:25 0 comments
လူဆိုတာ နေ့ တွေကို နေ့ စဉ်နဲ့ အမျှ ဖြတ်သန်းကြရပါတယ်.ဒီလိုဖြတ်သန်းလာကြတာနဲ့ အမျှ အသက်အရွယ်တွေကလည်း တဖြည်းဖြည်းကြီးလာတယ်.အသက်ရွယ်ကြီးလာတာနဲ့ အမျှလည်း ကိုယ့်ရဲ့ မွေးနေ့ ဆိုသည်မှာလည်း တနှစ်မှာ တခါ ကျရောက်လာကြပြန်ပါတယ်.ဒီနေ့ ဆိုပြန်ရင်လည်း ကျနော်ရဲ့ မွေးနေ့ ကျရောက်လာပြန်ပါတယ်..ဒီနေ့ ကျရောက်တဲ့ ကျနော်ရဲ့ မွေးနေ့ မှာ ဖေဖေ မေမေနဲ့ တကွ မိဘ ဆွေမျိုးတွေ ကို ပထမ အနေနဲ့ ရှိခိုး ကန်တော့ပါတယ်.နောက်တခုအနေနဲ့ ကျနော်ချစ်သူ ဖေဖေ မေမေ နဲ့ တကွ ကျနော် ချစ်သူ ကျနော် ချစ်သူ မိဘဆွေမျိုး သူငယ်ချင်းတွေအားလုံး  နေ ကောင်းကျန်းမာပြီး လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကာ သွားတဲ့ လမ်းမှာ ဘေးကင်းလို့ သာယာစွာနဲ့ အရာရာကို ဖြတ်ကျော်နိုင်ပါစေ...လူနတ် ဗြမ္မာ သတ္တဝါ အားလုံးလည်း ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ.

မောင်

၂၉ ရက် ၁၂ လ ပိုင်း

Posted by MG at 03:12 0 comments
လူဆိုတာ နေ့ တွေကို နေ့ စဉ်နဲ့ အမျှ ဖြတ်သန်းကြရပါတယ်.ဒီလိုဖြတ်သန်းလာကြတာနဲ့ အမျှ အသက်အရွယ်တွေကလည်း တဖြည်းဖြည်းကြီးလာတယ်.အသက်ရွယ်ကြီးလာတာနဲ့ အမျှလည်း ကိုယ့်ရဲ့ မွေးနေ့ ဆိုသည်မှာလည်း တနှစ်မှာ တခါ ကျရောက်လာကြပြန်ပါတယ်.ဒီနေ့ ဆိုပြန်ရင်လည်း ကျနော်ရဲ့ မွေးနေ့ ကျရောက်လာပြန်ပါတယ်..ဒီနေ့ ကျရောက်တဲ့ ကျနော်ရဲ့ မွေးနေ့ မှာ ဖေဖေ မေမေနဲ့ တကွ မိဘ ဆွေမျိုးတွေ ကို ပထမ အနေနဲ့ ရှိခိုး ကန်တော့ပါတယ်.နောက်တခုအနေနဲ့ ကျနော်ချစ်သူ ဖေဖေ မေမေ နဲ့ တကွ ကျနော် ချစ်သူ ကျနော် ချစ်သူ မိဘဆွေမျိုး သူငယ်ချင်းတွေအားလုံး  နေ ကောင်းကျန်းမာပြီး လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကာ သွားတဲ့ လမ်းမှာ ဘေးကင်းလို့ သာယာစွာနဲ့ အရာရာကို ဖြတ်ကျော်နိုင်ပါစေ...

Tuesday, 27 December 2011

စိတ်ကူးယဉ်မဟုတ်တဲ့ ကဗျာ

Posted by MG at 12:24 0 comments
ချစ်....
အခုရနေ
ဖြစ်နေတာတွေက
ဆုလဒ်တခုပါ.
ဒီဆုကို မြတ်နိုးခြင်းနဲ့ 
နှစ်လွှားကို တလွှာဖြစ်အောင်
ထာဝရအဖြစ် ပေါင်းစည်းပြီး
ချစ်သွားကြမယ်..

ကဗျာလကာင်္တွေ ရေးပြီး
တေးသွားတွေကို ဟစ်အော်ကာ
စိတ်ကူးယဉ်ဆန်တဲ့
လမ်းတခုကို
လျှောက်နေတယ်လို့ တော့
မမြင်လိုက်ပါနဲ့ 
ဒီလိုရေးခြင်းတွေက
ချစ်အပေါ်ထားတဲ့
မောင့်ရင်ထဲက ဆန္ဒတွေ
ခံစားမှု့ တွေကို
တင်ပြထားခြင်းရယ်ပါ.


မောင်

Monday, 26 December 2011

နှလုံးသားမှာ ချစ်

Posted by MG at 12:13 0 comments
အလွမ်းများနဲ့ 
နေ့ စဉ်ဖြတ်သန်းရပေမဲ့
အလွမ်းတွေက
အချစ်တွေအဖြစ်
အသွင်ပြောင်းလို့ 
ပိုပိုချစ်လာတယ်...

သတိရခြင်းတွေက
အငွေ့ အဖြစ်နဲ့ 
ချစ်သူဆီရာကို
သွားရောက်လို့ 
ချစ်သူနှလုံးသားမှာ
မိုးအဖြစ်ရွာချလေသလား.



မောင်

Saturday, 24 December 2011

ချစ်စရာကြီး

Posted by MG at 10:23 0 comments


Tuesday, 20 December 2011

ဆုံချင်ပြီ.

Posted by MG at 10:42 0 comments
လက်တွေ့ ကျတဲ့
အပြင်လောကမှာ
တွေ့ ခွင့်နဲ့ 
ဆုံချင်တဲ့
စိတ်ကလေးတခုက
ရင်ထဲ အသည်းထဲမှာ

ဖြစ်ချင်တာက ဆန္ဒ
ထပ်တူမကျသေးတဲ့
ဘဝတခုကို
ဖြတ်လျှောက်နေရပေမဲ့
တကယ့် အချစ်ဆိုတဲ့
ယုံကြည်မှု့ က
တချိန်မှာ တွေ့ ဆုံခွင့်ကို
ပေးလာမယ်ဆိုတာ
မျှော်လင့်လျှက်....

မောင်

Sunday, 18 December 2011

တင်းထားတဲ့စိတ်

Posted by MG at 17:30 0 comments
အသည်းနှလုံးထက်မှာ
ချစ်ဆိုတဲ့ ချစ်သူရဲ့ 
နာမည်ကို လှပစွာ
တံဆိတ်ရိုက်ထားသလို
စွဲနေအောင် အမြဲတမ်း
ချစ်နေပြီးမှတော့
ဘယ်လိုခက်ခဲမှု့ တွေပဲ
ရှိရှိ တွေ့ ကို တွေ့ ရမယ်.
တူတူနေကို နေစေရမယ်လို့ 
စွဲချက်တင် ချစ်မြတ်နိုးလျှက်.

မောင်..

Saturday, 17 December 2011

ချစ်ဆီမှ မွေးနေ့ ကဒ်

Posted by MG at 08:15 0 comments

Friday, 16 December 2011

Don't let me be The Last to Know

Posted by MG at 17:36 0 comments

Monday, 12 December 2011

ချစ်တယ်.ဒါပေမဲ့ .နားလည်တယ်.

Posted by MG at 15:32 0 comments
ဆုံးရှုံးရမှာကို
ရင်ထဲအသည်းထဲမှာ
စိုးရိမ်စိတ်တွေက
ဆို့ နင့်မှု့ တွေနဲ့ 
ထိတ်လန့် နေခဲ့တဲ့
နေ့ တွေက
ငါ့အတွက်တော့
နေ့ စဉ်နဲ့ အမျှ
အသစ်တွေပါ..

ချစ်တော့လည်း
ပိုင်ဆိုင်ချင်တယ်.
ဒါပေမဲ့ နားလည်ပါတယ်..

လိုအပ်ချက်တွေကို
မဖြည့်နိုင်သလို
ဖြစ်သင့်တာတွေကို
မလုပ်နိုင်လို့ 
မဖြစ်နိုင်ဘူးဆိုရင်တောင်မှ
ထာဝရ ရင်ထဲမှာပဲ
ချစ်နေပ့ါမယ်..

မောင်.

Sunday, 11 December 2011

တကိုင်းတည်း

Posted by MG at 18:49 0 comments
ငှက်ဖြစ်ရင် တကိုင်းနားလို့ 
ချိုလွင် သံစဉ်တွေနဲ့ 
ချစ်ကားတွေပြောကာ
နွေးထွေးတဲ့ ထွေးပွေ့ မှု့ တွေက
နှလုံးသားထဲထိ
တုန်လှုပ်သွားတဲ့
လှိုင်းလုံးအလား
ပြောင်းဆန်လျှက်.


မောင်

ဒီအချိန်လေး

Posted by MG at 18:44 0 comments
တယောက်နဲ့ တယောက်
အရမ်းချစ်ပြီး
အလွမ်းဆိုတဲ့ 
နက်ရှိုင်း ကျယ်ပြန်တဲ့
အရာတခုကို
ဖြတ်သန်းနေရချိန်
လမ်းမမြင်အောင်
စီးကျလာတဲ့
မျက်ရည်စက်များနဲ့ 
သတိရမှု့ တွေက
ရင်ထဲ နှလုံးသားကို
ဆို့ နင့်စွာနဲ့ 
ဖြတ်သန်းလျှက်

မောင်

အရမ်းလွမ်းတယ်

Posted by MG at 18:36 0 comments
သတိရမှု့ တွေနဲ့ 
ပြည့်နှက်နေတဲ့.
နေ့ ရက်ကလေးတွေက
ရင်ထဲက စကားတွေနဲ့ 
မဆန့် အောင်
လွမ်းနေမိတယ်.

ပူလောင်တယ်လို့ 
ခံစားရပေမဲ့
ဒီခံစားမှု့ ကို
အရမ်းချစ်ပြီး
နှစ်သက်စွာနဲ့ 
ခုံမင်မိတယ်..

မောင်

ဒီညရဲ့ တေးသွား

Posted by MG at 18:32 0 comments
ချိုမြိန်တဲ့ ဒီညရဲ့ 
တေးသွားတွေက
နှလုံးသားထဲမှာ
အမြဲတမ်း
ထင်ကျန်နေမည်..

ခွဲခွာနေရတဲ့
အချိန်တွေနဲ့ 
မတွေ့ မမြင်ရတဲ့
နေ့ ရက်တွေက
ရှည်ကြာလွန်းပြီး
တွေ့ ချင်တဲ့ စိတ်က
နှလုံးသားထဲမှ
စီးကျလာတဲ့
မျက်ရည်အလား.....

မောင်

Sunday, 4 December 2011

ဖျောက်ဖျက်မရသော

Posted by MG at 12:42 0 comments
အရာတိုင်းမှာ
ထပ်တူကျတဲ့
ခံစားမှု့ 
အပေးအယူဆိုတာ
ရှိစမြဲပါ.

ခံစားမှု့ တခု နဲ့ 
ရင်ခုန်သံတခု
ရပ်ဆိုင်းသွားတဲ့
အချိန်ဟာလည်း
ရုပ်ဝတ္ထုဆိုတာ
ဘယ်အရာမှန်း
မသိအောင်ကို
ဖြစ်နေမှာပါ..

အချစ်ဆိုတာကတော့
သက်ရှိထင်ရှား
ရှိနေသရွေ့ 
ရှောင်လွှဲမရတဲ့
အရာတခုနဲ့ 
မဖျောက်ပျက်နိုင်တဲ့ 
ဒဏ္ဍာရီ ကဗျာအလား
နှလုံးသားထဲမှာရော
အရာအားလုံးပါ
အရာထင်းလျှက်..

မောင်

Friday, 2 December 2011

မောင်နဲ့ ချစ်ရဲ့ ဒီဇင်ဘာလ

Posted by MG at 09:38 0 comments
ချစ်.
ချစ်ရဲ့ ပါးစက်ထက်ဝယ်
မောင့်ကို ချစ်မိနေပြီလို့ 
ပြောစပြုလာတဲ့ 
နေ့ ကလေးက အစ
ဒီနေ့ ဒီအချိန်ထိဝယ်
မောင်နဲ့ ချစ်ကြား
နှစ်ကိုယ်ကြားစကား
ပြောလာခဲ့တာလည်း
ကြာညောင်းခဲ့ပေါ့...

မြူနှင်းတွေဝေပြီး
အေးစိမ့်တဲ့ရာသီ
ရောက်လာပြန်တဲ့
ဒီဇင်ဘာလရဲ့ 
အခိုးငွေ့ တွေက
ချစ်သူတွေရဲ့ 
နှလုံးသားထဲကို
အေးချမ်းမှု့ တွေပေးလျှက်.

ဒီဇင်ဘာလ
မောင့်မွေးနေ့ မှာ.
ချစ်ပေးလက်ဆောင်
ထိုဖိနပ်လေးကို
စီး ပြီးပျော်ကာ
ချစ်နဲ့ တူတူ
လက်ချင်းဆက်လို့ 
နွဲ့ ပျော်ကာ
တူတူ လျှောက်ချင်တယ်..



မောင်



Wednesday, 30 November 2011

ချစ်တဲ့အကြောင်း

Posted by MG at 13:21 0 comments
အသည်းနှလုံးထဲမှာ
ကျောက်စာတင်လို့ 
မှတ်တမ်းရေးထိုးထားတယ်.
ချစ်ကို ချစ်တဲ့အကြောင်းကိုပေါ့...

စာဖွဲ့ နွဲ့ ပြီး
ချစ်တဲ့အကြောင်း
ဘယ်လောက်ပြောပြော
ရင်ထဲက နက်ရှိုင်းတဲ့
ခံစားမှု့ တခုကိုတော့
လိုက်မမှီနိုင်ဘူး...

ဆန်းကြယ်ရင် ဆန်းကြယ်ပါစေ
အလန်းသဘောနဲ့ 
သီးသန့် လျှောက်တဲ့
ခံစားမှု့ အချစ်မျိုးမဟုတ်တဲ့
နားလည်မှု့ နဲ့ 
လျှောက်တဲ့ 
အချစ်ရဲ့ ခံစားမှု့ မျိုး တမျိုး.



မောင်

Tuesday, 29 November 2011

မောင့်ရင်ထဲက ချစ်

Posted by MG at 13:02 0 comments
ရင်ထဲမှာ စကားလေးများ
ကြားကြားခါဝယ်
ခုန်ခုန်လာတဲ့
ရင်တွင်းထဲက
စကားလုံးများက.
ချစ် ရင်ထဲကို
စီးဝင်ဖို့
 ရေစီးကြောင်းလေးတခုအလား
ဖန်တီးလေတဲ့
ချစ်ရဲ့ မောင်က
အရမ်းချစ်တယ်
စကားလုံးနဲ့ 
တွယ်ငြိလေတဲ့
အရာလေးတခု အဖြစ်...

မောင်

Monday, 28 November 2011

ပိုပိုနေတဲ့သတိရစိတ်

Posted by MG at 10:37 0 comments
ချစ်.
တနေ့ မတွေ့ ရရင်
အလွမ်းတွေနဲ့ 
သတိရစိတ်တွေက
ပိုပိုလာတယ်.

ဘယ်နေရာရောက်နေ နေ
ချစ်ကို အမြဲသတိရစိတ်က
ရင်ထဲက ဆန္ဒတခုအဖြစ်နဲ့ 
နှလုံးသားထဲမှာ
တွယ်ငြိနေတယ်...

မောင်

Saturday, 26 November 2011

အနီးဆုံးနေရာ

Posted by MG at 08:44 0 comments
ခြေရာတွေပျောက်
ရေတွေခြောက်လည်း
ရင်ထဲက စိမ်းစိုမှု့ ကို
မတွန်းလှန်နိုင်..

စိမ်းလန်းတဲ့
မြက်ခင်းကျယ်မှာလည်း
မွေ့ မပျော်နိုင်
ကျယ်ဝန်းတဲ့
လွင်ပြင်မှာလည်း
ဆွေးမနေနိုင်
နေချင်တာ
အနီးဆုံးဖြစ်တဲ့
ချစ်ရဲ့ ရင်ခွင်ထဲမှာသာ
မှေးစက်ချင်ရဲ့ ...

မောင်

Wednesday, 23 November 2011

နေ့ တိုင်း ချစ်နဲ့ 

Posted by MG at 16:23 0 comments
ချစ်.
လန်းဆန်းမှု့ များနဲ့ 
မနက်ပိုင်းတွေ့ ရတဲ့
တွေ့ ဆုံမှု့ တွေက
ချစ်ရဲ့ အလှတွေနဲ့ 
ရှင်သန်မှု့ တွေက
မောင်တို့ ရဲ့ အချစ်တွေကို
တိုးစေပြီး
ခိုင်မြဲသထက် ခိုင်မြဲအောင်
တွန်းပိုးစေခဲ့တယ်နော်..

ထာဝရရယ်လို့ 
ချစ်တယ်စကား
မောင်ပြောခဲ့တာ
ချစ်နှလုံးသားထဲမှာ
စူးနစ်စွာနဲ့ 
ရှိနေရဲ့ လား.
မောင့်နှလုံးသားထဲမှာ
ပြန်ဆွဲနှုတ်မရတဲ့
သံယောဇဉ်အချစ်
စူးလေးတချောင်းသဖွယ်
ချစ်မိနေလေပြီ...

မောင်

Sunday, 20 November 2011

နှလုံးသားထဲက ချစ်

Posted by MG at 11:37 0 comments
ဘယ်လောက်ပဲ
ခံစားရ ခံစားရ
မောင့် အတွေက်တော့
တန်ပါတယ် ချစ်ရယ်.

မောင့်ရင်ထဲ
နှစ်နှစ်ခါခါချစ်တော့လည်း
ရှေ့ မတိုးဖြစ်ရင်တင်မှ
ဒီအခြေနေလေးက
ပစ်ခွာသွားမှာကိုတော့
အရမ်း စိုးရွံ့ မိတယ်...

လှပစွာ သီကုံးထားတဲ့
စကားလုံးလေးတွေကို
ဖော်ပြချင်ပေမဲ့
ဖော်ပြဖို့ ခက်တဲ့
ချစ်စကားလေးတွေ
 ရင်ထဲမှာ ကိန်းအောင်းကာ
အမြဲတမ်း ချစ်နေမိတယ်..

မောင်.

Saturday, 19 November 2011

မေလေး သိစေ

Posted by MG at 13:23 0 comments
ရင်ဆိုင်ဖို့ အားအင်တွေက
ချစ်ဆီက ပေးတဲ့ 
အနမ်းတွေထဲမှာ
ပြည့်နက်နေတယ်ဆိုတာ
ချစ်သိစေနော်..

အလှမ်းဝေးနေပေမဲ့
မောင့်စိတ်က မေလေးအနားမှာ
အမြဲတမ်း ရှိနေတယ်ဆိုတာ
မေလေး ယုံထားပါ
မေလေးအတွက်
အားသစ်တွေကို
ဖြစ်စေနိုင်မဲ့
အနားမှ မခွာ
ထာဝရ အနမ်းတွေနဲ့ 
ရှင်သန်နေရစေမယ်..

မောင်

Friday, 18 November 2011

မောင့်ရင်ထဲက ချစ်

Posted by MG at 11:19 0 comments
နူးညံ့သိမ်မွေ့ တဲ့
အချစ်ရဲ့ 
နက်ရှိုင်းတဲ့
လွယ်ပြင်ကျယ်မှာ.
ချစ်ဆိုတဲ့
သစ်တပင်ကို
မောင်ဆိုတဲ့ 
ရင်တွင်းနှလုံးသားထဲမှာ
စိုက်ပျိုးထားတော့
ခိုင်မြဲစွာ ရှိနေလျှက်
နှုတ်မရတဲ့
အချစ်များစွာနဲ့ ...


မောင်

Thursday, 17 November 2011

ကျေးဇူးတင်စကား

Posted by MG at 07:08 0 comments
ချစ်..
ပျော်ရွှင်မှု့တခုကို
ထာဝရပေးသွားတဲ့
ချစ်ရဲ့ လက်ဆောင်လေးကို
မောင့်ရင်ထဲ
ထာဝရ  တန်ဖိုးထားလျှက်
သိမ်းထားမှာပါ.

မောင့်အပြုံးတွေက
ချစ်ကို ပျော်ရွှင်စေတဲ့
အရာလေးတခု
ဖြစ်စေချင်တယ်.
အမြဲတမ်း ပျော်ရွှင်မှု့ ကို
ပေးစေလိုတဲ့
ချစ်ရင်ထဲက စကားလေးကလည်း
မောင့်ရင်ထဲက စကားသံးလေနဲ့ အတူ
တွဲကာယှက်လို့ ပျံသန်းတဲ့
ငှက်စုံတွဲအလား.
ထပ်တူမျှပါ..ချစ်..

မောင်

ရင်ထဲက စကား

Posted by MG at 06:53 0 comments
ချစ် ရင်ထဲကစကားတခွန်း
ပေါက်ပွားလာချိန်
မောင့်ရင်ထဲ
ပျော်ရွှင်မိတဲ့ ဒီအရာက
နှလုံးသားထဲကို
စိမ့်ဝင်သွားတယ်...

ချစ်ပေးတဲ့ ဒီလက်ဆောင်က
ထာဝရ မောင့်ရင်ထဲ
တည်မြဲစွာရှိနေမှာပါ..

အပြုံးကို လွှမ်းခြုံတဲ့
ပီတိရဲ့ ခံစားမှု့ တခုက
လောကအလယ်မှာ
ဝင့်ဝါစွာ ထိန်းလင်းလျှက်
ရင်ထဲထိကို ရောက်စေတဲ့
အားသစ်အလား....

မောင်

Wednesday, 16 November 2011

မောင့် အတွက်လက်ဆောင်

Posted by MG at 23:21 1 comments
မောင်ပျော်နေတာကို
မ... ၀မ်းသာနေတယ်

မောင်လိုချင်တာကို
ပေးခွင့် ရလို့ လဲ
မ.. ၀မ်းသာရပြန်ရော

မေးကို တွေ့ လိုက်တော့ 
မောင်ပြူံးတဲ့ အပြူံးက
ပျော်နေတာ တွေ့ ရတော့ 
မ... ၀မ်းသာ ပြန်တယ်လေ

တသက်လုံး
မောင့်ကို ပျော်နေစေချင်တာ
မ..ရဲ့  ရင်ထဲက
ဆန္ဒဖြစ်နေတယ်..............မောင်

ချစ်




Monday, 14 November 2011

ချစ်နားကို

Posted by MG at 12:44 0 comments
ချစ်

အလှမ်းဝေးတဲ့ 
ဟိုး တောင်တန်းပေါ်မှာ
ပျံသန်းနေတဲ့
ငှက်ကလေး
တကောင်သာ
မောင်သာဖြစ်ရင်
ချစ်ရှိရာကို
မောင်ပျံသန်းပြီး
ချစ်နားကို

မောင်ရာက်နေလောက်ပြီနော်....

မောင်

Saturday, 12 November 2011

Posted by MG at 12:30 0 comments
ချစ်ရေ....
ပိုပိုချစ်လာတဲ့
နေ့ ရက်တွေနဲ့ အတူ
ချစ်ခြင်းတခုက
အဆုံးဆိုတာ
မရှိလေခြင်း
အရာတခုကို
ညွှန်းဆိုလေတော့.
မောင်နဲ့ ချစ်တို့ ရဲ့ 
အချစ်က စိတ်ချရတဲ့
နေရာတခုမှာ
အတည်ကျနေပြီ
ထင်တယ်နော် ချစ်..

မောင်

နေရာတခု

Posted by MG at 12:23 0 comments
ချစ်ရေ....
ပိုပိုချစ်လာတဲ့
နေ့ ရက်တွေနဲ့ အတူ
ချစ်ခြင်းတခုက
အဆုံးဆိုတာ
မရှိလေခြင်း
အရာတခုကို
ညွှန်းဆိုလေတော့.
မောင်နဲ့ ချစ်တို့ ရဲ့ 
အချစ်က စိတ်ချရတဲ့
နေရာတခုမှာ
အတည်ကျနေပြီ
ထင်တယ်နော် ချစ်..

မောင်

Friday, 11 November 2011

မပြောင်းလဲတဲ့ အသစ်တဖန်

Posted by MG at 09:33 0 comments
ချစ်ရေ........

တနေ့ ဆို တနေ့ 
နေ့ သစ်တွေ
တိုးလာနေတဲ့
အချိန်တွေနဲ့ အတူ
ရင်ခုန်သံတွေက
မပြောင်းလဲတဲ့
ချစ်ခြင်းတွေနဲ့ 
ထပ်တူကျနေဆဲ..

ကျော်လွန်လာတဲ့
နှစ်တွေက
ရင်ခုန်သံကို
နှိုးဆွနေဆဲ
အနီးနားကို
ရောက်လာတဲ့
ဒီနှစ်ကလည်း
ကောင်းသောနမိတ်
အတိတ်တွေနဲ့ 
ဆောင်ခြင်းတွေကို
ယူဆောင်ပေးလာတယ်.

ချစ်ရေ...
ချစ်နဲ့ မောင်.
ဖြတ်သန်းသမျှ
အချိန်တွေ
ဘယ်လိုကြာညောင်း
နှစ်တွေဟောင်းလို့
နှစ်သစ်ကိုတောင်
ရာက်တော့မယ်
အချစ်ကတော့ တည်မြဲစွာနဲ့ 
ချစ်နေမြဲနော်....

မောင်

တူညီတဲ့ အချစ်

Posted by MG at 01:47 0 comments
ချစ်ရယ်..
ဘာလုပ်လုပ်
ချစ်တယ်တဲ့လား.
တူတူပါပဲကွယ်.
နာကျင်ရင်တောင်
ချစ်တဲ့စိတ်နဲ့ 
ဖြေဖျောက်နိုင်တယ်.
တကယ်ကို ဆေးတလက်ပဲ....

တဘဝလုံးအတွက်
မောင်ရည်မှန်းချက်တွေက
မနိုးထနိုင်ခဲ့ရင်တောင်
ရောက်တဲ့ နေရာကနေ
မောင်ချစ်နေမှာပါကွယ်..

မမြင်ရတဲ့ အရာဆိုတာ
တကယ်ကို ကြောက်စရာပါ
တွေးပူမိတဲ့စိတ်က
ပူလောင်တယ်ဆိုပေမဲ့
မတွေးပဲ မနေနိုင်အောင်
ဖြစ်ရတဲ့ ချစ်စိတ်က
လွှမ်းမိုးနေတယ်...


မောင်

Wednesday, 9 November 2011

ချစ်သူဆွဲအား

Posted by MG at 15:49 0 comments
ချစ်..

အကြည့်တွေက စူးရှ
ရင်ကို ဖောက်ထွင်းမတတ်

ရင်ခုန်သံတွေက
လမ်းမကြီးမှာ
ငလျှင်လှုပ်သလို

စကားပြောပုံလေးက
ချစ်စရာ့အမူရာ
စကားအသံလေးက
ဆွဲဆောင်အား
ကောင်းလှတဲ့
ပန်းကလေးတပွင့်အလား.

မောင့်ချစ်သူ
တင်စားသမျှ
ဤမျှလောက်နဲ့ 
ရေးရုံသာရှိစေ
မပြည့်စုံလေတဲ့
ဖွဲ့ နွဲ့ ခြင်းတွေနဲ့ ....

မောင်

Sunday, 6 November 2011

တွဲလျှောက်ချင်တဲ့ ဆန္ဒ

Posted by MG at 12:56 0 comments
ပန်းခင်းလမ်း
မဟုတ်ပေမဲ့
ငြိမ်းချမ်းမှု့ တွေနဲ့ 
သာယာစိမ်းစိုတဲ့ လမ်းတခု
ဒီလမ်းကလေးမှာ
တွဲလက်ယှဉ်ပြီး
လျှောက်လိုက်ကြစို့ ချစ်သူ..

အလှမ်းဝေးတဲ့
ဟိုး...သစ်ပင်လည်း
ကြည့်လေ ပီတိတွေနဲ့ 
ဒီပုံလေးကို အချိန်တိုင်းကြည့်
စိတ်ထဲမှာ ဖြစ်ပေါ်လာတာ.
မပြောင်းလဲတဲ့
အချစ်တခုနဲ့ 
ခံစားမှု့ တခု
ချစ်နဲ့ နှစ်ကိုယ်တွဲ
လျှောက်ချင်တဲ့ ဆန္ဒ..

မောင်

Saturday, 5 November 2011

ပျော်ရွှင်မှု့ ရင်မှာ

Posted by MG at 10:10 0 comments
မမြင်နိုင်တဲ့
အရာတွေက
ပျော်ရွှင်မှု့ တွေကို
တားဆီးနိုင်တဲ့
အင်းအားတွေရှိလေတော့
စိတ်ထဲမှာ
မဖြစ်ရကောင်း
ဆုတောင်းရတဲ့
နေ့ ကလေးတွေကတာရှည်
ရက်လတွေကြာညောင်းနေခဲ့ပြီ...

မေလေး
အရမ်းချစ်တယ်ဆိုတဲ့
စကားနဲ့ မလုံလောက်အောင်
ရင်ထဲမှာ ကိန်းအောင်းတဲ့
ချစ်စိတ်က ပြင်းထန်လေတော့
တခါတခါ မမြင်ရတဲ့
အရာတွေကို စိုးရွံ့ မိတယ်..
ဖြစ်နိုင်ခြေက
နှစ်ဦးသား
အရမ်းချစ်လေတော့.
အားသာချက်က ရင်ထဲမှာ
ပီတိအဖုံးနဲ့ လွှမ်းခြုံတဲ့
မြပုဝါလို ပျော်ရွှင်နေမိတယ်...

မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting