Tuesday, 27 November 2012

၂၇ ရက် ၁၁ လ ၂၀၁၂ ခုနှစ်

Posted by MG at 00:38 0 comments
ချစ်. နေကောင်းရဲ့ လား.. နေကောင်းပါစေလို့ မောင်ဆုတောင်းပါတယ်ကွယ်. အနားမှာ မရှိပေးနိုင်တဲ့ ဒီအဖြစ်လေးကနေ မောင် လွတ်ကင်းနိုင်ပါစေ ချစ်ရယ်. မောင် ချစ်အနားမှာ ရှိနေချင်တာ.. ချစ် နေမကောင်းတဲ့ နေ့ ရက်တွေ အချိန်တွေဆိုရင် မောင်လည်း ချစ်နဲ့ ထပ်တူမကျရင်တောင် မလျှော့တဲ့ နေမကောင်းမှု့ တွေ ရှိနေတယ်ဆိုတာ ချစ်သိနေတယ်မလားဟင်.. တခါတခါ ကိုယ့်အဖြစ်ကိုတောင် ကိုယ်မယုံနိုင်အောင်ပါပဲ ချစ်ရယ်. ရှေးဘဝက ဘာတွေလုပ်ခဲ့လို့ ချစ်နဲ့ မောင် အခုလို ဝေးနေရတာလဲလို့ လေ. နီးပါစေလို့ မောင်ဒီကနေ တဖန် ဆုတောင်းပါတယ်ကွယ်.. လွမ်းမျက်ရည်တွေ ကျတဲ့အခါတွေကို မောင်ရေမတွက်ချင်ပါဘူး.. ရင်ထဲက ချစ်ကို ချစ်တဲ့အချစ်ကိုသာ မောင်အလေးနက်ထားတာပါ.. ချစ် နေကောင်းပါစေနော်... မောင့်ကို မထားခဲ့ပါနဲ့ ..ဘာပဲဖြစ်လာဖြစ်လာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်ကြဖို့ မောင် ပြောလေ့ရှိတယ်နော် ချစ်..မောင်အမြဲပြောတဲ့ စကားလေးက မောင်တဘက်သက်ဆန်ရင် ဆန်နေပါလိမ့်မယ်ချစ် မောင် ချစ်ကို မခွဲနိုင်လို့ ပါ.. သတိရတယ်ချစ်.. မောင်.

Saturday, 24 November 2012

၂၄ ရက် ၁၁လ ၂၀၁၀ ခုနှစ်

Posted by MG at 23:15 0 comments
ချစ်သူ.. ဝေးနေပါစေ. မဝေးတဲ့ နှလုံးသားတခု ရင်ထဲမှာ အမြဲရှိနေပါစေနော်.. ချစ်သူ.. လွမ်းနေပါစေ. နှောင်ကြိုးဖွဲ့ တဲ့ ကြိုးလေးတချောင်း မောင်တို့ ရင်ထဲမှာ ရှိနေပါစေကွယ်.. ချစ်သူ.. မတွေ့ ရတဲ့ ဒီရက်တွေကြား ပင်ပန်းနေမှု့ တွေနဲ့  အလုပ်ခွင်မှာပဲ. ကြိုးစားနေတုန်း မောင့်ကို သတိရစိတ်တွေ ရှိနေရင်လည်း ခဏမေ့ ထားပါနော်. ချစ် ထိခိုက် ဒဏ်ရာ ရမှု့ တွေနဲ့ မောင်မမြင်လို မကြားလို့ တာကြောင့်ပါ. မောင်

Thursday, 22 November 2012

၂၂ ရက် ၁၁ လပိုင်း ၂၀၁၂

Posted by MG at 21:46 0 comments
ချစ်ရတဲ့ ချစ် နေရာဒေသ အလုပ်တွေပြောင်းလဲမှု့ တွေနဲ့  နေရာဒေသတခုမှာ အနေကျဖို့ ဆိုတာ မလွယ်မှန်း မောင်သိပါတယ်. ဒါပေမဲ့ လွမ်းရတဲ့ အရာတခုကကွယ်.. တွေ့ ချင် မြင်ချင်စိတ်တွေက တိုးတိုးပြီးတော့ လာနေတယ်ချစ်ရယ်. ချစ် နေကောင်းပြီး အဆင်ပြေပါစေကွယ်.. အစစအရာရာ အဆင်ပြေဖို့ မောင်ဝေးရပ်မြေကနေ ဆုတောင်းပေးလျှက်ပါ.. တမ်းတမှု့ တွေနဲ့  လွမ်းရတဲ့ ရက်တွေကြား အချစ်ဆိုတဲ့အရာကို ထိတွေ့ ခံစား မြင်ချင် စိတ်တွေနဲ့  လွမ်းရက်တွေကို ကျော်ဖြတ်နေပါတယ် ချစ်သူ... မောင်

Sunday, 18 November 2012

၁၈ ရက် . ၁၁ လပိုင်း . ၂၀၁၂ ခုနှစ်

Posted by MG at 01:41 0 comments
တခါတခါတော့လည်း ခံရခက်လိုက်တာ အားနည်းချက်တွေနဲ့  အသက်ရှင်နေသရွေ စကားပြောလွဲခဲ့ရတဲ့ နေ့ တွေကလည်း များခဲ့ပြီလေ.. ချစ်ဘက်က ကြည့်တော့လည်း မှန်နေပေမဲ့.ရင်ထဲမှာတော့တမျိုး. နားလည်မပေးနိုင်သေးတဲ့ စိတ်ကလေးတခု ဝင်နေတာကလည်း မောင့်ရဲ့ အားနည်းချက် ဖြစ်မယ်လို့ ထင်ပါတယ်. နာကြင်ပါစေ.ခွင့်လွှတ်တဲ့ စိတ်ကလေးတော့ မွေးနိုင်ရမှာပေါ့.. အရာရာကို နားလည်ပေးနိုင်ပေမဲ့. ငါက သူခိုးတယောက်လိုပါပဲ. အမှောင်ရိပ်မှာ ခိုနေတဲ့ လူသူမမြင်တဲ့အရပ်မှာ လမ်းလျှောက်နေသလို.. လမ်းပျောက်လို့ လမ်းလျှောက် ရည်ရွယ်လမ်းကို ရောက်နိုင်အောင်လို့  စွမ်းအားတွေဖြည့် တင်းတင်းခံကာ ကြိုးစားနေပါလျှက်. ကြင်နာသက်ထား အနားမှာများရှိနေပလား သတိရနေမိ.. မောင်

Wednesday, 14 November 2012

ဆုတောင်း

Posted by MG at 23:56 0 comments
ဆုတောင်းဆိုတာ
မမှားစကကောင်းလို့ 
မောင့်ချစ်သူက  ပြောဖူးတယ်.
အမှားဆိုတာ မလုပ်တာ မဖြစ်တာ
ကောင်းတယ်ဆိုပေမဲ့
အမှားနဲ့ အမှန်က ကပ်ရက်ဆိုတော့
တခါတလေ အမှန်ကို အမှားထင်တာတွေကလည်း
ရှိနေသမို့ နောင်ဘဝဆိုတာများ
ရှိခဲ့ရင်တောင် မောင်ချစ်ရတဲ့
ချစ်နဲ့ ဆုံခွင့်ပေးပါလို့ 
ဆုတောင်းဒီနေရာမှာ
အများစာဖတ်ပရိတ်သတ်ရှေ့ တော်သို့ 
ရင်ဖွင့်လိုက်ရပါတယ်..


မောင်

မောင် ဆိုတဲ့ မနက်အလင်း

Posted by MG at 23:53 0 comments
မိုးလင်လို့ မျက်လုံးကလေးတွေ
ဖွင့်လိုက်တာနဲ့ စိတ်ထဲ
ရောက်နေ သတိရနေတာက
မောင်ရဲ့ သက်ထား ချစ်ပါပဲ
ဒီလိုသတိရစိတ်တွေက
နေ့ စဉ်ရက်ဆက်နဲ့ 
တဖြည်းဖြည်းတိုးလာတာ
ခုဆို နှစ်တွေတောင် လွန်ခဲ့ပေါ့..

ဒီလို သတိရမှု့ တွေက
တယောက်တည်းမဟုတ်တဲ့
ခံစားမှု့ ဆိုတော့
မောင့်ရင်ထဲ အတိုင်းအဆမရှိ
ဝမ်းသာပီတိအပြုံးတွေနဲ့ 
မနက်အလင်းရောင်နဲ့ အတူ
တရက်တာကို အပြုံးတွေကို
ဖြတ်သန်းနိုင်တယ်
အဲဒီစကားက
Morning MG တဲ့.


မောင်

Saturday, 3 November 2012

လွမ်းရက်

Posted by MG at 00:28 0 comments
အော်..အလှမ်းဝေးတဲ့ 
လွမ်းရက်တွေတောင်
နီးသလိုနဲ့ ဝေးကွာနေရတယ်.
အနီးဆုံးမှာ နေခွင့်ရတဲ့
ရက်တွေကလည်း အခုတော့
ဝေးကွာနေလျှက်သား..

အော်.
ညတညရဲ့ 
အမှောင်ထုက မှောင်သထက် မှောင်ပြီး
အလင်းရောင်ကို ရောက်လာပြန်တယ်.
နေခြည်အသွေးမှာ ရောင်ခြင်လင်းတာ
သဘာဝဆိုပေမဲ့.
မောင့်အတွက် တညတာရဲ့ 
အလင်းရောင်ရဖို့ ကတော့
ခက်သားလား..

အော်.
တသက်မှာ တစ်ပင်စိုက်ပြီး
တပင်တည်းကိုပဲ ပြုစုယုယ
ချစ်ကြင်နာချင်တာ
မောင့်ဆန္ဒပါ..
လွမ်းရက်တွေ
ကြာညောင်းလည်း
အချစ်တွေကတော့ တိုးနေမြဲ.


မောင်

Thursday, 1 November 2012

တချိန်တခါက

Posted by MG at 23:24 0 comments
တွေ့ ရတဲ့ ခဏတာအချိန်လေး
မေ့ဖျောက်ပစ်မှာစိုး
တသက်လုံး ထာဝရ
တွေ့ ခွင့်ရ တူတူနေခွင့်ရဖို့ 
ရည်စူးကာ မျှော်မှန်း ဆုတောင်းလျှက်.

ချစ် တခါတခါ တမ်းတမှု့ တွေနဲ့ လွမ်းဆွတ်ရတဲ့ နေ့ တွေကို ဖြတ်သန်းရတာ
တကယ်မလွယ်လှပါဘူး..လွမ်းတယ် ချစ်.
ဝေးနေပေမဲ့ နီးနီးလေးလို့ အမြဲတမ်း နေခွင့်ရခဲ့တဲ့ အချိန်လေးတွေက ဘယ်အရာနဲ့ အစားထိုးမရနိုင်ပါဘူး.
ဒီလိုအချိန်တွေကို အမြဲတမ်း ထာဝရ ပိုင်ဆိုင်ဖို့ မောင်ဆုတောင်းပါတယ်...
ဒီအချိန်တွေက ချစ်အတွက် အလုပ်များနေမှန်းတော့ မောင်သိပါတယ်..အီးမဲလ်ရေးပြီး တိုက်ရိုက် ရင်မဖွင့်ချင်ဘူး..ဒီနေရာလေးက မောင်တို့ နှစ်ယောက်ရဲ့ ဆုံမှတ်လေးဆိုတော့ ဒီနေရာမှာပဲ ရင်ဖွင့်လိုက်ပါတယ်...
ဘာပဲလုပ်လုပ် အောင်မြင်အောင် ကြိုးစားပါ ချစ်.
ချစ်အနားမှာ မောင်ထာဝရ ရှိနေပါတယ်..

တွေ့ ချင်မြင်ချင်စိတ်တွေကလည်း
အံ့မခန်းလောက်အောင်ပါပဲလား.
ပေါင်းစပ်ထားတဲ့ နှလုံးသား တစ်စုံမှာ
အပေါင်းနဲ့ ပဲ စပြီး အပေါင်းနဲ့ ပဲ အဆုံးသတ်ချင်တယ်..

မောင်

Wednesday, 31 October 2012

The One That Got Away

Posted by MG at 22:28 0 comments

လွမ်းတယ် ချစ်.

Posted by MG at 22:06 0 comments
အော်..ဝေးကွာနေခြင်းရယ်..အဆုံးသတ်ပေးပါလို့ အော်ကြွေး ငိုဟစ်နေလည်း မရမှန်းတော့သိပါရဲ့ ..
ဒါပေမဲ့လည်း ရင်ထဲက အော်ဟစ် ကြွေးကြော်ခဲ့တာလည်း အကြိမ်ပေါင်း မနည်းတော့ပါလားကွယ်..
တွေ့ ချင်တယ်...ရင်ထဲက ဖြစ်ချင်လာတဲ့ ဆန္ဒက ဘာလဲလို့ မေးနေစရာမလိုအောင် သေချာတဲ့ စကားကတော့ ချစ်သူအနားမှာ နေချင် တွေ့ ချင်တယ်ဆိုတဲ့ စကားကလွဲရင် ဖြေစရာ စကားမရှိပါ.

အော်..သတိရခြင်းရယ်..
နေ့ ရက်တွေ ရက်ဆက်
တွေ့ ခွင့်ရနေလည်း
မတွေ့ ရပြန်တော့
လွမ်းလှပေါ့...

တနေ့ မတွေ့ ရတာ
ထမင်းစားတောင်
ဟင်းကောင်းရက်နဲ့ 
မပြည့်စုံတဲ့ ဟင်းတခွက်လိုနေသည်အလား
ပြည့်စုံမှု့ မရှိတဲ့ အရာလေးကို ဖြစ်လို့ ..


ကြိုးစားပါ ချစ်သူ..
မောင်ဟာ ချစ်အတွက် ဆူးမဖြစ်စေချင်ဘူး... ဖြစ်ချင်း ဖြစ်ရင် ချစ်ဟာ ပန်းတပွင့်ဆိုရင် ကိုယ်ဟာ ဥယျာဉ်မှူးပဲဖြစ်ချင်တယ်.. လွမ်းတယ် ချစ်...

ကျန်ရစ်တဲ့လူကတော့ လွမ်းစမြဲပါ..ခွဲခွာသွားရတဲ့လူကတော့ နေရာဒေသ တစ်ခုမှာ နေသားကျဖို့ ကြိုးစားရ၊ ရုန်းကန်ရ နဲ့ လွမ်းဖို့ အချိန်တောင် ရှိပါရဲ့ လားလို့ မေးချင်လိုက်တာကွယ်...
အခုလို မတွေ့ ရတဲ့ရက်တွေဟာ နောင်လာမဲ့ ရက်တွေမှာ မောင်တို့ နှစ်ယောက်အတွက် ကောင်းသော အစဉ်နဲ့  အားသစ်တစ်ခု ထာဝရ ဖြစ်ပါစေကွယ်..

မောင်

Saturday, 29 September 2012

My Home Paradise

Posted by MG at 04:46 0 comments

Thursday, 27 September 2012

မဖြတ်ဘူး..

Posted by MG at 22:35 0 comments
မဖြတ်ပါဘူး...အခုတလော မောင်တို့ ခဏခဏ စကားများနေသလိုပဲ ..ချစ်လည်းအလုပ်များတယ်နော် အခုတလော..မောင်လည်း အလုပ်နည်းနည်းများတယ်..စိတ်မကြည်တော့လည်း စိတ်က တိုချင်တယ်နော် ချစ်..ဘယ်တော့မှလည်း မဖြတ်ပါဘူး ..ဆက်ချစ်နေမှာပဲ...

ချစ်တဲ့..မောင်

Tuesday, 11 September 2012

ချစ်အတွက်

Posted by MG at 10:13 0 comments
ကောင်းကင်ယံမှာ မိုးသားတိမ်တွေ လွင့်ပြယ်ကောင်း ပြယ်နိုင်ပေမဲ့ မောင့်ရင်ထဲက အချစ်တွေကတော့ ကျယ်ပြန်တဲ့ ကောင်းကင်လို့ ပဲ အနှိုင်းမဲ့  ချစ်နေမှာပါ ..
ချစ်တယ်.
ချစ်မျက်နှာလေးကို ကြည့်ရင် ကဗျာတပုဒ်ဖြစ်သွားတယ်ဆိုရင် ချစ်ယုံမလားတော့ မသိဘူး
အလွမ်းတွေနဲ့ ခညောင်းခဲ့ရတဲ့ နေ့ ရက်တွေကို ကျော်လွန်ဖို့ .အချိန်ကတော့ နီးကပ်လာပါလိမ့်မယ်.....
အသစ်အသစ် ဖြစ်သွားတဲ့ ရင်ခုန်သံတွေကြားမှာ နစ်မွမ်းသွားရှာရတဲ့ အချစ်သမားလေးအတွက် အရှုံးဆိုတာမရှိပါဘူး...
မောင်

Sunday, 9 September 2012

၉ရက်နေ့ ၉ လပိုင်း ၂၀၁၂ခုနှစ်

Posted by MG at 00:08 0 comments
ဖြစ်ချင်တာကို မဖြစ်တဲ့အခါ အိပ်မရ စားမရတဲ့အကျင့် ငါ့မှာ ရှိနေတယ်...ဒါက ငါ့အတွက်တော့ ကောင်းတယ်လို့ ငါထင်တယ် ..ဒါပေမဲ့ ဒါတွေကို ငါကြိတ်မှိတ်ရင်းနေရတယ်..
ဖြစ်ချင်တာကို မဖြစ်ရင် အသက်သေရင် သေပါစေဆိုတဲ့ ဆန္ဒက ကလေးကလားများ ဆန်နေလားတော့ 
မပြောတတ်ဘူး..ဒါပေမဲ့ ဒါက အမှန်ပဲ..ကိုယ့်ကို ကိုယ် နှိပ်စက်တယ်လို့ ပဲပြောပြောပါ..
ကိုယ်ဖြစ်ချင်တိုင်း ဖြစ်မလာတာကို သိပေမဲ့ .ဒီစကားကို နိုင်အောင်တော့ မနည်းကြိုးစားရအုံးမယ်..

ချစ်သူတွေမှာ အရေးကြီးဆုံး လိုအပ်ချက်က.
ဝေးနေတာက အဓိက မဟုတ်ပါဘူး
သွေးနွေးနေဖို့ နဲ့ အမြဲ သစ္စာတရားကို မြဲမြဲကိုင်ကာ ချစ်နေဖို့ ပါပဲ..

မောင်

Monday, 3 September 2012

စာဖတ်နေတဲ့ လူတွေအကုန်လုံးလည်း ချစ်သူစုံတွေကို အဆင်ပြေစေချင်နေမှာပါ..တခါတလေတော့လည်း ဗျာ...

Posted by MG at 21:24 0 comments
 ချစ်.
ဒီနေ့ အတွက် မောင်တောင်းပန်ပါတယ်.
တောင်းပန်တယ်ဆိုတဲ့ စကားကိုတော့ အမှန်တကယ်မပြောချင်ပါဘူး
ဒါပေမဲ့ မှားရင်တော့ တောင်းပန်ရစမြဲလေ.
မောင်မှားပါတယ် ဒီနေ့ 
ချစ် နေမကောင်းဖြစ်နေတာကိုတောင် မကြည့်နိုင်ဘူးလေ.
ချစ် စိတ်ဆိုးတာကို မောင်အပြစ်မယူပါဘူး
 မောင်နားလည်နိုင်တယ်.
ဒါပေမဲ့ ၂ ကြိမ်ရှိသွားပြီနော်.
မောင် မှတ်ထားပါတယ် ချစ်.
စိတ်ဆိုးတိုင်း မောင့်ကို ရင်မဖွင့်တာလေ.
စိတ်ဆိုးတိုင်း စိတ်မဆိုးအောင် နေတာလား.
တယောက်ယောက်ကို ရင်ဖွင့်ခွင့်ရလို့ လား.

မောင် စာဆက်ရေးချင်ပါတယ်.
ချစ်နဲ့ တွေ့ မှပြောပါတော့မယ်.
စာရေးလို့ မရတော့ဘူး.

အစစအရာရာကို ဂရုစိုက်ပါ ချစ်..
အရမ်းချစ်လို့ ဖြစ်မှာပါ.. အရူးတပိုင်းလိုပါပဲ..

ချစ်တဲ့ မောင်.

----------------------------------------------------------------------------------

မတောင်းပန်နဲ့ 
မလို အပ်ဘူး
တယောက်ထဲမှားတယိ မဟုတ်ဘူး
မကိုယ်တိုင်က မနေ တတ်တာ
မွေးထဲ က တယောက်ထဲ ဘဲ
ဘာလို့ လူတယောက်ကို တွယ်တာစရာလို လဲ
ဒါံကြောင့် ကိုယ့် ကိုကို ဘဲဆုံးမတယ်
သူများကို အပူမပေးဘူး
အထူးသဖြင့်  ဘုရားတရားနဲ့ ဘဲ နေပြီး ဘဲ တောင်မထားချင်တော့ ဘူး
ပူလောင်လွန်းလို့ လေ
ဒ့ါကြောင့် မောင်လဲ ကြိုက်သလို နေပါ
မပူပါနဲ့ မတွေးပါနဲ့ လွယ်လွယ်လဲမတောင်းပန်နဲ့ 



Tuesday, 28 August 2012

၂၈ ရက် ၈ လပိုင်း ၂၀၁၂

Posted by MG at 22:19 0 comments
အချစ်နဲ့ ပတ်သက်ပြီး ခံစားရသမျှအရာတွေ အားလုံး ကျနော်ခံစားရပါစေ..ကျေနပ်ပါတယ်...
အရာအားလုံးတွေစာ ကျနော့်အပြစ်တွေလို့ ပြောရင်လည်း ကျနော်ခံနိုင်ရည် ရှိပါတယ်..


မောင်

Monday, 20 August 2012

အမှတ်ရနေစေမဲ့

Posted by MG at 19:04 0 comments
နွေးထွေးတဲ့အပြုံး ပန်းတွေနဲ့ 
ဝေဆာပွင့်လန်းနေတဲ့ အချစ်တွေက
အရာရာကို ပြောင်းလဲစေတယ်.......

Saturday, 18 August 2012

19.8.2012

Posted by MG at 22:56 0 comments
လောကမှာ ကိုယ့်ကို စွန့် ခွာသွားပြီလို့ သိရတဲ့ အချိန်ဆိုရင် စွန့် ပစ်ခံရတဲ့ လူတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစားမျိုးရှိနေမယ်ဆိုတာကို ကျနော် ကိုယ်ချင်းစာနိုင်ပါတယ်...မင်းကို ငါ ကိုယ်ချင်းစာပါတယ်လို့ ပြောတဲ့ နေရာမှာလည်း အမျိုးမျိုးပါ..လက်လွတ်စလွယ်ပြောတဲ့အရာနဲ့ ..ကိုယ်က ခံထားဖူးတဲ့ လူဆိုတဲ့ အရာက နှစ်မျိုးရှိမယ်ထင်ပါတယ်.. စွန့် သွားခြင်းကို ခံရတဲ့လူတွေက တော်တော်လေးကို နာကျင်ခံစားရမယ်ဆိုတာကို ကျနော်သိနေတယ်..ကျနော်ဟာ .စွန့် ပစ်ခံဖူးတယ်...တယောက်တည်းဆိုတဲ့ အရာနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် ဘဝမှာ ကြုံတွေ့ ရတဲ့အရာတွေက နာကျင်မှု့ တွေနဲ့ ပြည့်နှက်ခဲ့တယ်.လွမ်းတယ်ဆိုတာကတော့ဗျာ. ချစ်လို့ လွမ်းတာ.ဝေးကွာနေလို့ လွမ်းတာပေါ့နော်.. ဒါပေမဲ့ ကျနော့်အနားမှာ ကျနော်ချစ်တဲ့လူ မရှိတဲ့အခါတော့ ရင်ထဲမှာ ဟာတာတာတော့ ဖြစ်တယ်ဗျာ..တကယ်လည်း အိပ်မရ စားမရတဲ့အထိဆိုရင် မှားမယ်ထင်ပါတယ်.. လွမ်းမိတယ်.ချစ်သူ..

မောင်

Friday, 3 August 2012

၂၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 00:42 0 comments
မောင်ဒီနေ့ ကဗျာရေးဖြစ်တယ်..ချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု့ ကဗျာလေးပါ..အချစ်တွေဝေဖြာပြီး အနှစ်တွေ ကျန်စေခဲ့မဲ့ ရင်ထဲက စာသားတွေမို့ နှလုံးသားထက်မှာ စာတွေလာရေးသည့်အလား ခံစားပေးပါ ချစ်သူ...
                              ဒီနေ့  ချစ်ကို မောင် အရမ်း သတိရနေမိတယ်..
လိုက်ဖက်ညီတဲ့ ကဗျာ၊ လိုက်ဖက်ညီတဲ့ စုံတွဲ၊ ကြည့်ကောင်းတဲ့ စုံတွဲ..ဘယ်လိုပဲဖြစ်ဖြစ် တွေ့ ရာနေရာ ဖြစ်ရာဘဝဝယ် လိုက်ဖက်တဲ့ ချစ်နဲ့ မောင် တူတူထာဝရ နေသွားချင်တယ်..

                                                                                                           မောင်

၂၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 00:05 0 comments
မောင်ဒီနေ့ ကဗျာရေးဖြစ်တယ်..ချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု့ ကဗျာလေးပါ..အချစ်တွေဝေဖြာပြီး အနှစ်တွေ ကျန်စေခဲ့မဲ့ ရင်ထဲက စာသားတွေမို့ နှလုံးသားထက်မှာ စာတွေလာရေးသည့်အလား ခံစားပေးပါ ချစ်သူ...
                              ဒီနေ့  ချစ်ကို မောင် အရမ်း သတိရနေမိတယ်..
လိုက်ဖက်ညီတဲ့ ကဗျာ၊ လိုက်ဖက်ညီတဲ့ စုံတွဲ၊ ကြည့်ကောင်းတဲ့ စုံတွဲ..ဘယ်လိုပဲဖြစ်ဖြစ် တွေ့ ရာနေရာ ဖြစ်ရာဘဝဝယ် လိုက်ဖက်တဲ့ ချစ်နဲ့ မောင် တူတူထာဝရ နေသွားချင်တယ်..

                                                                                                           မောင်

Tuesday, 31 July 2012

၁၉ ရက် ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:36 0 comments
ဒီနေ့ ချစ်နဲ့ မောင် စကားတော်တော်လေး ပြောဖြစ်တယ်နော်.ဒီနေ့ ချစ်ငိုတာကိုမြင်ရတော့ မောင်တကယ်စိတ်မကောင်းပါဘူး.အမြဲတမ်း ပျော်စေချင်တာပါ..ချစ်သူပြုံးနေမဲ့အချိန်လေးတွေက မောင့်အတွက် အမြဲတမ်းလန်းဆန်းမှု့ တွေပါ..ကူးစက်ခြင်းဆိုတဲ့အရာတွေထဲက Virus ထက်ကြောက်စရာကောင်းတာက ချစ်သူတွေရဲ့ ပျော်ရွှင်မှု့ ဝမ်းနည်းမှု့ ပါပဲ..အံ့ဩလောက်အောင်ကို တကယ် ဖြစ်စေပါတယ်...အပြုံးချင်းလည်းယှဉ်နိုင်သလို အငိုချင်လည်းယှဉ်နိုင်ပါတယ်..တသက်လုံး ထာဝရ မြတ်မြတ်နိုးနိုးနဲ့ ချစ်သွားကြဖို့ တိုက်တွန်းချင်တယ်..ကျနော် စာရေးသူ အနေနဲ့ လည်း ချစ်သူကို မြတ်နိုးစွာ ယနေ့ တိုင်ချစ်နေဆဲမို့ နောင်လည်း တသက်လုံး ချစ်နေမှာပါ...

မောင်

၃၁ရက် ၇ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:32 0 comments
စာတွေ မရေးဖြစ်တာ အတော်ကြာသွားပြီ..လာဖတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ လည်း update မဖြစ်တော့ ပျင်းများနေကြမလားပဲ..အလုပ်တွေနည်းနည်းရှိနေတော့ အွန်လိုင်းမသုံးဖြစ်တာလည်းပါတာပေါ့..ဒါပေမဲ့ ဒီလိုမဖြစ်သင့်မှန်း ကျနော် နားလည်ပါတယ်..စာရေးမဲ့အချိန်လေးကတော့ ဘယ်လောက်ပဲ အလုပ်များများ ရှိနေရမယ်လို့ ကျနော်တွေးမိပါတယ်.နားလည်ပါ ချစ်သူ...စာဖတ်ပရိတ်သတ်များနဲ့ အတူ အားလုံးသော သူငယ်ချင်း ညီအစ်ကိုတွေကိုလည်း ချစ်သူနဲ့ ငြားလို့ ချစ်နိုင်ပါစေလို့ ဒီစာလေးနဲ့ အတူ ပထမ နိဒါန်းပျိုးပါရစေ...

မောင်

၁၉ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:31 0 comments
ချစ်နဲ့ မောင် ဒီနေ့ စကားတွေ တော်တော်ပြောဖြစ်တယ်နော်..ဒီနေ့ ချစ်ငိုတာကို မောင်မြင်တော့ မောင်တကယ်စိတ်မကောင်းပါဘူး..နှစ်ကိုယ် တစ်စိတ်လိုပဲ ချစ်ပျော်ရင် မောင်ပျော်ပါတယ်ကွယ်..ကူးစက်ခြင်းဆိုတဲ့ အရာထဲမှာ Virus ထက်ကြောက်စရာကောင်းတဲ့ အချစ်ကို ချစ်ကိုမောင် အရမ်းချစ်ပါတယ်.

၃၁ရက် ၇ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:30 0 comments
စာတွေ မရေးဖြစ်တာ အတော်ကြာသွားပြီ..လာဖတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ လည်း update မဖြစ်တော့ ပျင်းများနေကြမလားပဲ..အလုပ်တွေနည်းနည်းရှိနေတော့ အွန်လိုင်းမသုံးဖြစ်တာလည်းပါတာပေါ့..ဒါပေမဲ့ ဒီလိုမဖြစ်သင့်မှန်း ကျနော် နားလည်ပါတယ်..စာရေးမဲ့အချိန်လေးကတော့ ဘယ်လောက်ပဲ အလုပ်များများ ရှိနေရမယ်လို့ ကျနော်တွေးမိပါတယ်.နားလည်ပါ ချစ်သူ...စာဖတ်ပရိတ်သတ်များနဲ့ အတူ အားလုံးသော သူငယ်ချင်း ညီအစ်ကိုတွေကိုလည်း ချစ်သူနဲ့ ငြားလို့ ချစ်နိုင်ပါစေလို့ ဒီစာလေးနဲ့ အတူ ပထမ နိဒါန်းပျိုးပါရစေ...

မောင်

Monday, 30 July 2012

Heaven

Posted by MG at 01:26 0 comments

Thursday, 28 June 2012

၁၈ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:23 0 comments
လွမ်းရက်တွေကိုလည်း ပိုတိုစေ.. ဝေးရပ်တွေကိုလည်း ကျောခိုင်းစေ ဆိုတဲ့ စကားလေးနဲ့ အညီ
အနားမှာရောက်သွားပြီဆိုတဲ့ စာတမ်းလေးကို ကျနော် ရေးချင်ပါတယ်..ဒါပေမဲ့ ကျနော် ရေးခွင့်မရသေးပါဘူး..
ပရိတ်သတ်ကြီးလည်း ဒီစာကြောင်းလေးကို ရေးဖို့ အခွင့်လေး ဖြစ်အောင် ဆုတောင်းပေးနေကြမယ်ထင်ပါတယ်..ဘာလို့ လဲဆိုတော့ ကျနော်ခံစားချက်များကို စာဖတ်သူ အနေနဲ့လည်း အချိန်တွေပေးပြီး အရူးကြီး ကျနေတာပဲလို့ စိတ်မှာတွေးတဲ့လူ ရှိနေနိုင်သလို  .ကြိုက်သူလည်း ရှိနေမယ်ဆိုတာ ကျနော် ယုံကြည်မိပါတယ်..ယုံကြည်မှု့ တခုရှိပြီဆိုရင် အလုပ်တခုကို လူတိုင်း လုပ်တတ်ကြပါတယ်..
ဒီလိုပါပဲ. ကျနော်ဟာ သစ္စာတရားဆိုတဲ့ အရာလေးကို ကျနော်ယုံမိပါတယ်.
ကျနော် ချစ်တဲ့ ချစ်နဲ့ တွေ့ ရဖို့ ကျနော် ယုံကြည်ပါတယ်..နိုင်ငံတွေခြား ဝေးကွာနေရတဲ့အနေထားလေးကြောင့် မဆုံနိုင်ဘူးလို့ တွေးကောင်း တွေးလို့ ရတယ်ဆိုပေမဲ့ သစ္စာတရားဆိုတာကြီးကို စောင့်ထိန်းကြမယ်ဆိုရင် တွေ့ နိုင်ပါတယ်..
နနှစ်ယောက်လုံးတော့ စောင့်ထိန်းနိုင်ဖို့ တော့ လိုတာပေါ့လေ..တခါတလေတော့လည်း
မလွန်ဆန်နိုင်တဲ့အရာလေးတခု နှစ်ဦးစလုံးမှာ တယောက်က ကြုံလာပြီဆိုရင် ကံကိုတော့ ယိုးမယ်မဖွဲ့ ချင်ပါဘူး..ဒါပေမဲ့ ဆုံနိုင်ပါသေးတယ်..တကယ် အချစ်စစ်မှန်ရင် တကယ်သစ္စာတရား မှန်ကန်ခဲ့ရင် တွေ့ နိုင်ပါတယ်..တွေ့ ဆုံခွင့်ဆိုတာ ကိုယ်က ကြိုးစားနေသရွေ့ ကံ.ဆိုတဲ့ သူငယ်ချင်းကလည်း ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါဘူးလေ...

                                                                                                              မောင်

၁၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:14 0 comments
တခါတခါတော့ စဉ်းစားမိတယ်..တောင်ပံ တစ်စုံသာ ပါခဲ့ရင်ဆိုတဲ့ အတွေးလေးပေါ့နော်.
ပျံသန်းချင် သွားချင် လာချင်တဲ့ စိတ်က အမြဲတစေ လို လို ဖြစ်ပေါ်နေမိတယ်. မောင့်အတွေးထဲမှာ
ချစ်က စိုးမိုးထားတော့ မောင် ဘာလုပ်လုပ် အမြဲအနားမှာရှိနေစေတယ်လေ..ဒါကိုရေးနေလို့ မောင်နလံထူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ တဖြည်းဖြည်းနဲ့ နှာခေါင်းသွေးထွက်မဲ့ ကိန်း ..အချိန်နဲ့ ဖြတ်တောက်ဖို့ တော့ မစဉ်းစားလိုက်ပါနဲ့ ချစ်..
ချစ်တဲ့ သူ တယောက် အနားမှာ ရှိနေတာ ဘဝမှာ ပျော်စရာပါ..ဒီလိုပဲ မောင်လည်းချစ်တော့ အနားမှာ နေပေးချင်တယ်လေ.အပေးယူမျှတ ပါတယ်လေ. ဒီတော့ တတ်နိုင်သလောက် ရနိုင်သလောက် အနားမှာရှိနေခွင့်လေးတော့ မောင့်ကို ပေးပါ.. ချစ်တယ်..ချစ်ရယ်.

                                                                                                     မောင်

၁၆ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:05 0 comments
ချစ်ရဲ့ မျက်လုံးလေးတွေနဲ့ ဆုံတဲ့အခိုက် မောင့်ရင်ထဲမှာ ရထားတစင်း ခုတ်မောင်းသလို မြန်နေတဲ့ ရင်ခုန်သံတွေကို သေမှပဲ ရပ်ချင်တယ်...ဒီရင်ခုန်သံရပ်တဲ့ နေ့ ကိုလည်း ဘဝမှာ မရှိတဲ့ တနေ့ အဖြစ်ကို သတ်မှတ်ချင်တယ်... ကုန်လွန်ခဲ့တဲ့ ရက်တွေကို ဖြတ်သန်းရတာ နာကျင်နေပေမဲ့လည်း တကယ်ချစ်တော့ မမှု့ ပါဘူးကွယ်.. ပိုချစ်လာတာက လွဲရင် ဘယ်အရာကမှ တုန့် ပြန်မလာနိုင်ပါဘူး...

                                                                                                        မောင်

၁၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:02 0 comments
တွေ့ ခွင့်ပေးပါ..တွေ့ ဆုံချင်တဲ့ စိတ်တွေက နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့တာ ယနေ့ ယခုဆိုရင် ၃ နှစ်ကျော်ခဲ့ပြီ. ဝေးကွာခြင်းဆိုတဲ့ အကြောင်းရာလေးတွေကို တနေ့ တနေ့ စဉ်းစားခဲ့တာလည်း ဒီနှစ်တွေနဲ့ အတူပေါ့.. ဖြစ်ချင်တဲ့ ဆန္ဒလေးတခုအပေါ်ကို မှီပြီး ရှင်သန်နေမှု့ နဲ့ အတူ. လုပ်သမျှတွေအရာလည်း ပျော်ရွှင်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..တယောက်တည်းဖြတ်သန်းရတဲ့  အချိန်ကတော့ ဘဝမှာ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းရသလို့ .. ဒီလိုအချိန်တွေကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်လေ..ဒါပေမဲ့..ချစ် အဆင်ပြေနေမယ်ဆိုရင် မောင်ကျေနပ်နေမှာပါကွယ်...

                                                                                     မောင်

Sunday, 24 June 2012

Notes

Posted by MG at 23:16 0 comments
ခွဲမသွားပါနဲ့ ချစ်ရယ်..
တောင်းပန်ပါတယ်...


                                           မောင်

၁၄ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:15 0 comments
ဝေးရက်တွေကို ကျော်လွန်ချင်ပေမဲ့ ဝေးကွာနေရဆဲ ဖြစ်တဲ့ ရက်ကလေးတွေကို ကြုံနေရဆဲမို့ 
ချစ်ရယ်...အနားလေးမှာ မင်းရှိနေရင် ပြီးပြည့်စုံတဲ့ မောင့်ဘဝလေးက မင်းနဲ့ ဘယ်တော့များ ပြန်ဆုံခွင့်ရမလဲကွယ်...မောင့် ချစ်ကို ချစ်တဲ့ အချစ်က အရာရာနဲ့ နှိုင်းရင် အနှိုင်းမဲ့ ပါတယ်လေ..မောင့်လောက် ပြန်မချစ်နိုင်ရင်လည်း ရာခိုင်နှုန်းလျှော့ပြီး ချစ်ပေးပါ ချစ်..
အချစ်ပေးလို့ အချစ်မရတဲ့ သာဓက ရှိကောင်း ရှိပေမဲ့ ဒီသာဓက တွေနဲ့ ဆန့် ကျင့်ဘက်ကို မောင့်ကို ပေးပါနော်
မောင့်အချစ်တွေကို ချစ်ရင်ထဲက သိနေသလို ချစ်ရဲ့ အချစ်တွေကိုလည်း မောင့်နှလုံးသားထဲက သိခွင့်လေးတော့ ပေးနော် ချစ်...

                                                      မောင်.

၁၃ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:11 0 comments
မောင်နဲ့ ချစ်တို့ ရဲ့ အချစ်လေးကို
          ထာဝရ..
အသက် ဆက်ရှင်ခွင့်ပေးပါ ဘုရား..

                မောင်

၁၂ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 23:09 0 comments
နေ့ စဉ်နဲ့ အမျှ မြင်တွေ့ နေရတဲ့ နေ့ ကလေးတွေ ထပ်ပြီး အသက်ဆက်ရှင်ပါစေ.
လွမ်းရတဲ့ နေ့ ကလေးတွေကို ကျော်လွန်ချင်တဲ့ စိတ်တွေ မပြေပျောက်ပါစေနဲ့ ..
ချစ်ရက်တွေ ဝေဖြာတဲ့ မနက်ခင်းကစပြီး တနေ့ တာကို အချစ်တွေနဲ့ လန်းစေ..
မတွေ့ ရတဲ့ ရက်တွေမှာ ရန်ဖြစ်ချင်တဲ့ စိတ်တွေ ပိုများပါစေ.
အလွမ်းတွေနဲ့ အဆုံးမသတ်ပါရစေနဲ့ .
အမုန်းတွေကို ကျောခိုင်းပါရစေ...
တူတူနေရတဲ့ တသက်တာကိုပဲ မျှော်လင့်ပါရစေ...

                                                                              မောင်

Saturday, 23 June 2012

၂၃ ရက် ၆ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 05:12 0 comments

Wednesday, 20 June 2012

A1 Like a Rose

Posted by MG at 08:10 0 comments

Sunday, 17 June 2012

၁၁ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 04:07 0 comments
မြန်မြန်တွေ့ ရပါစေလို့ ဘုရားမှာ နေ့ တိုင်း ဆုတောင်းလျှက်ပါ ချစ်..
ဆန္ဒနဲ့ တထပ်တည်းဖြစ်တဲ့ နေ့ ကလေးကို ပိုင်ဆိုင်စေလို ပါတယ်.
ဖြစ်ချင်တဲ့ အရာလေးတွေကို စောင့်စားရတာကလည်း တကယ်ရင်ခုန်စရာ ကောင်းပါတယ်..
တကယ်ဖြစ်လာရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်...
လူတိုင်းကတော့ ရင်ခုန်စွာ စောင့်စားရတာကို ကြိုက်ကြတယ်..
လူတိုင်းရဲ့ ရင်ထဲက စကားသံတွေကလည်း တကယ်ကို ထူးခြား ဆန်းကြယ်လွန်းပါတယ်.

                                                                                              မောင်..

၁၀ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 04:01 0 comments
မောင်အသက်ရှုရင်တောင် ချစ်ရဲ့ အချစ်တွေနဲ့ မောင်အသက်ဆက်ပြီး ရှင်ပါရစေ...
ဘယ်လိုပဲ ဖြစ်ဖြစ် မောင်ကျေနပ်ပါတယ် ချစ်ရယ်..
ချစ်ခဲ့ဖူးပြီမို့ ပေးတဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းပြင်း တန်ဖိုးထားမှာပါ..

                                              မောင်..

၉ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 03:53 0 comments
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့..ဆန်းသစ်မှု့ အချစ်တွေကို မောင်မလိုချင်ဘူး..ချစ်လည်း တူတူပဲလို့ ပြောဖူးတယ်နော် ချစ်...ချစ်ခဲ့ပြီးမှတော့ ဝေးသွားမှာကို မောင်မလိုချင်ပါဘူး..
တသက်လုံးအတွက် ချစ်ခဲ့တာမို့ ဝေးတယ်ဆိုတဲ့ စကားက ရန်သူလို့ ပြောရင်မမှားပါဘူး...

                                                                     မောင်..

၈ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 03:50 0 comments
ဒီလိုနေမျိုးတွေကြားက ရုန်းမထွက်နိုင်သလို  ဒီလိုရက်တွေကြားမှာလည်း အမြဲပျော်မွေ့ နေခဲ့တာပါ..
ရုန်းမထွက်ချင်ခဲ့ဘူး..

                                                                  မောင်..

Saturday, 16 June 2012

Notes

Posted by MG at 23:02 0 comments
ကျန်းမာရေးကို အထူး ဂရုစိုက်ပါ ချစ်..

                                ချစ် ကျန်းမာနေရင် ဘယ်အရာကို မဆို ချစ်လုပ်နိုင်ပါတယ်.

ရယ်ရွယ်တဲ့ ပန်းတိုင်ကိုလည်း တနေ့ ရောက်မှာ မုချမလွဲပါဘူး.......

                                         ကျန်းမာပါစေ...ချစ်..

                                                                                                   မောင်.....

၇ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 23:00 0 comments
တဆတ်ဆတ်နာ နှလုံးသားကြားက ပေါက်ကွဲသံစဉ်တွေက ငါ့ကို ထိန်းချုပ်ဖို့ ခက်စေတဲ့ နေ့ တွေကြားမှာ
ရှင်သန်လျှက် ရက်ကလေးတွေကို ကုန်စေတယ်..

ရှင်သန်းမှု့ တိုင်းမှာ ခံစားချက်ရှိတယ်..လူတွေဟာ တနေ့ နဲ့ တနေ့ ဖြတ်သန်းရတဲ့ နေ့ တွေကြားမှာ ငိုမယ် ရယ်မယ်. ဝမ်းနည်းမယ်..မျက်ရည်ကျမယ် အစရှိတဲ့ ရသ ပေါင်း မြောက်များစွာနဲ့ ဖြတ်သန်းကြရတယ်..
မောင်ကိုယ်တိုင်းလည်း တနေ့ တာကို ဖြတ်သန်းတဲ့အခါ ချစ်မရှိတဲ့ ရက်တွေကတော့ ရင်ထဲမှာ ဟာတာတာနဲ့ 
တခုခုကို လိုအပ်နေတယ်..လွမ်းရက်တွေ လွန်ပြီး ချစ်ရက်တွေနဲ့ အနားမှာ အမြဲရှင်သန်းနိုင်ပါစေကွယ်...
မောင်ဆုတောင်းပါတယ်...

                                                                                                                မောင်

၆ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:54 0 comments
တွေ့ နေရတဲ့ ရက်ကလေးတွေ ဆုံးရုံးသွားမှာကို မောင်ကြောက်နေမိတယ်...
အလွမ်းရယ်..လွမ်းချင်သလောက် လွမ်းခွင့်ငါ့ကို ပေးပါ.
ငါတောင်းဆိုချင်တာက ဝေးသွားအောင် မလုပ်ပစ်လိုက်စမ်းပါနဲ့ ...

ငါ့မှာ အပြစ်ရှိရင်တောင်မှ လွမ်းရ ဆွေးရ တမ်းတခြင်းဆိုတဲ့ အရာတွေကို ထပ်တိုးပြီး ငါ့ကို ခံစားခွင့်ပေးပါ.
ငါကျေနပ်စွာ ခံယူပါ့မယ်..အဝေးသို့ ထာဝရ လွမ်းရတဲ့ အဖြစ်ကလေးကိုတော့ မင်းလေး မဖန်တီးပါနဲ့ လို့ 
ငါ တောင်းပန်ပါရစေ..

                                                                                                မောင်

၅ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:47 0 comments
ခံစားမှု့ သက်သက်သာဆို ချစ်ကိုမောင် မချစ်ပါဘူး..တသက်လုံးအတွက် ရည်ရွယ်ထားခဲ့တာမို့ 
ချစ်ကိုမောင် နင့်နေအောင် ချစ်ပြီး ပုံအောပြီးလည်း ယုံခဲ့တာပါ
နင့်နေအောင် ချစ်ပြီးပုံအောင်ပြီး ယုံတယ်ဆိုတာက. ချစ်ကိုမောင် သံသယဆိုတဲ့ အရာနဲ့ ဝေးအောင် အမြဲတမ်း ဖြည့်ပြီး ကြည့်ဖြစ်တယ်..သံသယကတော့ မထားဖြစ်တာ ကောင်းပါတယ်.မကောင်းတဲ့လူက မကောင်းတဲ့လူနဲ့ ပဲ အကျိုးပေးတတ်စမြဲပါ..အသွင်တူမှ အိမ်တူဖြစ်တယ်ဆိုတဲ့စကားကလည်း မှန်ကန်တဲ့ စကားတခွန်းရယ်မို့ သံသယ ဘေးကင်းလို့ ထာဝရ ချစ်နိုင်ပါစေလို့ လည်း အမြဲဆုတောင်းမိတယ်..

                                                                                                                   မောင်...

၎ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:44 0 comments
DON'T LEAVE ME ALONE.

UR'S MG.

၃ ရက်နေ့ ၁ လပိုင်း ၂၀၁၂

Posted by MG at 22:40 0 comments
ချစ်..
လမ်းခရီးတခုမှာ တွေ့ ခဲ့တဲ့ မောင့်ကို မေ့သွားခဲ့ရင်တောင် မောင်နဲ့ တွေ့ ခဲ့တဲ့ အွန်လိုင်းလေးကတော့ အမြဲတမ်း
အသက်ရှင်လျှက် ရှိနေမှာပါ
ယုံကြည်လို့ မရဘူးဆိုတဲ့ ဒီနေရာ အွန်လိုင်းလေးကနေ ချစ်ကြတယ်ဆိုပေမဲ့ 
ချစ်ကိုမောင် အရမ်းချစ်မိသွားတယ်..မတွေ့ ရရင် မနေနိုင်အောင်ကို ဖြစ်တယ်..
သေမယ်ဆိုရင်တောင် သေလို့ ရမှန်း မောင့်ကို မောင်သိတယ်.
ခံစားတတ်သူချင်းပဲ ..နားလည်မှာပါ....

ချစ်နဲ့ မောင် ထပ်မလွဲချင်ပါဘူးကွယ်...
လွဲခြင်းတွေနဲ့ စခဲ့တဲ့ ချစ်ခြင်းဟာ ဆုံခြင်း နဲ့ ဆုံးတဲ့ အရာလေးနဲ့ ပဲ အဆုံးသတ်ချင်တယ်..
အရာရာဟာ မမျှတဘူးဆိုပေမဲ့  ကံကောင်းခြင်းဆိုတာလေးကိုတော့ တကြိမ် တခါ ကြုံဖူးချင်တယ်...
ကံကောင်းခြင်းဆိုတာကိုတော့ လူတိုင်း ဘဝမှာ ကြုံဖူးတတ်ကြစမြဲပါ..
ဒါပေမဲ့ ကျနော့်အတွက်ကတော့ ကံကောင်းခြင်းဆိုတာ ရှိခဲ့တာမှန်ပါတယ်..ကြီးမားတဲ့ ကံကောင်းခြင်းဆိုတာကို ကျနော် သိတဲ့အချိန်မှာ ကျနော် ဒီကံကောင်းခြင်းနဲ့ မလွဲချင်ပါဘူး..ချစ်သူနဲ့ ဒီနေရာလေးမှာ ချစ်နေရတာ တကယ်ရင်မောတယ်ဆိုပေမဲ့
သစ္စာတရားရှိတော့ မောင်ခံသာပါသေးတယ်..ချစ်သူနဲ့ တွေ့ ချင်တဲ့ စိတ် လွမ်းရ ဆွေးရတဲ့ (မီးလို့ ပြော) အခြေနေလေးတွေကနေ ကင်းကွာဖို့  မောင်နဲ့ ချစ်တွေ့ ကြရင် ဘယ်လောက်များ ကောင်းလဲ မလဲကွယ်..
နေ့ စဉ် ရက်ဆက် ဘုရားကတော့ အသိဆုံးပါ...

မောင်

Friday, 15 June 2012

၂ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 23:42 0 comments
အရမ်းချစ်ပေမဲ့ နားလည်မှု့ ရှိမှတဲ့ .
မောင်နဲ့ ချစ်တို့ ရဲ့ ချစ်ခြင်းက နားလည်မှု့ နဲ့ ပြည့်နေတဲ့ ချစ်ခြင်းပါ.ဖြူစင်တဲ့ ရင်ထဲကချစ်ခြင်းတခုပါ.
နှစ်တွေသာ ကုန်သွားတယ်လေ..ခိုင်မြဲတဲ့ ချစ်ခြင်းတခုကို ပိုင်ဆိုင်ထားရတာ တကယ်လည်း တန်ဖိုးကြီးမားပါတယ်.
ချစ်ကို မောင် အရမ်းချစ်တယ်...တန်ဖိုးကြီးတဲ့ အရာတခုကို လူတိုင်း ဆုံးရှုံးရမှာ ကြောက်တတ်ကြပါတယ်.
မောင်လည်း ချစ်ကို ဆုံးရှုံးရမှာကြောက်တယ်..ဘယ်လိုချစ်ခြင်းမျိုးက တန်ဖိုးရှိတယ်လို့ ဘယ်လိုစာရေးဆရာ
တွေပဲပြောပြော ချစ်ကို မောင် ပိုင်ဆိုင်ချင်တယ်...ပိုင်ဆိုင်မှု့ ကင်းတဲ့ ချစ်ခြင်းနဲ့ လွဲရပါစေလို့ ဒီစာနဲ့ အတူ ဆုတောင်းသလို ဘုရားမှာလည်း ထာဝရ တူတူနေရပါစေလို့ နေ့ စဉ်နဲ့ အမျှ ဆုတောင်းလျှက်ပါ..

မောင်.

Thursday, 14 June 2012

၁ ရက်နေ့ ၁ လပိုင်း ၂၀၁၂ ခုနှစ်

Posted by MG at 22:35 0 comments
လူတွေဟာ ကိုယ့်ကို ကိုယ်တော့ အရမ်းချစ်တတ်ကြတယ်..မောင်တခုတွေးမိတယ်.ချစ်နဲ့ မောင်သာ ဝေးခဲ့ကြရင် ဝေးတဲ့ နေ့ မှာ
 မောင်သေမယ်ဆိုတောင် မောင်ကျေနပ်တယ်..အားလုံးထက်ပိုပြီး ချစ်ကို မောင်ချစ်တော့ ချစ်ရဲ့ စကားတစ်ခွန်းက မောင့်ကို ပြောင်းလဲစေနိုင်တယ်..အတွေးတခုထက်မှာ သံယောဇဉ်ထပ်ကျန်စေမဲ့
ချစ်စကားလေးတွေက မောင့်ရင်ထဲမှာ အမြဲတမ်း နိုးထနေလျှက်ပါ ..

မောင်

၁၄ ရက်နေ့ ၆ လပိုင်း ၂၀၁၂ ခုနှစ် နေ့ 

Posted by MG at 00:54 0 comments
ကျနော် လူဖြစ်လာတာ ဘာကြောင့်လဲ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိသလဲလို့ တွေးမိတယ်.
လူတစ်တယောက်ကို ချစ်မိတာ သဘာဝကျပါတယ်.
ကိုးကွယ်မိသွားတာကတော့ တကယ်ကို ကိုယ့်ကို ကိုယ်မယုံနိုင်အောင်ပါပဲ.
သူငယ်ချင်းတယောက် ပြောဖူးတယ်...
အချစ်ဆိုတာ မီးလိုပူတယ်..သူ့ ဘဝအတွက် အချစ်က ဝေးလေ ကောင်းလေတဲ့
ကျနော် တွေးမိတယ်..ကျနော်ကတော့ဗျာ ဗြောင်းဆန်အောင် သောင်းပြန်တဲ့ အဖြစ်နဲ့ ကြုံရင်တောင်
ချစ်မိတဲ့ သူ ကို ချစ်နေမဲ့လူစားလို့ ကျနော်ကို ကျနော် ထင်တယ်.
ဘယ်လိုဖြစ်ဖြစ် ဖြစ်လာတဲ့အရာကို မဖြစ်ဖြစ် ဖြစ်သလိုလို နားလည်ခွင့်လွတ်ပေးမယ်လို့ လည်း တွေးထားပါတယ်.
ချစ်တဲ့ သူတိုင်း ချစ်ခင်စွာနဲ့ ထာဝရ ပေါင်းစည်းရပါစေသားလို့ ဒီစာသားလေးနဲ့ ကျနော် ဆုတောင်းပါတယ်.
ကျနော်နဲ့ အတူ ဒီဆုလေးကို ပြည့်စေချင်နေတဲ့ လူတွေလည်း အများကြီး ရှိနေမယ်ဆိုတာ ကျနော်သိနေပါတယ်.
ဒါပေမဲ့ ကံကိုပဲ ယိုးမယ်ဖွဲ့ ရမလား..ဘာကို ညွန်းရမလဲဗျာ..ဒီဆုလေးက မပြည့်တာပဲ များနေတယ်ဗျာ..
ကိုယ်အရမ်းချစ်မိတဲ့အခါ သူထွက်သွားတဲ့ နေက ရင်ထဲက နှလုံးသားတွေကို ဆွဲထုတ်သွားတဲ့အလား
နာကျင်ခံစားရတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမယ်ထင်ပါတယ်.
တခါတလေကတော့ ဖြစ်လာမဲ့အရာကို ကြိုတင်သိနေပြီး တဆိတ်ဆိတ်နဲ့ နာကျင်နေတာလေးကလည်း
တကယ်ကို အပ်နဲ့ ထွင်းသလို ဆိုပေမဲ့.ကျေနပ်သူ အဖို့ တော့ ကျေနပ်နေကြတယ်နော်...


အရမ်းချစ်မိသွားတယ်..


မောင်

ကျနော်ဆိုဒ်ကို လာလည်သော သူငယ်ချင်းအားလုံးကို သိစေရန်

Posted by MG at 00:41 0 comments
ကျနော် ချစ်သူပေးသော စာအုပ်လေးပေါ်မှ စာသားလေးတွေကို ကျနော် ဒီနေ့ က စပြီး
ကျနော် ရေးပါပြီခင်ဗျာ..ကျနော်ဟာ စာရေးဆရာ တယောက် မဟုတ်သလို ကဗျာဆရာ တယောက်လည်း
မဟုတ်ပါဘူးဗျာ.စာဖတ်သူများအနေနဲ့ အမှားပါတာများရှိခဲ့ရင် သည်းခံပြီး ဖတ်ပေးပါရန်နှင့် ကျနော်နှလုံးသားနဲ့ ခံစားပြီးရေးတဲ့ ခံစားချက်များအား ဝေဖန်လိုပါကလည်း Chat Box ထဲမှာ အကြံပေးနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ....

အားလုံးကို ကျေးဇူးတင်ပါတယ်...

မောင်

Sunday, 10 June 2012

စစ်ကိုင်းလမ်း

Posted by MG at 07:27 0 comments

Saturday, 9 June 2012

စစ်ကိုင်းလမ်း

Posted by MG at 13:07 0 comments

Saturday, 2 June 2012

HAPPY BIRTHDAY CHIT

Posted by MG at 05:20 0 comments
ချစ်.
၆ လပိုင်း ၂ ရက်နေ့ မှာ ကျရောက်တဲ့ ချစ်မွေးနေ့ လေး ပျော်ပါစေ....

အခုဆို ချစ်ဆီမှာ ၁၂ နာရီထိုးပြီပေါ့ ..ချစ် မွေးနေ့ ရောက်ပြီနော်..
HAPPY BRITHDAY NAW CHIT.
ဒီနေ့ လေးက စပြီး ဖြတ်သန်းရတဲ့ နှစ်တွေတိုင်းမှာ ပျော်ရွှင်မှု့ တွေနဲ့ အောင်မြင်မှု့ ကို ပိုင်ဆိုင်နိုင်ပါစေလို့ 
မောင်ဆုတောင်းပါတယ်....

<3.<3.<3.<3.<3.<3.<3.<3.<3.<3<3.<3.<3<3.<3.<3.<3.<3<3.<3.<3.<3.<3<3.<3.<3.<3.<3<3.<3.<3.<3.<3<3.<3.<3.<3.<3<3.<3.<3.<.<3.<3<3.<3.<3.<3.<3<3.<3.<3.<3.

:) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :) :)


ထာဝရ ချစ်မြတ်နိုးသော
ချစ်ရဲ့ မောင်

Monday, 28 May 2012

မွေးနေ့ မှာ ပျော်ရွှင်ပါစေ ချစ်..

Posted by MG at 18:13 0 comments

Friday, 18 May 2012

ဒီအတိုင်းလေးပဲ ချစ်နေမယ်.

Posted by MG at 18:14 0 comments

ချစ်သူပေးသော စာအုပ်လေး.မှ စာတို လေးများကို မကြာမီ တင်ပေးသွားပါမည်.

Posted by MG at 02:16 0 comments

Saturday, 12 May 2012

မောင့် အတွက် အချစ်ဆိုတာ

Posted by MG at 11:15 0 comments
အချစ်ဆိုတာ
ငါ့အတွက်တော့
ခုတ်မရ ဖြတ်မရတဲ့
ရေလို တသွင်သွင်
အရှိန်နဲ့ စီးဆင်းနေတဲ့
အရာလေးနဲ့ အတူ
အသစ် အသစ်
နှလုံးသားမှာ
တသွင်သွင်
စီးဆင်းအေးမြမှု့ ကို
ပေးလေတော့.
နှလုံးသားထဲမှာ
ချစ် ကသာ
ထာဝရ ခိုနားရာ.

မောင်

မောင့် အတွက် အချစ်ဆိုတာ

Posted by MG at 11:15 0 comments
အချစ်ဆိုတာ
ငါ့အတွက်တော့
ခုတ်မရ ဖြတ်မရတဲ့
ရေလို တသွင်သွင်
အရှိန်နဲ့ စီးဆင်းနေတဲ့
အရာလေးနဲ့ အတူ
အသစ် အသစ်
နှလုံးသားမှာ
တသွင်သွင်
စီးဆင်းအေးမြမှု့ ကို
ပေးလေတော့.
နှလုံးသားထဲမှာ
ချစ် ကသာ
ထာဝရ ခိုနားရာ.

မောင်

Thursday, 10 May 2012

ချစ်သူ့ အနားမှာ.

Posted by MG at 00:47 0 comments

Tuesday, 8 May 2012

ထာဝရအတွက်လား

Posted by MG at 00:29 0 comments

Monday, 7 May 2012

ပျော်နေမှာပါ ချစ်သူ

Posted by MG at 04:25 0 comments
ငါကတော့
ခံစားမှု့ ဆိုတဲ့
အရသာကို
ကြိုက်တယ်..
မင်းပြောတဲ့ စကားတွေက
ငါ့အတွက် ဘယ်လောက်ခက်ထန်ပါစေ
ငါခံနိုင်အောင် မွေးထားတဲ့အားက
ငါ့အတွက် အသက်ရှင်ဖို့ 
 မလုံလောက်လည်း
ဒီခံစားမှု့ လေးနဲ့ အတူ
ငါပျော်နေမှာပါ ချစ်သူ...

မောင်...

Sunday, 6 May 2012

ညတညရဲ့ စကားသံ

Posted by MG at 02:46 0 comments
မပီပြင်တဲ့
ဝိုးတဝါးညတွေမှာ
ကဗျာမဆန်
စာမပီတဲ့
ရေးသားမှု့ နဲ့ 
ညတညရဲ့ အောက်မှာ
နှလုံးသားထဲက
စကားလုံးတွေကို
ဖွင့်ဟနေမိတယ်...

တခါတလေ
ရင်ထဲက ခက်ထန်တဲ့
စကားလုံးတွေက
အပြင်ကို မထွက်ခင်
နှလုံးသား နံရံတွေကို
ထိုးနက်နေလည်း
ပျော်ရွှင်စွာပဲ
ကြိတ်မှိတ်လို့ နေမိတယ်..

မောင်

Friday, 4 May 2012

နားမလည်နိုင်အောင်

Posted by MG at 00:29 0 comments
နှလုံးသားထဲက
အမှတ်မထင်
စကားတခွန်း
လွှတ်ခနဲ့ လွင့်ကျသွားတယ်.
မင်း ကို ငါ အရမ်းချစ်တယ် တဲ့
အမုန်းတရားတွေကို
 ကျောခိုင်းပြီး
အချစ်တွေနဲ့ သာ
 လွှမ်းမိုးရမယ်ဆိုတဲ့
စိတ်ဆန္ဒရှိနေတဲ့
ငါ့ရဲ့ စိတ်ဆန္ဒကို
ငါ မုန်းဖို့ ကြိုးစားပေမဲ့
တဆင့်တက် ချစ်လို့ ပဲ
နေခဲ့တယ်...

မောင်.

Tuesday, 1 May 2012

ပျော်စရာတွေး

Posted by MG at 14:37 0 comments

မနေ့ ကနဲ့ မတူတဲ့ အချစ်

Posted by MG at 08:59 0 comments

Sunday, 29 April 2012

မင်းမရှိတဲ့ နေ့ 

Posted by MG at 07:12 0 comments
အထီးကျန်နေတဲ့
ငါ့နှလုံးသား
ခြောက်သွေ့ လွန်းတဲ့
နွေရာသီမှာ
တေးသီဖွဲ့ တဲ့
ဥဩငှက်ငယ်အလား
လွမ်းတေးတွေဆို
ဆွေးမြေ့ သံစိုင်နဲ့ 
မျှော်လင့်ရသူကို
စောင့်စားလျှက်
ဖွဲ့ သီရင်းတေး
တေးဖွဲ့ ရင်းဆို...

မောင်

Sunday, 22 April 2012

အချစ်လို့ ခေါ်သလား.

Posted by MG at 17:10 0 comments

အချစ်လို့ ခေါ်သလား.

Posted by MG at 13:28 0 comments

Friday, 20 April 2012

နှလုံးသားထဲက မ

Posted by MG at 11:15 0 comments

Tuesday, 17 April 2012

17.4.2012 နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ

Posted by MG at 18:06 0 comments

Friday, 6 April 2012

ချစ်နဲ့ မောင်မှ သင်္ကြန်အတွက် ဆုတောင်း

Posted by MG at 17:30 0 comments

သကြန်ဆုတောင်း

Posted by MG at 17:25 0 comments

6.4.2012

Posted by MG at 14:43 0 comments

Thursday, 5 April 2012

5.4.2012

Posted by MG at 13:12 0 comments

Sunday, 1 April 2012

ပျော်တယ်...စိတ်ပူတယ်

Posted by MG at 22:24 0 comments

Tuesday, 20 March 2012

အမုန်းကင်းတဲ့ ချစ်သူ

Posted by MG at 16:56 0 comments
ငါ သဘောမကျဆုံး
အရာတခုက
မင်းရဲ့ ကလဲ့စား
ချေရမှ ကျေနပ်တယ်ဆိုတဲ့
မင်းရဲ့ စိတ်ပဲ..

ငါသဘောအကျဆုံး
အရာတခုကတော့
မင်းကိုငါ အရမ်းချစ်မိနေတယ်ဆိုတာပဲ
မင်းကို မုန်းမဲ့ အမုန်းတရားဟာ
ငါ့ရင်ထဲမှာ သေဆုံးသွားပြီ.
မင်းဘာလုပ်လုပ် ငါမမုန်းဘူး
အခုလည်းမမုန်းသလို
နောင်လည်း မုန်းမှာမဟုတ်ဘူး
မုန်းဖြစ်ခဲ့မယ်ဆိုရင် 
ငါ့ကိုငါပဲ မုန်းဖြစ်လိမ့်မယ်...

ချစ်သူ..
မင်းဟာ အမုန်းမရှိတဲ့
ရင်ခွင်ထဲက ကြည်လင်တဲ့
ရေကြည်လို
အမြဲတမ်း အေးချမ်းမှု့ တွေနဲ့ 
အေးမြစေတယ်...

မောင်

Sunday, 18 March 2012

မခွဲနိုင်တော့ဘူး မင်းလေးအနားမှာ.

Posted by MG at 11:46 0 comments

နှစ်နားညီ

Posted by MG at 10:53 0 comments

Thursday, 15 March 2012

အချစ်လို့ ခေါ်သလား

Posted by MG at 10:01 0 comments

Wednesday, 14 March 2012

ချစ်သူမောင်

Posted by MG at 09:07 0 comments

ချစ်သူမောင်

Posted by MG at 02:39 0 comments

ချစ်သူ မောင်

Posted by MG at 02:17 0 comments

Monday, 12 March 2012

စိုးရိမ်မိ

Posted by MG at 12:31 0 comments
စိုးရိမ်စိတ်တွေနဲ့ 
လန့် နိုး အိပ်မပျော်ခဲ့တဲ့
ရက်တွေက ပဲ့တင်ထပ်သလို
နှလုံးသားထဲမှာ
တွယ်ငြိနေတာ
နှလုံးသား နှစ်ကိုယ်ကြား
သိမှာပါကွယ်....

အနားလေးကိုတိုးပြီး
အကြင်နာတွေပေးကာ
ပွေ့ ဖက်ထားချင်ရဲ့ 
ချစ်..ရယ်.
အနမ်းလေးတွေနဲ့ 
ရူးခဲ့ရတဲ့ နေ့ တွေကလည်း
ကြာလို့ ပေါ့..
ဝေးကွာနေရတဲ့ 
မောင်တို့ နှစ်ယောက်ကြား
အကြင်နာစကား
သံယောဇဉ် တွယ်ငြိလို့ 
ချစ်နေကြပေမဲ့ .
မတင်းတိမ်နိုင်ဘူးကွယ်.
အနားကို ရောက်ရန်
မြှားလှည်းတင်သလို
အားမာန်တင်းလျှက်..

မောင်

အားမွေးထား

Posted by MG at 12:24 0 comments
မောင်တို့ နှစ်ယောက်ကြား
ဘယ်လို ခက်ခဲစိတ်ညစ်မှု့ 
အချေတင်စကားတွေ
တွန်းလှန်ပါစေ.
ချစ်တဲ့ အချစ်က
ခိုင်မြဲတဲ့ အရာလေး ဖြစ်နေပြီ
တွန်းလှန်နိုင်ရမှာပေါ့
ဟုတ်တယ်နော် ချစ်.

ရင်ထဲက ချစ်ဆိုတာ
ရင်ဘတ်ရဲ့ အပြင်မှာ
ကိန်းဝပ်နေတာမဟုတ်ပါဘူး
အသည်းနှလုံးထဲမှာ
ပြန်နှုတ်မရတဲ့
ဆူးအလား ရှိနေတာပါကွယ်.

မောင်

Thursday, 8 March 2012

လမ်းသစ်တခု..

Posted by MG at 04:08 0 comments
ချစ်
တသက်လုံးမှာ
မမေ့နိုင်တဲ့ 
နေ့ ရက်တခုက
ဒီရက်လေးပါ.
ဒီရက်လေးက
ချစ်အနားကို
နီးသထက်နီးအောင်
လှမ်းလာတဲ့ 
ခြေတလှမ်းက
လမ်းသစ်ထွင်လို့ 
ဒီနေ့ မှာ ဆိုက်မြိုက်စွာ
ရောက်လာခဲ့တယ်..

ပျော်ရွှင်မှု့ အပြည့်
ပီတိတွေနဲ့ ဒီရက်က
နောက်နေ့ ကို
ကူးတဲ့အချိန်ထိတောင်
မောင်နဲ့ ချစ် တူတူဖြစ်သန်းခဲ့တယ်နော်..

ချစ်ဘဝရဲ့ လိုအင်က
မောင်ဆိုတာကို
သိနေသလို
မောင့်ဘဝရဲ့ လိုအင်က
ချစ်ဆိုတာကို  ချစ်သိနေလိမ့်မယ်.
ချစ်ခြင်း အသိချင်းတွေ
သွယ်ဆက်လို့ 
တချိန်မှာ ပျော်စရာကောင်းတဲ့
အိမ်လေးတစ်အိမ်
မတည်ဆောက်နိုင်ပေဘူးလား...

မောင်

Friday, 2 March 2012

မောင့်အနားက ချစ်စကားသံ

Posted by MG at 15:22 0 comments
ဝေခွဲမရတဲ့
 နေ့ ရက်တွေကြားမှာ
ကြိုတင်မှန်းဆမှု့ ဆိုတာ
ရှိနေပါလျှက်နဲ့ .
ကြိုတင်မှန်းမဆနိုင်တာ
မောင်ညံ့လို့ လား...

ချစ် အသံကို
နားထဲစွဲလို့ 
ပဲ့တင်ထပ်သံတွေနဲ့ 
နိုးထခဲ့ရတဲ့
ညတွေကြားထဲ
ကယောင်ကတန်း
လွမ်းနေခဲ့ရတဲ့ 
အချိန်တွေကလည်း
 ကြာညောင်းခဲ့ပေါ့.

အရမ်းချစ်တယ်လို့ ..
ဖွင့်ဟကာ ပြောလိုက်တဲ့
ချစ်စကားလုံးလေးတွေက
ရင်ထဲ အသည်းနင့်အောင်
တုန်ခါစေတဲ့
စွမ်းအားတွေ
ပြင်းထန်တဲ့အလား
အင်အားကြီးလေရဲ့ ..

မောင်

အကောင်းတရား ဘက်သို့ 

Posted by MG at 11:12 0 comments
အကြောင်းတရားကို
အကောင်းဘက်သို့ လှည့်ပြီး
ရှေ့ ဆက်ဖို့ အားအင်တွေနဲ့ 
အချစ်သစ်တွေ မွေးဖွားကာ
ထပ်ဆင့်လို့ 
မြဲမြံတဲ့ ခရီးလမ်းကို
အတူတူလျှောက်လှမ်းဖို့ 
နှလုံးအိမ်မှာ
ကျောက်စာထွင်းကာ
နူးညံ့တဲ့ နွေးထွေးမှု့ တွေကို
ဝေမျှခံစားကာ
ထာဝရ အဖော်ပြုကြမယ်...

မောင်

Tuesday, 21 February 2012

တေးသွားရဲ့ အလှဘဝ

Posted by MG at 19:59 0 comments
မနက်အလင်းမှာ
ငါကြည့်လိုက်တယ်.
ပြတင်းပေါက်နားက
ငှက်ကလေး တစ်ကောင်
တေးတွေ ကြူးရင့်သီဆိုကာ
အဖော်ကို လွမ်းနေရှာတဲ့
မြင်ကွင်းက.
ငါ့ရင်ကို မီးမောင်းထိုးသလို....

ဘဝဆိုတဲ့ ဘ နဲ့ ဝ က
အချစ်ဆိုတဲ့ အ နဲ ချစ် ကို
Difference ဆိုတဲ့ ကွဲပြား ခြားနားချက်တွေနဲ့ .
ပေါင်းစည်းမရပေမဲ့ လည်း.
အချစ်ဆိုတဲ့ အရာလေးနဲ့
စတည်ဆောက်တဲ့ .ဘဝတခုဖြစ်ဖို့
ငါ့ ရင်ထဲမှာ.ကိန်းဝပ်နေတယ်.

မောင်

ပျော်စေ..ငိုစေ..

Posted by MG at 18:18 0 comments
ခံစားရတဲ့ နေ့ ရက်တွေကို
ငါမုန်းတယ်...
တဆိတ်ဆိတ်နဲ့ နာတဲ့ 
ငါ့နှလုံးသားတွေကလည်း
နောင်အခါ ခံနိုင်ရည်ဆိုတဲ့
အားအင်တွေများ ရှိပ့ါမလား..

အရမ်းချစ်တော့.
စကားတခွန်းကို
ဘာနဲ့ မှ ကို တိုင်းတာစကောင်း
မရဘူးဖြစ်နေတယ်.
ပျော်စေဆို ပျော်ပြီး
ငိုစေဆို ငိုရမဲ့ 
စကားတခွန်းရဲ့ 
ရိုက်ခတ်သံက
ရင်ထဲ အသည်းနှလုံးထဲထိ
ရှုသွင်းလိုက်တဲ့ 
လေပြေအလား....

မောင်

Sunday, 19 February 2012

သတိရမှု့ တွေက

Posted by MG at 10:32 0 comments
နာရီ စက္ကန့် တွေ
ခြားနေတာနဲ့ အမျှ
သတိရမှု့ တွေကလည်း
စက္ကန့် နာရီမခြား
ထပ်ဆင့်လို့ ....

ပန်းတပွင့်လို့ 
ချစ်ရဲ့ အပြုံးပွင့်က
မြင်သူ မောင့်ရင်ထဲမှာ
စွဲထင်းရစ်နှောင်နေသလို
စိတ်အစဉ် နှလုံးသားမှာစွဲမြဲလို
နေ့ စဉ်အမျှ မြင်နေချင်ရဲ့ ...

အချိန်နဲ့ တိုင်းတာရင်လည်း
မပြောင်းလဲတဲ့
သံယောဇဉ်နဲ့ 
ရင်ထဲကလာတဲ့
အချစ်က
တူတူလျှောက်ရမယ်ဆိုတဲ့
ထာဝရ ပန်းတိုင်ကြီးကို
မျှော်မှန်းလျှက်...

မောင်

Tuesday, 14 February 2012

VALENTINES DAY အမှတ်တရ...

Posted by MG at 16:40 0 comments
ကမ်းလက်ကိုတွဲလို့ ..
ချစ်စကားလေးတွေ သီကာ
အနမ်းလေးတွေနဲ့ 
" Valentines Day " မှာ
ပျော်ရွှင်စွာ..
ဖြတ်သန်းကြမယ်..

တနှစ်မှာ တခါ
ကျရောက်တဲ့
ချစ်သူများနေ့ ရဲ့ 
ရင်ခုန်သံ အနမ်းလေးတွေနဲ့ 
ချစ် ပေးတဲ့ လက်ဆောင်က
ဘဝမှာ မေ့မရတဲ့ 
အရာတခုအဖြစ်
ထန်ကျန်နေမှာပါ..

ရင်ခုန်သံတွေနီးလို့ 
အနေတွေလည်း နီးသာသလို
ခံစားရတဲ့ ဒီအချိန်လေးတွေက
ရင်ခုန်သံကို ပိုမြန်ပြီး
အချစ်တွေကို တိုးစေတယ်..

မောင်

Monday, 30 January 2012

We Found Love

Posted by MG at 22:25 0 comments

We Found Love

Posted by MG at 08:59 0 comments

27.01.2012

Posted by MG at 08:58 0 comments

Thursday, 26 January 2012

အချစ်လျှော့မှာစိုး

Posted by MG at 21:53 0 comments

Wednesday, 25 January 2012

24.1.2012 ချစ်မှ အမှတ်တရ.

Posted by MG at 15:41 0 comments
L  ကစပြီး
O   က အလယ်
V  လေးနောက်က
E  ထည့် ဖတ်တော့ 
ထွက်တဲ့ အဓိပါယ် သိပ်ချစ်တယ်

မောင့် အတွက် အမောပြေ

Friday, 20 January 2012

လွမ်းနေရုံ...

Posted by MG at 09:03 0 comments

Thursday, 19 January 2012

တွေးတယ်.

Posted by MG at 12:46 0 comments
ကြိုတင်မတွေးတာ
စိတ်ညစ်မှု့ တွေ
ကင်းဝေးပြီး
ကောင်းတယ်ဆိုပေမဲ့
မတွေးလို့ မရတဲ့
အချိန် အခါဆိုတဲ့
အရာက ရှိပြန်လေတော့
တွေးရပြန်တယ်...

ဝေးရမယ်ဆိုတဲ့
စိတ်တခုနဲ့ 
သူပြောလာတဲ့
နေ့ ကလေး
တနေ့ ကလည်း
အားအင်မရှိတဲ့
တနေ့ တာကို
ဖြတ်သန်းနေရသလို ..

မောင်

Wednesday, 18 January 2012

Posted by MG at 08:36 0 comments
လှိုင်းလုံးတွေ
ဘယ်လောက်ကြီးကြီး
ချစ်ရဲ့ စကားလုံးနဲ့ 
ကျော်ဖြတ်ရဲတယ်.
လှိုင်းဒဏ်တွေ
ဘယ်လောက် ကြမ်းကြမ်း

Monday, 9 January 2012

မတွေ့ ရတဲ့ရက်က

Posted by MG at 10:33 0 comments
မတွေ့ ရတဲ့ ရက်တွေက
ကြာလာတော့
ရင်ထဲမှာ
ရန်ဖြစ်ချင်လာတယ်.

အသံတွေကို မကြားရတာ
ကြာလာတော့
လျှပ်တပြတ်
ကြားလိုက်တဲ့အချိန်မှာ
မကျေနပ်နိုင်တဲ့
စိတ်က ဖြစ်ဖြစ်လာတယ်.

ချစ်စရာကောင်းတဲ့
ချစ်အပြုံးနဲ့ 
အနမ်းပေးခဲ့တဲ့
ချစ်နှုတ်ခမ်းလေးကို
မမြင်ရတော့
မောင့်ရင်ထဲ
ဆိုနင့်လာတယ်.

မောင်.

Friday, 6 January 2012

Posted by MG at 19:30 0 comments
ပြန်ဆုံမဲ့ နေ့ ကလေးတွေကို

Wednesday, 4 January 2012

IN YOUR EYES

Posted by MG at 11:50 0 comments
တွေ့ လိုက်တယ်
ချစ်မျက်လုံးထဲ
သက်ဝင်လှုပ်ရှားမှု့ တခု
ချစ်ဆိုတဲ့ 
သက်တန့် ရောင်စဉ်တွေနဲ့ 
ဖြာထွက်နေတဲ့
ရောင်စဉ်တွေကြား
မောင်ဆိုတဲ့ အလင်းတန်း
ကြည်လေးတပွင့်နဲ့ 
အလင်းပေါင်းစပ်မှု့ တို့ 
တသက်တာဆိုတဲ့
စင်္ကြာဝဠာထဲမှာ
အေးချမ်းစွာနဲ့ 
လျှောက်လှမ်းလျှက်.


မောင်

Sunday, 1 January 2012

ကာရံမညီသော ကဗျာ

Posted by MG at 17:01 0 comments

MY HAPPY BIRTHDAY CAKE

Posted by MG at 00:42 0 comments

CHIT COOKS FOR MG BIRTHDAY

Posted by MG at 00:19 0 comments

CHIT COOKS FOR MG BIRTHDAY

Posted by MG at 00:16 0 comments





 

Mg+Chit Copyright © 2011 Design by Ipietoon Blogger Template | web hosting