Tuesday, 22 January 2013

Please forgive me

Posted by MG at 16:39 0 comments

"Please Forgive Me"

Still feels like our first night together
Feels like the first kiss, it's gettin' better baby
No one can better this...
Still holdin' on, you're still the one.
First time our eyes met, same feelin' I get
Only feels much stronger, wanna love you longer
You still turn the fire on...

So if you're feelin' lonely ‒ don't
You're the only one I ever want.
I only wanna make it good
So if I love you a little more than I should...

Please forgive me ‒ I know not what I do.
Please forgive me ‒ I can't stop lovin' you
Don't deny me, this pain I'm going through...
Please forgive me if I need you like I do.
Please believe me, every word I say is true...
Please forgive me I can't stop loving you

Still feels like our best times are together.
Feels like the first touch, still gettin' closer baby
Can't get close enough.
Still holdin' on, you're still number one.
I remember the smell of your skin,
I remember everything,
I remember all your moves I remember you, yeah!
I remember the nights, you know I still do.

So if you're feelin' lonely ‒ don't
You're the only one I ever want.
I only wanna make it good
So if I love you a little more than I should...

Please forgive me ‒ I know not what I do.
Please forgive me ‒ I can't stop lovin' you
Don't deny me, this pain I'm going through.
Please forgive me if I need you like I do
Oh, believe me ‒ every word I say is true.
Please forgive me ‒ I can't stop loving you.

One thing I'm sure of is the way we make love.
And one thing I depend on is for us to stay strong.
With every word and every breath I'm prayin'
That's why I'm sayin'...

Please forgive me ‒ I know not what I do.
Please forgive me ‒ I can't stop lovin' you.
Don't deny me, this pain I'm going through.
Please forgive me if I need you like I do.
Babe, believe me ‒ every word I say is true.
Please forgive me if I can't stop loving you.
Never leave me ‒ I don't know what I'd do.
Please forgive me ‒ I can't stop loving you,
Can't stop loving you.

So if you're feelin' lonely don't
you're the only one I ever want
I only wanna make it good
so if I love ya a little more than I should
Please forgive me, I know not what I do...
...I can't stop lovin' you
Don't deny me this pain I'm going through...
...if I need ya like I do
Please believe me every word I say is true...
...our best times are together...
...touch, still gettin' closer baby
Can't get close enough...
Still holdin' on, still number one
I remember the smell of your skin...everything
...all your moves...you, yeah!
...the nights ya know I still do...
...One thing I'm sure of is the way we make love
And one thing I depend on is for us to stay strong
With every word and every breath I'm prayin'
That's why I'm sayin'...
...Never leave me I don't know what I'd do...

Monday, 21 January 2013

ထွက်ခွာခွင့် မပြု

Posted by MG at 23:08 0 comments

တကယ်လို့ သာ
ချစ်ဟာ မောင်ရဲ့ ခန္ဓာကိုယ်ထဲက
အစိတ်ပိုင်းတခုသာဆိုရင်
အဲဒီအစိတ်ပိုင်းကို
ဖြုတ်လိုက်လို့ မောင်သေမယ်ဆိုရင်တောင်
မောင်ဂရုမစိုက်ပါဘူး..
ဒါပေမဲ့ .
မောင် ဂရုစိုက်တာတခုကတော့
မောင်ရင်ထဲက ချစ် ထွက်သွားမှာကိုပဲ...

မောင်.

အမည်မသိ

Posted by MG at 22:56 0 comments

လှိုင်ဦးမော်

Posted by MG at 22:52 0 comments

တို့ နှစ်ယောက်ရဲ့ အိမ်

Posted by MG at 22:22 0 comments
အလှမ်းဝေးနေတဲ့ 
မောင်တို့ နှစ်ယောက်ရဲ့ အိမ်လေး
တည်ဆောက်ခဲ့တာ
သံယောဇဉ်တွေမြဲလို့ 
စွဲမြဲခဲ့ပါပြီ..
မောင်တို့ အိမ်လေးမှာ
မောင် လှပအောင်
မချယ်သနိုင်သေးပေမဲ့
စိတ်ကအမြဲဆိုသလို
ရောက်နေခဲ့တယ်.

လွမ်းနေမှု့ ကသာ
တခုတည်းသော
အပန်းဖြေစရာနဲ့ 
စိတ်ဖြေရာ ထွက်ပေါက်တခုသာဆို
ငါလွမ်းနေလိုက်မှာပါ.

                                                    မောင်

ဝေးကွာနေတဲ့ နေ့ ရက်တွေမှာ.

Posted by MG at 22:20 0 comments
ကျနော့်ရဲ့ ဆိုဒ်ကိုလာလည်တဲ့ သူငယ်ချင်းတွေကို အားလုံးကို ကျေးဇူးတင်ပါတယ်.
ကျနော် ကဗျာလေးတွေနဲ့ စာမရေးဖြစ်တာ ကင်းကွာနေတာ ကြာနေပါပြီ..ကျနော်သိပါတယ်.
ဒါပေမဲ့ ကျနော် အမြဲသတိရဖြစ်တဲ့ ကျနော်တို့ ရဲ့ အိမ်လေးကိုတော့ မမေ့ခဲ့ပါဘူး..မတင်ဖြစ်တဲ့ရက်တွေမှာတောင် အပြစ်တခုလို ကျနော်ခံစားမိတယ်..အချိန်လေးတွေ မအားလပ်တဲ့အတွက် မတင်ဖြစ်တာကို ကျနော်ချစ်သူအပါဝင် လာလည်တဲ့ သူငယ်ချင်းတွေအားလုံး နားလည်ပေးပါလို့ ပြောချင်ပါတယ်...
ကျနော် ရဲ့ ဆိုဒ်ကလေးကို ကျနော် အင်မတန်မှ တန်ဖိုးထားပါတယ်..ဒါကတော့ ဆိုဒ်တည်ထောင်ထားတဲ့လူတိုင်း ခံစားမိမယ်ထင်ပါတယ်..ကိုယ်ဆောက်ထားတဲ့အိမ်လေးကို တခြားသူငယ်ချင်းတွေ စိတ်ဝင်စားသူတွေ လာကြည့်တယ်ဆိုရင်ပဲ အရမ်းကို ဝမ်းသာနေမိတာပါ...
ကျနော်တို့ နှစ်ယောက် ဆောက်ထားတဲ့ အိမ်လေးက အခုလို တော်တော်လေးကို စွဲမြဲလို့ နေခဲ့ပါပြီ..
ဒီအိမ်လေးကို သံယောဇဉ်တွယ်နေကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေအပေါင်းလည်း စိတ်ချမ်းသာလို့ ကိုယ်ကျန်းပါစေကြောင်း ဒီနေရာလေးကနေ ဆုမွန်ကောင်းလေး တောင်းလိုက်ရပါတယ်..

                                                                                               မောင်

Tuesday, 27 November 2012

၂၇ ရက် ၁၁ လ ၂၀၁၂ ခုနှစ်

Posted by MG at 00:38 0 comments
ချစ်. နေကောင်းရဲ့ လား.. နေကောင်းပါစေလို့ မောင်ဆုတောင်းပါတယ်ကွယ်. အနားမှာ မရှိပေးနိုင်တဲ့ ဒီအဖြစ်လေးကနေ မောင် လွတ်ကင်းနိုင်ပါစေ ချစ်ရယ်. မောင် ချစ်အနားမှာ ရှိနေချင်တာ.. ချစ် နေမကောင်းတဲ့ နေ့ ရက်တွေ အချိန်တွေဆိုရင် မောင်လည်း ချစ်နဲ့ ထပ်တူမကျရင်တောင် မလျှော့တဲ့ နေမကောင်းမှု့ တွေ ရှိနေတယ်ဆိုတာ ချစ်သိနေတယ်မလားဟင်.. တခါတခါ ကိုယ့်အဖြစ်ကိုတောင် ကိုယ်မယုံနိုင်အောင်ပါပဲ ချစ်ရယ်. ရှေးဘဝက ဘာတွေလုပ်ခဲ့လို့ ချစ်နဲ့ မောင် အခုလို ဝေးနေရတာလဲလို့ လေ. နီးပါစေလို့ မောင်ဒီကနေ တဖန် ဆုတောင်းပါတယ်ကွယ်.. လွမ်းမျက်ရည်တွေ ကျတဲ့အခါတွေကို မောင်ရေမတွက်ချင်ပါဘူး.. ရင်ထဲက ချစ်ကို ချစ်တဲ့အချစ်ကိုသာ မောင်အလေးနက်ထားတာပါ.. ချစ် နေကောင်းပါစေနော်... မောင့်ကို မထားခဲ့ပါနဲ့ ..ဘာပဲဖြစ်လာဖြစ်လာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်ကြဖို့ မောင် ပြောလေ့ရှိတယ်နော် ချစ်..မောင်အမြဲပြောတဲ့ စကားလေးက မောင်တဘက်သက်ဆန်ရင် ဆန်နေပါလိမ့်မယ်ချစ် မောင် ချစ်ကို မခွဲနိုင်လို့ ပါ.. သတိရတယ်ချစ်.. မောင်.

Saturday, 24 November 2012

၂၄ ရက် ၁၁လ ၂၀၁၀ ခုနှစ်

Posted by MG at 23:15 0 comments
ချစ်သူ.. ဝေးနေပါစေ. မဝေးတဲ့ နှလုံးသားတခု ရင်ထဲမှာ အမြဲရှိနေပါစေနော်.. ချစ်သူ.. လွမ်းနေပါစေ. နှောင်ကြိုးဖွဲ့ တဲ့ ကြိုးလေးတချောင်း မောင်တို့ ရင်ထဲမှာ ရှိနေပါစေကွယ်.. ချစ်သူ.. မတွေ့ ရတဲ့ ဒီရက်တွေကြား ပင်ပန်းနေမှု့ တွေနဲ့  အလုပ်ခွင်မှာပဲ. ကြိုးစားနေတုန်း မောင့်ကို သတိရစိတ်တွေ ရှိနေရင်လည်း ခဏမေ့ ထားပါနော်. ချစ် ထိခိုက် ဒဏ်ရာ ရမှု့ တွေနဲ့ မောင်မမြင်လို မကြားလို့ တာကြောင့်ပါ. မောင်

Thursday, 22 November 2012

၂၂ ရက် ၁၁ လပိုင်း ၂၀၁၂

Posted by MG at 21:46 0 comments
ချစ်ရတဲ့ ချစ် နေရာဒေသ အလုပ်တွေပြောင်းလဲမှု့ တွေနဲ့  နေရာဒေသတခုမှာ အနေကျဖို့ ဆိုတာ မလွယ်မှန်း မောင်သိပါတယ်. ဒါပေမဲ့ လွမ်းရတဲ့ အရာတခုကကွယ်.. တွေ့ ချင် မြင်ချင်စိတ်တွေက တိုးတိုးပြီးတော့ လာနေတယ်ချစ်ရယ်. ချစ် နေကောင်းပြီး အဆင်ပြေပါစေကွယ်.. အစစအရာရာ အဆင်ပြေဖို့ မောင်ဝေးရပ်မြေကနေ ဆုတောင်းပေးလျှက်ပါ.. တမ်းတမှု့ တွေနဲ့  လွမ်းရတဲ့ ရက်တွေကြား အချစ်ဆိုတဲ့အရာကို ထိတွေ့ ခံစား မြင်ချင် စိတ်တွေနဲ့  လွမ်းရက်တွေကို ကျော်ဖြတ်နေပါတယ် ချစ်သူ... မောင်

Sunday, 18 November 2012

၁၈ ရက် . ၁၁ လပိုင်း . ၂၀၁၂ ခုနှစ်

Posted by MG at 01:41 0 comments
တခါတခါတော့လည်း ခံရခက်လိုက်တာ အားနည်းချက်တွေနဲ့  အသက်ရှင်နေသရွေ စကားပြောလွဲခဲ့ရတဲ့ နေ့ တွေကလည်း များခဲ့ပြီလေ.. ချစ်ဘက်က ကြည့်တော့လည်း မှန်နေပေမဲ့.ရင်ထဲမှာတော့တမျိုး. နားလည်မပေးနိုင်သေးတဲ့ စိတ်ကလေးတခု ဝင်နေတာကလည်း မောင့်ရဲ့ အားနည်းချက် ဖြစ်မယ်လို့ ထင်ပါတယ်. နာကြင်ပါစေ.ခွင့်လွှတ်တဲ့ စိတ်ကလေးတော့ မွေးနိုင်ရမှာပေါ့.. အရာရာကို နားလည်ပေးနိုင်ပေမဲ့. ငါက သူခိုးတယောက်လိုပါပဲ. အမှောင်ရိပ်မှာ ခိုနေတဲ့ လူသူမမြင်တဲ့အရပ်မှာ လမ်းလျှောက်နေသလို.. လမ်းပျောက်လို့ လမ်းလျှောက် ရည်ရွယ်လမ်းကို ရောက်နိုင်အောင်လို့  စွမ်းအားတွေဖြည့် တင်းတင်းခံကာ ကြိုးစားနေပါလျှက်. ကြင်နာသက်ထား အနားမှာများရှိနေပလား သတိရနေမိ.. မောင်

Wednesday, 14 November 2012

ဆုတောင်း

Posted by MG at 23:56 0 comments
ဆုတောင်းဆိုတာ
မမှားစကကောင်းလို့ 
မောင့်ချစ်သူက  ပြောဖူးတယ်.
အမှားဆိုတာ မလုပ်တာ မဖြစ်တာ
ကောင်းတယ်ဆိုပေမဲ့
အမှားနဲ့ အမှန်က ကပ်ရက်ဆိုတော့
တခါတလေ အမှန်ကို အမှားထင်တာတွေကလည်း
ရှိနေသမို့ နောင်ဘဝဆိုတာများ
ရှိခဲ့ရင်တောင် မောင်ချစ်ရတဲ့
ချစ်နဲ့ ဆုံခွင့်ပေးပါလို့ 
ဆုတောင်းဒီနေရာမှာ
အများစာဖတ်ပရိတ်သတ်ရှေ့ တော်သို့ 
ရင်ဖွင့်လိုက်ရပါတယ်..


မောင်

မောင် ဆိုတဲ့ မနက်အလင်း

Posted by MG at 23:53 0 comments
မိုးလင်လို့ မျက်လုံးကလေးတွေ
ဖွင့်လိုက်တာနဲ့ စိတ်ထဲ
ရောက်နေ သတိရနေတာက
မောင်ရဲ့ သက်ထား ချစ်ပါပဲ
ဒီလိုသတိရစိတ်တွေက
နေ့ စဉ်ရက်ဆက်နဲ့ 
တဖြည်းဖြည်းတိုးလာတာ
ခုဆို နှစ်တွေတောင် လွန်ခဲ့ပေါ့..

ဒီလို သတိရမှု့ တွေက
တယောက်တည်းမဟုတ်တဲ့
ခံစားမှု့ ဆိုတော့
မောင့်ရင်ထဲ အတိုင်းအဆမရှိ
ဝမ်းသာပီတိအပြုံးတွေနဲ့ 
မနက်အလင်းရောင်နဲ့ အတူ
တရက်တာကို အပြုံးတွေကို
ဖြတ်သန်းနိုင်တယ်
အဲဒီစကားက
Morning MG တဲ့.


မောင်

Saturday, 3 November 2012

လွမ်းရက်

Posted by MG at 00:28 0 comments
အော်..အလှမ်းဝေးတဲ့ 
လွမ်းရက်တွေတောင်
နီးသလိုနဲ့ ဝေးကွာနေရတယ်.
အနီးဆုံးမှာ နေခွင့်ရတဲ့
ရက်တွေကလည်း အခုတော့
ဝေးကွာနေလျှက်သား..

အော်.
ညတညရဲ့ 
အမှောင်ထုက မှောင်သထက် မှောင်ပြီး
အလင်းရောင်ကို ရောက်လာပြန်တယ်.
နေခြည်အသွေးမှာ ရောင်ခြင်လင်းတာ
သဘာဝဆိုပေမဲ့.
မောင့်အတွက် တညတာရဲ့ 
အလင်းရောင်ရဖို့ ကတော့
ခက်သားလား..

အော်.
တသက်မှာ တစ်ပင်စိုက်ပြီး
တပင်တည်းကိုပဲ ပြုစုယုယ
ချစ်ကြင်နာချင်တာ
မောင့်ဆန္ဒပါ..
လွမ်းရက်တွေ
ကြာညောင်းလည်း
အချစ်တွေကတော့ တိုးနေမြဲ.


မောင်

Thursday, 1 November 2012

တချိန်တခါက

Posted by MG at 23:24 0 comments
တွေ့ ရတဲ့ ခဏတာအချိန်လေး
မေ့ဖျောက်ပစ်မှာစိုး
တသက်လုံး ထာဝရ
တွေ့ ခွင့်ရ တူတူနေခွင့်ရဖို့ 
ရည်စူးကာ မျှော်မှန်း ဆုတောင်းလျှက်.

ချစ် တခါတခါ တမ်းတမှု့ တွေနဲ့ လွမ်းဆွတ်ရတဲ့ နေ့ တွေကို ဖြတ်သန်းရတာ
တကယ်မလွယ်လှပါဘူး..လွမ်းတယ် ချစ်.
ဝေးနေပေမဲ့ နီးနီးလေးလို့ အမြဲတမ်း နေခွင့်ရခဲ့တဲ့ အချိန်လေးတွေက ဘယ်အရာနဲ့ အစားထိုးမရနိုင်ပါဘူး.
ဒီလိုအချိန်တွေကို အမြဲတမ်း ထာဝရ ပိုင်ဆိုင်ဖို့ မောင်ဆုတောင်းပါတယ်...
ဒီအချိန်တွေက ချစ်အတွက် အလုပ်များနေမှန်းတော့ မောင်သိပါတယ်..အီးမဲလ်ရေးပြီး တိုက်ရိုက် ရင်မဖွင့်ချင်ဘူး..ဒီနေရာလေးက မောင်တို့ နှစ်ယောက်ရဲ့ ဆုံမှတ်လေးဆိုတော့ ဒီနေရာမှာပဲ ရင်ဖွင့်လိုက်ပါတယ်...
ဘာပဲလုပ်လုပ် အောင်မြင်အောင် ကြိုးစားပါ ချစ်.
ချစ်အနားမှာ မောင်ထာဝရ ရှိနေပါတယ်..

တွေ့ ချင်မြင်ချင်စိတ်တွေကလည်း
အံ့မခန်းလောက်အောင်ပါပဲလား.
ပေါင်းစပ်ထားတဲ့ နှလုံးသား တစ်စုံမှာ
အပေါင်းနဲ့ ပဲ စပြီး အပေါင်းနဲ့ ပဲ အဆုံးသတ်ချင်တယ်..

မောင်

Wednesday, 31 October 2012

The One That Got Away

Posted by MG at 22:28 0 comments

လွမ်းတယ် ချစ်.

Posted by MG at 22:06 0 comments
အော်..ဝေးကွာနေခြင်းရယ်..အဆုံးသတ်ပေးပါလို့ အော်ကြွေး ငိုဟစ်နေလည်း မရမှန်းတော့သိပါရဲ့ ..
ဒါပေမဲ့လည်း ရင်ထဲက အော်ဟစ် ကြွေးကြော်ခဲ့တာလည်း အကြိမ်ပေါင်း မနည်းတော့ပါလားကွယ်..
တွေ့ ချင်တယ်...ရင်ထဲက ဖြစ်ချင်လာတဲ့ ဆန္ဒက ဘာလဲလို့ မေးနေစရာမလိုအောင် သေချာတဲ့ စကားကတော့ ချစ်သူအနားမှာ နေချင် တွေ့ ချင်တယ်ဆိုတဲ့ စကားကလွဲရင် ဖြေစရာ စကားမရှိပါ.

အော်..သတိရခြင်းရယ်..
နေ့ ရက်တွေ ရက်ဆက်
တွေ့ ခွင့်ရနေလည်း
မတွေ့ ရပြန်တော့
လွမ်းလှပေါ့...

တနေ့ မတွေ့ ရတာ
ထမင်းစားတောင်
ဟင်းကောင်းရက်နဲ့ 
မပြည့်စုံတဲ့ ဟင်းတခွက်လိုနေသည်အလား
ပြည့်စုံမှု့ မရှိတဲ့ အရာလေးကို ဖြစ်လို့ ..


ကြိုးစားပါ ချစ်သူ..
မောင်ဟာ ချစ်အတွက် ဆူးမဖြစ်စေချင်ဘူး... ဖြစ်ချင်း ဖြစ်ရင် ချစ်ဟာ ပန်းတပွင့်ဆိုရင် ကိုယ်ဟာ ဥယျာဉ်မှူးပဲဖြစ်ချင်တယ်.. လွမ်းတယ် ချစ်...

ကျန်ရစ်တဲ့လူကတော့ လွမ်းစမြဲပါ..ခွဲခွာသွားရတဲ့လူကတော့ နေရာဒေသ တစ်ခုမှာ နေသားကျဖို့ ကြိုးစားရ၊ ရုန်းကန်ရ နဲ့ လွမ်းဖို့ အချိန်တောင် ရှိပါရဲ့ လားလို့ မေးချင်လိုက်တာကွယ်...
အခုလို မတွေ့ ရတဲ့ရက်တွေဟာ နောင်လာမဲ့ ရက်တွေမှာ မောင်တို့ နှစ်ယောက်အတွက် ကောင်းသော အစဉ်နဲ့  အားသစ်တစ်ခု ထာဝရ ဖြစ်ပါစေကွယ်..

မောင်

Saturday, 29 September 2012

My Home Paradise

Posted by MG at 04:46 0 comments

Thursday, 27 September 2012

မဖြတ်ဘူး..

Posted by MG at 22:35 0 comments
မဖြတ်ပါဘူး...အခုတလော မောင်တို့ ခဏခဏ စကားများနေသလိုပဲ ..ချစ်လည်းအလုပ်များတယ်နော် အခုတလော..မောင်လည်း အလုပ်နည်းနည်းများတယ်..စိတ်မကြည်တော့လည်း စိတ်က တိုချင်တယ်နော် ချစ်..ဘယ်တော့မှလည်း မဖြတ်ပါဘူး ..ဆက်ချစ်နေမှာပဲ...

ချစ်တဲ့..မောင်

Tuesday, 11 September 2012

ချစ်အတွက်

Posted by MG at 10:13 0 comments
ကောင်းကင်ယံမှာ မိုးသားတိမ်တွေ လွင့်ပြယ်ကောင်း ပြယ်နိုင်ပေမဲ့ မောင့်ရင်ထဲက အချစ်တွေကတော့ ကျယ်ပြန်တဲ့ ကောင်းကင်လို့ ပဲ အနှိုင်းမဲ့  ချစ်နေမှာပါ ..
ချစ်တယ်.
ချစ်မျက်နှာလေးကို ကြည့်ရင် ကဗျာတပုဒ်ဖြစ်သွားတယ်ဆိုရင် ချစ်ယုံမလားတော့ မသိဘူး
အလွမ်းတွေနဲ့ ခညောင်းခဲ့ရတဲ့ နေ့ ရက်တွေကို ကျော်လွန်ဖို့ .အချိန်ကတော့ နီးကပ်လာပါလိမ့်မယ်.....
အသစ်အသစ် ဖြစ်သွားတဲ့ ရင်ခုန်သံတွေကြားမှာ နစ်မွမ်းသွားရှာရတဲ့ အချစ်သမားလေးအတွက် အရှုံးဆိုတာမရှိပါဘူး...
မောင်

Sunday, 9 September 2012

၉ရက်နေ့ ၉ လပိုင်း ၂၀၁၂ခုနှစ်

Posted by MG at 00:08 0 comments
ဖြစ်ချင်တာကို မဖြစ်တဲ့အခါ အိပ်မရ စားမရတဲ့အကျင့် ငါ့မှာ ရှိနေတယ်...ဒါက ငါ့အတွက်တော့ ကောင်းတယ်လို့ ငါထင်တယ် ..ဒါပေမဲ့ ဒါတွေကို ငါကြိတ်မှိတ်ရင်းနေရတယ်..
ဖြစ်ချင်တာကို မဖြစ်ရင် အသက်သေရင် သေပါစေဆိုတဲ့ ဆန္ဒက ကလေးကလားများ ဆန်နေလားတော့ 
မပြောတတ်ဘူး..ဒါပေမဲ့ ဒါက အမှန်ပဲ..ကိုယ့်ကို ကိုယ် နှိပ်စက်တယ်လို့ ပဲပြောပြောပါ..
ကိုယ်ဖြစ်ချင်တိုင်း ဖြစ်မလာတာကို သိပေမဲ့ .ဒီစကားကို နိုင်အောင်တော့ မနည်းကြိုးစားရအုံးမယ်..

ချစ်သူတွေမှာ အရေးကြီးဆုံး လိုအပ်ချက်က.
ဝေးနေတာက အဓိက မဟုတ်ပါဘူး
သွေးနွေးနေဖို့ နဲ့ အမြဲ သစ္စာတရားကို မြဲမြဲကိုင်ကာ ချစ်နေဖို့ ပါပဲ..

မောင်

Monday, 3 September 2012

စာဖတ်နေတဲ့ လူတွေအကုန်လုံးလည်း ချစ်သူစုံတွေကို အဆင်ပြေစေချင်နေမှာပါ..တခါတလေတော့လည်း ဗျာ...

Posted by MG at 21:24 0 comments
 ချစ်.
ဒီနေ့ အတွက် မောင်တောင်းပန်ပါတယ်.
တောင်းပန်တယ်ဆိုတဲ့ စကားကိုတော့ အမှန်တကယ်မပြောချင်ပါဘူး
ဒါပေမဲ့ မှားရင်တော့ တောင်းပန်ရစမြဲလေ.
မောင်မှားပါတယ် ဒီနေ့ 
ချစ် နေမကောင်းဖြစ်နေတာကိုတောင် မကြည့်နိုင်ဘူးလေ.
ချစ် စိတ်ဆိုးတာကို မောင်အပြစ်မယူပါဘူး
 မောင်နားလည်နိုင်တယ်.
ဒါပေမဲ့ ၂ ကြိမ်ရှိသွားပြီနော်.
မောင် မှတ်ထားပါတယ် ချစ်.
စိတ်ဆိုးတိုင်း မောင့်ကို ရင်မဖွင့်တာလေ.
စိတ်ဆိုးတိုင်း စိတ်မဆိုးအောင် နေတာလား.
တယောက်ယောက်ကို ရင်ဖွင့်ခွင့်ရလို့ လား.

မောင် စာဆက်ရေးချင်ပါတယ်.
ချစ်နဲ့ တွေ့ မှပြောပါတော့မယ်.
စာရေးလို့ မရတော့ဘူး.

အစစအရာရာကို ဂရုစိုက်ပါ ချစ်..
အရမ်းချစ်လို့ ဖြစ်မှာပါ.. အရူးတပိုင်းလိုပါပဲ..

ချစ်တဲ့ မောင်.

----------------------------------------------------------------------------------

မတောင်းပန်နဲ့ 
မလို အပ်ဘူး
တယောက်ထဲမှားတယိ မဟုတ်ဘူး
မကိုယ်တိုင်က မနေ တတ်တာ
မွေးထဲ က တယောက်ထဲ ဘဲ
ဘာလို့ လူတယောက်ကို တွယ်တာစရာလို လဲ
ဒါံကြောင့် ကိုယ့် ကိုကို ဘဲဆုံးမတယ်
သူများကို အပူမပေးဘူး
အထူးသဖြင့်  ဘုရားတရားနဲ့ ဘဲ နေပြီး ဘဲ တောင်မထားချင်တော့ ဘူး
ပူလောင်လွန်းလို့ လေ
ဒ့ါကြောင့် မောင်လဲ ကြိုက်သလို နေပါ
မပူပါနဲ့ မတွေးပါနဲ့ လွယ်လွယ်လဲမတောင်းပန်နဲ့ 



Tuesday, 28 August 2012

၂၈ ရက် ၈ လပိုင်း ၂၀၁၂

Posted by MG at 22:19 0 comments
အချစ်နဲ့ ပတ်သက်ပြီး ခံစားရသမျှအရာတွေ အားလုံး ကျနော်ခံစားရပါစေ..ကျေနပ်ပါတယ်...
အရာအားလုံးတွေစာ ကျနော့်အပြစ်တွေလို့ ပြောရင်လည်း ကျနော်ခံနိုင်ရည် ရှိပါတယ်..


မောင်

Monday, 20 August 2012

အမှတ်ရနေစေမဲ့

Posted by MG at 19:04 0 comments
နွေးထွေးတဲ့အပြုံး ပန်းတွေနဲ့ 
ဝေဆာပွင့်လန်းနေတဲ့ အချစ်တွေက
အရာရာကို ပြောင်းလဲစေတယ်.......

Saturday, 18 August 2012

19.8.2012

Posted by MG at 22:56 0 comments
လောကမှာ ကိုယ့်ကို စွန့် ခွာသွားပြီလို့ သိရတဲ့ အချိန်ဆိုရင် စွန့် ပစ်ခံရတဲ့ လူတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစားမျိုးရှိနေမယ်ဆိုတာကို ကျနော် ကိုယ်ချင်းစာနိုင်ပါတယ်...မင်းကို ငါ ကိုယ်ချင်းစာပါတယ်လို့ ပြောတဲ့ နေရာမှာလည်း အမျိုးမျိုးပါ..လက်လွတ်စလွယ်ပြောတဲ့အရာနဲ့ ..ကိုယ်က ခံထားဖူးတဲ့ လူဆိုတဲ့ အရာက နှစ်မျိုးရှိမယ်ထင်ပါတယ်.. စွန့် သွားခြင်းကို ခံရတဲ့လူတွေက တော်တော်လေးကို နာကျင်ခံစားရမယ်ဆိုတာကို ကျနော်သိနေတယ်..ကျနော်ဟာ .စွန့် ပစ်ခံဖူးတယ်...တယောက်တည်းဆိုတဲ့ အရာနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် ဘဝမှာ ကြုံတွေ့ ရတဲ့အရာတွေက နာကျင်မှု့ တွေနဲ့ ပြည့်နှက်ခဲ့တယ်.လွမ်းတယ်ဆိုတာကတော့ဗျာ. ချစ်လို့ လွမ်းတာ.ဝေးကွာနေလို့ လွမ်းတာပေါ့နော်.. ဒါပေမဲ့ ကျနော့်အနားမှာ ကျနော်ချစ်တဲ့လူ မရှိတဲ့အခါတော့ ရင်ထဲမှာ ဟာတာတာတော့ ဖြစ်တယ်ဗျာ..တကယ်လည်း အိပ်မရ စားမရတဲ့အထိဆိုရင် မှားမယ်ထင်ပါတယ်.. လွမ်းမိတယ်.ချစ်သူ..

မောင်

Friday, 3 August 2012

၂၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 00:42 0 comments
မောင်ဒီနေ့ ကဗျာရေးဖြစ်တယ်..ချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု့ ကဗျာလေးပါ..အချစ်တွေဝေဖြာပြီး အနှစ်တွေ ကျန်စေခဲ့မဲ့ ရင်ထဲက စာသားတွေမို့ နှလုံးသားထက်မှာ စာတွေလာရေးသည့်အလား ခံစားပေးပါ ချစ်သူ...
                              ဒီနေ့  ချစ်ကို မောင် အရမ်း သတိရနေမိတယ်..
လိုက်ဖက်ညီတဲ့ ကဗျာ၊ လိုက်ဖက်ညီတဲ့ စုံတွဲ၊ ကြည့်ကောင်းတဲ့ စုံတွဲ..ဘယ်လိုပဲဖြစ်ဖြစ် တွေ့ ရာနေရာ ဖြစ်ရာဘဝဝယ် လိုက်ဖက်တဲ့ ချစ်နဲ့ မောင် တူတူထာဝရ နေသွားချင်တယ်..

                                                                                                           မောင်

၂၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 00:05 0 comments
မောင်ဒီနေ့ ကဗျာရေးဖြစ်တယ်..ချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု့ ကဗျာလေးပါ..အချစ်တွေဝေဖြာပြီး အနှစ်တွေ ကျန်စေခဲ့မဲ့ ရင်ထဲက စာသားတွေမို့ နှလုံးသားထက်မှာ စာတွေလာရေးသည့်အလား ခံစားပေးပါ ချစ်သူ...
                              ဒီနေ့  ချစ်ကို မောင် အရမ်း သတိရနေမိတယ်..
လိုက်ဖက်ညီတဲ့ ကဗျာ၊ လိုက်ဖက်ညီတဲ့ စုံတွဲ၊ ကြည့်ကောင်းတဲ့ စုံတွဲ..ဘယ်လိုပဲဖြစ်ဖြစ် တွေ့ ရာနေရာ ဖြစ်ရာဘဝဝယ် လိုက်ဖက်တဲ့ ချစ်နဲ့ မောင် တူတူထာဝရ နေသွားချင်တယ်..

                                                                                                           မောင်

Tuesday, 31 July 2012

၁၉ ရက် ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:36 0 comments
ဒီနေ့ ချစ်နဲ့ မောင် စကားတော်တော်လေး ပြောဖြစ်တယ်နော်.ဒီနေ့ ချစ်ငိုတာကိုမြင်ရတော့ မောင်တကယ်စိတ်မကောင်းပါဘူး.အမြဲတမ်း ပျော်စေချင်တာပါ..ချစ်သူပြုံးနေမဲ့အချိန်လေးတွေက မောင့်အတွက် အမြဲတမ်းလန်းဆန်းမှု့ တွေပါ..ကူးစက်ခြင်းဆိုတဲ့အရာတွေထဲက Virus ထက်ကြောက်စရာကောင်းတာက ချစ်သူတွေရဲ့ ပျော်ရွှင်မှု့ ဝမ်းနည်းမှု့ ပါပဲ..အံ့ဩလောက်အောင်ကို တကယ် ဖြစ်စေပါတယ်...အပြုံးချင်းလည်းယှဉ်နိုင်သလို အငိုချင်လည်းယှဉ်နိုင်ပါတယ်..တသက်လုံး ထာဝရ မြတ်မြတ်နိုးနိုးနဲ့ ချစ်သွားကြဖို့ တိုက်တွန်းချင်တယ်..ကျနော် စာရေးသူ အနေနဲ့ လည်း ချစ်သူကို မြတ်နိုးစွာ ယနေ့ တိုင်ချစ်နေဆဲမို့ နောင်လည်း တသက်လုံး ချစ်နေမှာပါ...

မောင်

၃၁ရက် ၇ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:32 0 comments
စာတွေ မရေးဖြစ်တာ အတော်ကြာသွားပြီ..လာဖတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ လည်း update မဖြစ်တော့ ပျင်းများနေကြမလားပဲ..အလုပ်တွေနည်းနည်းရှိနေတော့ အွန်လိုင်းမသုံးဖြစ်တာလည်းပါတာပေါ့..ဒါပေမဲ့ ဒီလိုမဖြစ်သင့်မှန်း ကျနော် နားလည်ပါတယ်..စာရေးမဲ့အချိန်လေးကတော့ ဘယ်လောက်ပဲ အလုပ်များများ ရှိနေရမယ်လို့ ကျနော်တွေးမိပါတယ်.နားလည်ပါ ချစ်သူ...စာဖတ်ပရိတ်သတ်များနဲ့ အတူ အားလုံးသော သူငယ်ချင်း ညီအစ်ကိုတွေကိုလည်း ချစ်သူနဲ့ ငြားလို့ ချစ်နိုင်ပါစေလို့ ဒီစာလေးနဲ့ အတူ ပထမ နိဒါန်းပျိုးပါရစေ...

မောင်

၁၉ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:31 0 comments
ချစ်နဲ့ မောင် ဒီနေ့ စကားတွေ တော်တော်ပြောဖြစ်တယ်နော်..ဒီနေ့ ချစ်ငိုတာကို မောင်မြင်တော့ မောင်တကယ်စိတ်မကောင်းပါဘူး..နှစ်ကိုယ် တစ်စိတ်လိုပဲ ချစ်ပျော်ရင် မောင်ပျော်ပါတယ်ကွယ်..ကူးစက်ခြင်းဆိုတဲ့ အရာထဲမှာ Virus ထက်ကြောက်စရာကောင်းတဲ့ အချစ်ကို ချစ်ကိုမောင် အရမ်းချစ်ပါတယ်.

၃၁ရက် ၇ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:30 0 comments
စာတွေ မရေးဖြစ်တာ အတော်ကြာသွားပြီ..လာဖတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ လည်း update မဖြစ်တော့ ပျင်းများနေကြမလားပဲ..အလုပ်တွေနည်းနည်းရှိနေတော့ အွန်လိုင်းမသုံးဖြစ်တာလည်းပါတာပေါ့..ဒါပေမဲ့ ဒီလိုမဖြစ်သင့်မှန်း ကျနော် နားလည်ပါတယ်..စာရေးမဲ့အချိန်လေးကတော့ ဘယ်လောက်ပဲ အလုပ်များများ ရှိနေရမယ်လို့ ကျနော်တွေးမိပါတယ်.နားလည်ပါ ချစ်သူ...စာဖတ်ပရိတ်သတ်များနဲ့ အတူ အားလုံးသော သူငယ်ချင်း ညီအစ်ကိုတွေကိုလည်း ချစ်သူနဲ့ ငြားလို့ ချစ်နိုင်ပါစေလို့ ဒီစာလေးနဲ့ အတူ ပထမ နိဒါန်းပျိုးပါရစေ...

မောင်

Monday, 30 July 2012

Heaven

Posted by MG at 01:26 0 comments

Thursday, 28 June 2012

၁၈ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:23 0 comments
လွမ်းရက်တွေကိုလည်း ပိုတိုစေ.. ဝေးရပ်တွေကိုလည်း ကျောခိုင်းစေ ဆိုတဲ့ စကားလေးနဲ့ အညီ
အနားမှာရောက်သွားပြီဆိုတဲ့ စာတမ်းလေးကို ကျနော် ရေးချင်ပါတယ်..ဒါပေမဲ့ ကျနော် ရေးခွင့်မရသေးပါဘူး..
ပရိတ်သတ်ကြီးလည်း ဒီစာကြောင်းလေးကို ရေးဖို့ အခွင့်လေး ဖြစ်အောင် ဆုတောင်းပေးနေကြမယ်ထင်ပါတယ်..ဘာလို့ လဲဆိုတော့ ကျနော်ခံစားချက်များကို စာဖတ်သူ အနေနဲ့လည်း အချိန်တွေပေးပြီး အရူးကြီး ကျနေတာပဲလို့ စိတ်မှာတွေးတဲ့လူ ရှိနေနိုင်သလို  .ကြိုက်သူလည်း ရှိနေမယ်ဆိုတာ ကျနော် ယုံကြည်မိပါတယ်..ယုံကြည်မှု့ တခုရှိပြီဆိုရင် အလုပ်တခုကို လူတိုင်း လုပ်တတ်ကြပါတယ်..
ဒီလိုပါပဲ. ကျနော်ဟာ သစ္စာတရားဆိုတဲ့ အရာလေးကို ကျနော်ယုံမိပါတယ်.
ကျနော် ချစ်တဲ့ ချစ်နဲ့ တွေ့ ရဖို့ ကျနော် ယုံကြည်ပါတယ်..နိုင်ငံတွေခြား ဝေးကွာနေရတဲ့အနေထားလေးကြောင့် မဆုံနိုင်ဘူးလို့ တွေးကောင်း တွေးလို့ ရတယ်ဆိုပေမဲ့ သစ္စာတရားဆိုတာကြီးကို စောင့်ထိန်းကြမယ်ဆိုရင် တွေ့ နိုင်ပါတယ်..
နနှစ်ယောက်လုံးတော့ စောင့်ထိန်းနိုင်ဖို့ တော့ လိုတာပေါ့လေ..တခါတလေတော့လည်း
မလွန်ဆန်နိုင်တဲ့အရာလေးတခု နှစ်ဦးစလုံးမှာ တယောက်က ကြုံလာပြီဆိုရင် ကံကိုတော့ ယိုးမယ်မဖွဲ့ ချင်ပါဘူး..ဒါပေမဲ့ ဆုံနိုင်ပါသေးတယ်..တကယ် အချစ်စစ်မှန်ရင် တကယ်သစ္စာတရား မှန်ကန်ခဲ့ရင် တွေ့ နိုင်ပါတယ်..တွေ့ ဆုံခွင့်ဆိုတာ ကိုယ်က ကြိုးစားနေသရွေ့ ကံ.ဆိုတဲ့ သူငယ်ချင်းကလည်း ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါဘူးလေ...

                                                                                                              မောင်

၁၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:14 0 comments
တခါတခါတော့ စဉ်းစားမိတယ်..တောင်ပံ တစ်စုံသာ ပါခဲ့ရင်ဆိုတဲ့ အတွေးလေးပေါ့နော်.
ပျံသန်းချင် သွားချင် လာချင်တဲ့ စိတ်က အမြဲတစေ လို လို ဖြစ်ပေါ်နေမိတယ်. မောင့်အတွေးထဲမှာ
ချစ်က စိုးမိုးထားတော့ မောင် ဘာလုပ်လုပ် အမြဲအနားမှာရှိနေစေတယ်လေ..ဒါကိုရေးနေလို့ မောင်နလံထူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ တဖြည်းဖြည်းနဲ့ နှာခေါင်းသွေးထွက်မဲ့ ကိန်း ..အချိန်နဲ့ ဖြတ်တောက်ဖို့ တော့ မစဉ်းစားလိုက်ပါနဲ့ ချစ်..
ချစ်တဲ့ သူ တယောက် အနားမှာ ရှိနေတာ ဘဝမှာ ပျော်စရာပါ..ဒီလိုပဲ မောင်လည်းချစ်တော့ အနားမှာ နေပေးချင်တယ်လေ.အပေးယူမျှတ ပါတယ်လေ. ဒီတော့ တတ်နိုင်သလောက် ရနိုင်သလောက် အနားမှာရှိနေခွင့်လေးတော့ မောင့်ကို ပေးပါ.. ချစ်တယ်..ချစ်ရယ်.

                                                                                                     မောင်

၁၆ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:05 0 comments
ချစ်ရဲ့ မျက်လုံးလေးတွေနဲ့ ဆုံတဲ့အခိုက် မောင့်ရင်ထဲမှာ ရထားတစင်း ခုတ်မောင်းသလို မြန်နေတဲ့ ရင်ခုန်သံတွေကို သေမှပဲ ရပ်ချင်တယ်...ဒီရင်ခုန်သံရပ်တဲ့ နေ့ ကိုလည်း ဘဝမှာ မရှိတဲ့ တနေ့ အဖြစ်ကို သတ်မှတ်ချင်တယ်... ကုန်လွန်ခဲ့တဲ့ ရက်တွေကို ဖြတ်သန်းရတာ နာကျင်နေပေမဲ့လည်း တကယ်ချစ်တော့ မမှု့ ပါဘူးကွယ်.. ပိုချစ်လာတာက လွဲရင် ဘယ်အရာကမှ တုန့် ပြန်မလာနိုင်ပါဘူး...

                                                                                                        မောင်

၁၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:02 0 comments
တွေ့ ခွင့်ပေးပါ..တွေ့ ဆုံချင်တဲ့ စိတ်တွေက နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့တာ ယနေ့ ယခုဆိုရင် ၃ နှစ်ကျော်ခဲ့ပြီ. ဝေးကွာခြင်းဆိုတဲ့ အကြောင်းရာလေးတွေကို တနေ့ တနေ့ စဉ်းစားခဲ့တာလည်း ဒီနှစ်တွေနဲ့ အတူပေါ့.. ဖြစ်ချင်တဲ့ ဆန္ဒလေးတခုအပေါ်ကို မှီပြီး ရှင်သန်နေမှု့ နဲ့ အတူ. လုပ်သမျှတွေအရာလည်း ပျော်ရွှင်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..တယောက်တည်းဖြတ်သန်းရတဲ့  အချိန်ကတော့ ဘဝမှာ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းရသလို့ .. ဒီလိုအချိန်တွေကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်လေ..ဒါပေမဲ့..ချစ် အဆင်ပြေနေမယ်ဆိုရင် မောင်ကျေနပ်နေမှာပါကွယ်...

                                                                                     မောင်
 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting